” schoolgirl ” လို့ လှောင်ပြောင်ခံနေရတဲ့ ကလိုက်ဗက်လီဝင်ရဲ့ ဖက်ရှင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒဏ်ရာကြောင့် ဘောလုံးကစားတာကနေ အနားယူနေခဲ့ရတဲ့ ကလိုက်ဗက်လီဝင် ဟာ

ဖက်ရှင်မော်ဒယ်အဖြစ် နောက်ထပ်အသက်မွေးဝမ်းကျောင်း တစ်ခုကို စတင်ခြေလှမ်းနေပါပြီ။

အဲ့ဒါကတော့ ဖက်ရှင်မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး

ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ဖက်ရှင်မဂ္ဂဇင်းမျက်နှာဖုံးပုံတွေကို ဆိုရှယ်မီဒီယာမှာ အင်္ဂါနေ့က တင်ခဲ့ပါတယ်။

သက်တမ်း (၂၄) နှစ်ရှိပြီဖြစ်တဲ့ ဖက်ရှင်မဂ္ဂဇင်း The Homme+ ရဲ့ Issue 56th မှာ ကလိုက်ဗက်လီဝင် ဟာ ဘောလုံးသမားပုံစံ လုံးဝပျောက်ပြီး

တကယ့်ဖက်ရှင်မော်ဒယ်အစစ်တစ်ယောက်လို အထာကျလျက်ရှိပါတယ်။

အင်္ဂလန်ရဲ့ ဖက်ရှင်ရေစီးထဲစီးမျောဖို့ကြိုးစားလာတဲ့ ကလိုက်ဗက်လီဝင်ရဲ့ ဓါတ်ပုံအများစုက

ဖက်ရှင်ဒီဇိုင်းတွေဟာ သူနဲ့အတော့်ကိုလိုက်ဖက်ပါတယ်။

မဂ္ဂဇင်းရဲ့အတွင်းမှာ ပါဝင်လာတဲ့ပုံတွေဟာ အတော့်ကိုအထာကျခဲ့ပေမယ့် အဖြူရောင် polkadot ရှပ်၊ အနက်ရောင်နက်တိုင်၊ blazer ကုတ်၊

ပန်းရောင်လက်ကိုင်အိတ်တစ်လုံ၊ ဘောင်းဘီတို၊ အဖြူရောင်ခြေအိတ်နှင့် တောက်ပြောင်နေတဲ့ အနက်ရောင် ဘောင်းဘီတိုဝတ်ဆင်ထားတဲ့

သူ့ရဲ့ ကာဗာဓါတ်ပုံကိုတော့ ပရိသတ်အချို့ကမနှစ်သက်ကြပါဘူး။

ဒါကြောင့်လည်း  အွန်လိုင်းမှာလည်း သူ့ဝတ်ထားတဲ့ ဖက်ရှင်ဝတ်စုံကို “ကျောင်းသူ ဝတ်စုံ “ဆိုပြီး လှောင်ပြောင်နေကြပါတယ်။

အဲ့သည့် ဝတ်စုံတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးခဲ့သူကတော့ ဟယ်ရီလမ်ဘတ် ဖြစ်ပြီး Prada က ချုပ်ပေးခဲ့တာပါ။

အသက်၂၄ နှစ်အရွယ် အင်္ဂလန်နဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူးဟာ သြဂုတ်လ ၂၈ ရက်နေ့က ဘရိုက်တန်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း

ခြေချောင်းကျိုးဒဏ်ရာကြောင့် ရာသီအစပွဲစဉ်အကုန်လုံးကို လွဲချော်ခဲ့ရပါတယ်။

ဒဏ်ရာမရခင်က ကလိုက်ဗက်လီဝင် ဟာ ဒီရာသီ အဖွင့်ပွဲစဉ် ၃ ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီကလည်း ပြိုင်ပွဲစုံ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး

အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အောက်တိုဘာလအစောပိုင်းမှာ ပြန်လည်ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာက မသက်သာသေးပဲ ခြေချောင်းတွေက နာကျင်နေစဲဖြစ်နေသေးတာကြောင့်

နောက်ထပ်ကာလအတန်ကြာ နားနေရဦးမှာဖြစ်တယ်လို့ နည်းပြဘင်နီတက်ဇ်က အတည်ပြုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

” schoolgirl ” လို့ ေလွာင္ေျပာင္ခံေနရတဲ့ ကလိုက္ဗက္လီဝင္ရဲ့ ဖက္ရွင္

ဒဏ္ရာေၾကာင့္ ေဘာလုံးကစားတာကေန အနားယူေနခဲ့ရတဲ့ ကလိုက္ဗက္လီဝင္ ဟာ ဖက္ရွင္ေမာ္ဒယ္အျဖစ္ ေနာက္ထပ္အသက္ေမြးဝမ္းေက်ာင္း တစ္ခုကို စတင္ေျခလွမ္းေနပါၿပီ။

အဲ့ဒါကေတာ့ ဖက္ရွင္ေမာ္ဒယ္အျဖစ္ ဓာတ္ပုံ႐ိုက္ကူးမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့တစ္ပတ္ထဲမွာ ႐ိုက္ကူးခဲ့တဲ့ သူ႔ရဲ႕ဖက္ရွင္မဂၢဇင္းမ်က္ႏွာဖုံးပုံေတြကို ဆိုရွယ္မီဒီယာမွာ အဂၤါေန႔က တင္ခဲ့ပါတယ္။

သက္တမ္း (၂၄) ႏွစ္ရွိၿပီျဖစ္တဲ့ ဖက္ရွင္မဂၢဇင္း The Homme+ ရဲ႕ Issue 56th မွာ ကလိုက္ဗက္လီဝင္ ဟာ ေဘာလုံးသမားပုံစံ လုံးဝေပ်ာက္ၿပီး

တကယ့္ဖက္ရွင္ေမာ္ဒယ္အစစ္တစ္ေယာက္လို အထာက်လ်က္ရွိပါတယ္။

အဂၤလန္ရဲ႕ ဖက္ရွင္ေရစီးထဲစီးေမ်ာဖို႔ႀကိဳးစားလာတဲ့ ကလိုက္ဗက္လီဝင္ရဲ႕ ဓါတ္ပုံအမ်ားစုက ဖက္ရွင္ဒီဇိုင္းေတြဟာ သူနဲ႔အေတာ့္ကိုလိုက္ဖက္ပါတယ္။

မဂၢဇင္းရဲ႕အတြင္းမွာ ပါဝင္လာတဲ့ပုံေတြဟာ အေတာ့္ကိုအထာက်ခဲ့ေပမယ့္ အျဖဴေရာင္ polkadot ရွပ္၊ အနက္ေရာင္နက္တိုင္၊ blazer ကုတ္၊

ပန္းေရာင္လက္ကိုင္အိတ္တစ္လုံ၊ ေဘာင္းဘီတို၊ အျဖဴေရာင္ေျခအိတ္ႏွင့္ ေတာက္ေျပာင္ေနတဲ့ အနက္ေရာင္ ေဘာင္းဘီတိုဝတ္ဆင္ထားတဲ့

သူ႔ရဲ႕ ကာဗာဓါတ္ပုံကိုေတာ့ ပရိသတ္အခ်ိဳ႕ကမႏွစ္သက္ၾကပါဘူး။

ဒါေၾကာင့္လည္း အြန္လိုင္းမွာလည္း သူ႔ဝတ္ထားတဲ့ ဖက္ရွင္ဝတ္စုံကို “ေက်ာင္းသူ ဝတ္စုံ “ဆိုၿပီး ေလွာင္ေျပာင္ေနၾကပါတယ္။

အဲ့သည့္ ဝတ္စုံေတြရဲ႕ ဖက္ရွင္ဒီဇိုင္းေတြကို ဖန္တီးခဲ့သူကေတာ့ ဟယ္ရီလမ္ဘတ္ ျဖစ္ၿပီး Prada က ခ်ဳပ္ေပးခဲ့တာပါ။

အသက္၂၄ ႏွစ္အ႐ြယ္ အဂၤလန္နဲ႔ အဲဗာတန္အသင္းရဲ႕ တိုက္စစ္မႉးဟာ ၾသဂုတ္လ ၂၈ ရက္ေန႔က ဘ႐ိုက္တန္နဲ႔ပြဲမွာ

ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ေျခေခ်ာင္းက်ိဳးဒဏ္ရာေၾကာင့္ ရာသီအစပြဲစဥ္အကုန္လုံးကို လြဲေခ်ာ္ခဲ့ရပါတယ္။

ဒဏ္ရာမရခင္က ကလိုက္ဗက္လီဝင္ ဟာ ဒီရာသီ အဖြင့္ပြဲစဥ္ ၃ ပြဲစလုံးကို ဂိုးသြင္းယူႏိုင္ခဲ့သလို

ၿပီးခဲ့တဲ့ရာသီကလည္း ၿပိဳင္ပြဲစုံ ၂၁ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ေအာက္တိုဘာလအေစာပိုင္းမွာ ျပန္လည္ကစားႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ႔ရဲ႕ဒဏ္ရာက မသက္သာေသးပဲ ေျခေခ်ာင္းေတြက နာက်င္ေနစဲျဖစ္ေနေသးတာေၾကာင့္

ေနာက္ထပ္ကာလအတန္ၾကာ နားေနရဦးမွာျဖစ္တယ္လို႔ နည္းျပဘင္နီတက္ဇ္က အတည္ျပဳခဲ့ပါတယ္။