၂၀၁၉ Ballon d’Or ဆု ရော်နယ်ဒိုရရင် အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိဖြစ်သွားလိမ့်မယ်လို့ အသင်းဖော်ဟောင်း တိုက်ခိုက်

Photo Credit

Photo Credit

ရီးရဲလ်အသင်းခေါင်းဆောင်ဟောင်း ကာဆီးလက်စ်က ယခုနှစ် Ballon d’Or ဆုကို အသင်းဖော်ဟောင်း ရော်နယ်ဒိုသာ ရရှိသွားခဲ့ရင် အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိဖြစ်သွားလိမ့်မယ်လို့ သတိပေးလိုက်ပြီး ယခုနှစ်အကောင်းဆုံးဆုအတွက် သူ့ထက် ပိုမိုထိုက်တန်သူတွေရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

Photo Credit

Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ ယခုနှစ်မှာ ၆ကြိမ်မြောက်ရရှိဖို့ မျှော်လင့်နိုင်တဲ့အနေအထားမှာရှိနေပြီး ယခုနှစ်ဆုအတွက် ဆန်ခါတင် ၃၀ဦးစာရင်းမှာ ပါဝင်နေပါတယ်။

Photo Credit

ဒါပေမဲ့ ရော်နယ်ဒိုဟာ အဲဒီဆုရရှိဖို့အတွက် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ လီဗာပူးနောက်ခံလူ ဗန်ဒိုက်တို့နဲ့အတူ အားပြိုင်နေရပြီး မက်ဆီက ဖီဖာရဲ့အကောင်းဆုံးဆုရရှိထားသလို နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရရှိထားပါတယ်။

Photo Credit

သူတို့နှစ်ယောက်က Ballon d’Or ဆုရဖို့ ပိုမိုရေပန်းစားနေပြီး ကာဆီးလက်စ်ကလည်း အဲဒီအမြင်ကို ထောက်ခံကြောင်း ဆိုပါတယ်။ ကာဆီးလက်စ်က ဂျူဗင်တပ်စ်ကို ရောက်သွားပြီးချိန်ကတည်းက အရင်လိုမစွမ်းဆောင်သေးတဲ့ရော်နယ်ဒိုက မက်ဆီနဲ့ဗန်ဒိုက်တို့ကို ကျော်ဖြတ်ကာ ဆုရဖို့ ဘာအကြောင်းပြချက်မရှိကြောင်း ဆိုပါတယ်။

Photo Credit

”ဗန်ဒိုက်က ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်ပြီး မက်ဆီကလည်း ဖီဖာရဲ့အကောင်းဆုံးပါ။ တကယ်လို့ ခရစ္စတီယာနိုသာ Ballon d’Or ဆုရခဲ့ရင် တစ်ဦးချင်းအကောင်းဆုံးဆုက ဘာမှအဓိပ္ပာယ်မရှိ၊ ယုတ္တမရှိသလိုဖြစ်သွားပါလိမ့်မယ်”လို့ လက်ရှိပေါ်တိုအသင်းသား ကာဆီးလက်စ်က လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

၂၀၁၉ Ballon d’Or ဆု ေရာ္နယ္ဒိုရရင္ အဓိပၸာယ္မရွိ၊ ယုတၱိမရွိျဖစ္သြားလိမ့္မယ္လုိ႔ အသင္းေဖာ္ေဟာင္း တုိက္ခုိက္

ရီးရဲလ္အသင္းေခါင္းေဆာင္ေဟာင္း ကာဆီးလက္စ္က ယခုႏွစ္ Ballon d’Or ဆုကို အသင္းေဖာ္ေဟာင္း ေရာ္နယ္ဒိုသာ ရရွိသြားခဲ့ရင္ အဓိပၸာယ္မရွိ၊ ယုတၱိမရွိျဖစ္သြားလိမ့္မယ္လုိ႔ သတိေပးလုိက္ၿပီး ယခုႏွစ္အေကာင္းဆုံးဆုအတြက္ သူ႕ထက္ ပိုမိုထိုက္တန္သူေတြရွိေနေၾကာင္း ေျပာၾကားလုိက္ပါတယ္။

Ballon d’Or ဆု ၅ႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒိုဟာ ယခုႏွစ္မွာ ၆ႀကိမ္ေျမာက္ရရွိဖို႔ ေမွ်ာ္လင့္ႏိုင္တဲ့အေနအထားမွာ ရွိေနၿပီး ယခုႏွစ္ဆုအတြက္ ဆန္ခါတင္ ၃၀ဦးစာရင္းမွာ ပါ၀င္ေနပါတယ္။ ဒါေပမဲ့ ေရာ္နယ္ဒိုဟာ အဲဒီဆုရရွိဖုိ႔အတြက္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ၊ လီဗာပူးေနာက္ခံလူ ဗန္ဒုိက္တုိ႔နဲ႔အတူ အားၿပိဳင္ေနရၿပီး မက္ဆီက ဖီဖာရဲ႕ အေကာင္းဆုံးဆုရရွိထားသလုိ နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒုိက္ကလည္း ယူအီးအက္ဖ္ေအ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရရွိထားပါတယ္။ သူတုိ႔ႏွစ္ေယာက္က Ballon d’Or ဆုရဖို႔ ပိုမိုေရပန္းစားေနၿပီး ကာဆီးလက္စ္ကလည္း အဲဒီအျမင္ကို ေထာက္ခံေၾကာင္း ဆုိပါတယ္။

ကာဆီးလက္စ္က ဂ်ဴဗင္တပ္စ္ကို ေရာက္သြားၿပီးခ်ိန္ကတည္းက အရင္လုိမစြမ္းေဆာင္ေသးတ့ဲေရာ္နယ္ဒိုက မက္ဆီနဲ႔ ဗန္ဒိုက္တုိ႔ကို ေက်ာ္ျဖတ္ကာ ဆုရဖို႔ ဘာအေၾကာင္းျပခ်က္မရွိေၾကာင္း ဆုိပါတယ္။ ”ဗန္ဒုိက္က ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားျဖစ္ၿပီး မက္ဆီကလည္း ဖီဖာရဲ႕အေကာင္းဆုံးပါ။ တကယ္လုိ႔ ခရစၥတီယာႏိုသာ Ballon d’Or ဆုရခဲ့ရင္ တစ္ဦးခ်င္းအေကာင္းဆုံးဆုက ဘာမွအဓိပၸာယ္မရွိ၊ ယုတၱမရွိသလုိျဖစ္သြားပါလိမ့္မယ္”လုိ႔ လက္ရွိေပၚတိုအသင္းသား ကာဆီးလက္စ္က လူမႈမီဒီယာမွာ ေရးသားခဲ့ပါတယ္။