PSG အသင်းသားသစ် မက်ဆီရဲ့ သတင်းစာရှင်းလင်းပွဲက စကားသံများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ် ထိပ်သီး ကလပ် PSG ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း မက်ဆီ ဟာ ဒီကနေ့ မှာတော့ အသင်းသစ် နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် သွားခဲ့ ပါတယ်။

မက်ဆီ နဲ့ အတူ PSG ဥက္ကဌ နက်ဆာ အယ်ခါလိုင်ဖီ လည်း တက်ရောက် လာခဲ့ပြီး မီဒီယာတွေ ကို ဖြေကြားသွားခဲ့ပါတယ်။

မက်ဆီရဲ့ ပြောစကား တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

မက်ဆီက “ကျွန်တော် ဘာစီလိုနာ ကနေ ထွက်ဖို့က အရမ်း ခက်ခဲတယ် ဆိုတာကို လူတိုင်း သိကြမှာပါ။

အခု PSG ကို ရောက်လာ ခဲ့ပါပြီ။

ဒီမှာ နေလိုက်ရတဲ့ အချိန်ခဏလေးမှာပဲ ကျွန်တော် သဘောကျ ပျော်ရွှင် မိပါတယ်။

ရှုပ်ထွေး များပြားတဲ့ ကိစ္စတွေ ကို အဆင်ပြေ ချောမွေ့ အောင် လုပ်ဆောင် နိုင်ခဲ့လို့လည်း ဝမ်းမြောက် မိပါတယ်”

“ကျွန်တော်လက်ခံရရှိတဲ့ ကြိုဆိုမှုက အံ့အားသင့်စရာကောင်းပါတယ်။

မယုံကြည်နိုင်လောက်အောင်ကောင်းတဲ့ ပျော်ရွှင်မှုကိုလည်း ခံစားရပါတယ်။

ကျွန်တော့်အသင်းဖော်တွေနဲ့အတူ စတင်ကစားခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။

ပရိသတ်တွေနဲ့ အသင်းအတွက် သာမန်ထက်ထူးကဲတဲ့ နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

“ရာသီသစ်အတွက် ပြင်ဆင်မှုကို ကျွန်တော်တစ်ယောက်တည်း လုပ်ရလိမ့်မယ်။

ဖြစ်နိုင်ရင်တော့ အသင်းအတွက် မြန်မြန်ကစားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

နဂိုရှိခဲ့တာထက် သာလွန်တဲ့ ဆန္ဒပြင်းပြမှု၊ စိတ်ဓာတ်လှုံ့ဆော်မှု အမြောက်အမြားနဲ့ ကူညီဖို့ ကျွန်တော် လာခဲ့တာပါ။”

”ကျွန်တော့်ရဲ့အိပ်မက်က နောက်ထပ်ချန်ပီယံလိဂ်ရဖို့ဆိုတာ ပြောခဲ့ပြီးပါပြီ။

ဒီအခွင့်အရေးရဖို့နဲ့ စွမ်းဆောင်နိုင်ဖို့ အကောင်းဆုံးနေရာမှာ ရောက်ရှိနေပြီလို့ ကျွန်တော် ယူဆပါတယ်။ ”

“နေမာ က ကျွန်တော့်ကို အဓိက ဆွဲဆောင် ခဲ့သူပါ။

ကမ္ဘာ့အကောင်းဆုံး တွေနဲ့ တွဲပြီး ကစားရမှာက တကယ်ကောင်းတဲ့ ခံစားချက်ပါပဲ။

ဒီကလပ် အသင်းဟာ အောင်ပွဲတွေ အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

သူတို့နဲ့ အတူ လေ့ကျင့်ရမှာက တကယ် ကောင်းတဲ့ အတွေ့အကြုံ ဖြစ်လာမှာပါ” လို့ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG အသင္းသားသစ္ မက္ဆီရဲ႕ သတင္းစာရွင္းလင္းပြဲက စကားသံမ်ား

ျပင္သစ္ ထိပ္သီး ကလပ္ PSG ကို ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ ဘာစီလိုနာ တိုက္စစ္မႉးေဟာင္း မက္ဆီ ဟာ ဒီကေန႔ မွာေတာ့ အသင္းသစ္ နဲ႔ ပထမဆုံး သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ သြားခဲ့ ပါတယ္ ။ မက္ဆီ နဲ႔ အတူ PSG ဥကၠဌ နက္ဆာ အယ္ခါလိုင္ဖီ လည္း တက္ေရာက္ လာခဲ့ၿပီး မီဒီယာေတြ ကို ေျဖၾကား သြားခဲ့ ပါတယ္။ မက္ဆီရဲ႕ ေျပာစကား တခ်ိဳ႕ကို တင္ဆက္ေပးလိုက္ပါတယ္။

မက္ဆီက “ကြၽန္ေတာ္ ဘာစီလိုနာ ကေန ထြက္ဖို႔က အရမ္း ခက္ခဲတယ္ ဆိုတာကို လူတိုင္း သိၾကမွာပါ။ အခု PSG ကို ေရာက္လာ ခဲ့ပါၿပီ။ ဒီမွာ ေနလိုက္ရတဲ့ အခ်ိန္ခဏေလးမွာပဲ ကြၽန္ေတာ္ သေဘာက် ေပ်ာ္႐ႊင္ မိပါတယ္ ။ ရႈပ္ေထြး မ်ားျပားတဲ့ ကိစၥေတြ ကို အဆင္ေျပ ေခ်ာေမြ႕ ေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့လို႔လည္း ဝမ္းေျမာက္ မိပါတယ္”

“ကြၽန္ေတာ္လက္ခံရရွိတဲ့ ႀကိဳဆိုမႈက အံ့အားသင့္စရာေကာင္းပါတယ္။ မယုံၾကည္ႏိုင္ေလာက္ေအာင္ေကာင္းတဲ့ ေပ်ာ္႐ႊင္မႈကိုလည္း ခံစား ရပါတယ္။ ကြၽန္ေတာ့္အသင္းေဖာ္ေတြနဲ႔အတူ စတင္ကစားခြင့္ရဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ ပရိသတ္ေတြနဲ႔ အသင္းအတြက္ သာမန္ထက္ထူးကဲတဲ့ ႏွစ္တစ္ႏွစ္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

“ရာသီသစ္အတြက္ ျပင္ဆင္မႈကို ကြၽန္ေတာ္တစ္ေယာက္တည္း လုပ္ရလိမ့္မယ္။ ျဖစ္ႏိုင္ရင္ေတာ့ အသင္းအတြက္ ျမန္ျမန္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ နဂိုရွိခဲ့တာထက္ သာလြန္တဲ့ ဆႏၵျပင္းျပမႈ၊ စိတ္ဓာတ္လႈံ႕ေဆာ္မႈ အေျမာက္အျမားနဲ႔ ကူညီဖို႔ ကြၽန္ေတာ္ လာခဲ့တာပါ။”

”ကြၽန္ေတာ့္ရဲ႕အိပ္မက္က ေနာက္ထပ္ခ်န္ပီယံလိဂ္ရဖို႔ဆိုတာ ေျပာခဲ့ၿပီးပါၿပီ။ ဒီအခြင့္အေရးရဖို႔နဲ႔ စြမ္းေဆာင္ႏိုင္ဖို႔ အေကာင္းဆုံးေနရာမွာ ေရာက္ရွိေနၿပီလို႔ ကြၽန္ေတာ္ ယူဆပါတယ္။ ”

“ေနမာ က ကြၽန္ေတာ့္ကို အဓိက ဆြဲေဆာင္ ခဲ့သူပါ ။ ကမာၻ႔အေကာင္းဆုံး ေတြနဲ႔ တြဲၿပီး ကစားရမွာက တကယ္ေကာင္းတဲ့ ခံစားခ်က္ ပါပဲ ။ ဒီကလပ္ အသင္းဟာ ေအာင္ပြဲေတြ အတြက္ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ ။ သူတို႔နဲ႔ အတူ ေလ့က်င့္ရမွာက တကယ္ ေကာင္းတဲ့ အေတြ႕အႀကဳံ ျဖစ္လာမွာပါ” လို႔​ေျပာဆိုပါတယ္။