PSG အသင်းမှာ အရင်လစာငွေပမာဏထက် တစ်ဝက်လောက်သာရမှာဖြစ်ပေမယ့် ကမ္ဘာ့လစာငွေအများဆုံးအဖြစ် မက်ဆီဦးဆောင်နေဆဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီရဲ့ အသင်းသစ် PSG မှာရရှိမယ့် တစ်ပတ်လစာငွေဟာ ဘာစီလိုနာကစားသမားဘဝတုန်းက ရရှိခဲ့တဲ့လစာငွေပမာဏထက် တစ်ဝက်လောက်အထိလျော့ကျသွားမှာဖြစ်ပေမယ့်

ကမ္ဘာ့လစာငွေအများဆုံးကစားသမားအဖြစ် ဆက်လက်ဦးဆောင်နေဆဲဖြစ်တယ်လို့ ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာနာမည်ကျော်ကစားသမားဟောင်း မက်ဆီဟာ အရင်က တစ်ပတ်ကို ပေါင်(၂.၁)သန်းအထိရရှိခဲ့တာကနေ အခု ပေါင်(၁)သန်းသာရရှိမှာဖြစ်ပေမယ့် ဒုတိယနေရာက သူ့ရဲ့အဓိကပြိုင်ဘက်စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းမှာရရှိနေတဲ့ တစ်ပတ်ပေါင်(၉၀၀,၀၀၀)ပမာဏထက် ပိုများနေဆဲဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ Ballon d’Or ဆုစံချိန်တင်(၆)ကြိမ်ရရှိခဲ့သူ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာတုန်းက (၁)နှစ်ကို လစာအဖြစ်ပေါင်(၁၀၈)သန်းအထိရရှိခဲ့ပြီး အခု PSG အသင်းမှာတော့ ပေါင်(၅၄)သန်းသာရရှိမှာပါ။

ဒါပေမဲ့ မက်ဆီရဲ့(၁)နှစ်လစာငွေပမာဏက ဒုတိယနေရာက စီရော်နယ်လ်ဒို(ပေါင်၄၆.ရသန်း)ထက် သာလွန်နေတဲ့အပြင် PSGအသင်းဖော်နေမာရဲ့ (၁)နှစ်လစာငွေပမာဏဖြစ်တဲ့ ပေါင်(၃၁)သန်းထက် အပြတ်အသတ်ပိုများနေတာပဲဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းက PSG အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင်(၆၀၆,၀၀၀)အထိ ရရှိမှာဖြစ်ပေမယ့် မက်ဆီထက်တော့ ပိုနည်းခဲ့ပါတယ်။

ကမ္ဘာ့လစာငွေအများဆုံးကစားသမားစာရင်းရဲ့ စတုတ္ထနေရာမှာတော့ မက်ဆီ၊ နေမာတို့ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်သူ ဆွာရက်ဇ်က ရပ်တည်နေပြီး

ဆွာရက်ဇ်ဟာ လက်ရှိအက်သလက်တီကိုအသင်းမှာ တစ်ပတ်ကို ပေါင်(၅၇၅,၀၀၀)ရရှိနေတာကြောင့် ဘာစီလိုနာကစားသမားဂရစ်ဇ်မန်းနဲ့ လစာငွေပမာဏချင်းတူညီနေသလို သူတို့နှစ်ယောက်က (၁)နှစ်ကို ပေါင်(၂၉.၉)သန်းအထိရရှိနေတာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG အသင္းမွာ အရင္လစာေငြပမာဏထက္ တစ္ဝက္ေလာက္သာရမွာျဖစ္ေပမယ့္ ကမာၻ႔လစာေငြအမ်ားဆုံးအျဖစ္ မက္ဆီဦးေဆာင္ေနဆဲ

အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီရဲ႕ အသင္းသစ္ PSG မွာရရွိမယ့္ တစ္ပတ္လစာေငြဟာ ဘာစီလိုနာကစားသမားဘဝတုန္းက ရရွိခဲ့တဲ့လစာေငြပမာဏထက္ တစ္ဝက္ေလာက္အထိေလ်ာ့က်သြားမွာျဖစ္ေပမယ့္ ကမာၻ႔လစာေငြအမ်ားဆုံးကစားသမားအျဖစ္ ဆက္လက္ဦးေဆာင္ေနဆဲျဖစ္တယ္လို႔ ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာနာမည္ေက်ာ္ကစားသမားေဟာင္း မက္ဆီဟာ အရင္က တစ္ပတ္ကို ေပါင္(၂.၁)သန္းအထိရရွိခဲ့တာကေန အခု ေပါင္(၁)သန္းသာရရွိမွာျဖစ္ေပမယ့္ ဒုတိယေနရာက သူ႔ရဲ႕အဓိကၿပိဳင္ဘက္စီေရာ္နယ္လ္ဒို ဂ်ဴဗင္တပ္စ္အသင္းမွာရရွိေနတဲ့ တစ္ပတ္ေပါင္(၉၀၀,၀၀၀)ပမာဏထက္ ပိုမ်ားေနဆဲျဖစ္ပါတယ္။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ Ballon d’Or ဆုစံခ်ိန္တင္(၆)ႀကိမ္ရရွိခဲ့သူ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းမွာတုန္းက (၁)ႏွစ္ကို လစာအျဖစ္ေပါင္(၁၀၈)သန္းအထိရရွိခဲ့ၿပီး အခု PSG အသင္းမွာေတာ့ ေပါင္(၅၄)သန္းသာရရွိမွာပါ။

ဒါေပမဲ့ မက္ဆီရဲ႕(၁)ႏွစ္လစာေငြပမာဏက ဒုတိယေနရာက စီေရာ္နယ္လ္ဒို(ေပါင္၄၆.ရသန္း)ထက္ သာလြန္ေနတဲ့အျပင္ PSGအသင္းေဖာ္ေနမာရဲ႕ (၁)ႏွစ္လစာေငြပမာဏျဖစ္တဲ့ ေပါင္(၃၁)သန္းထက္ အျပတ္အသတ္ပိုမ်ားေနတာပဲျဖစ္ပါတယ္။ အခုႏွစ္အေစာပိုင္းက PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ စာခ်ဳပ္သစ္အရ တစ္ပတ္ကို ေပါင္(၆၀၆,၀၀၀)အထိရရွိမွာျဖစ္ေပမယ့္ မက္ဆီထက္ေတာ့ ပိုနည္းခဲ့ပါတယ္။ ကမာၻ႔လစာေငြအမ်ားဆုံးကစားသမားစာရင္းရဲ႕ စတုတၳေနရာမွာေတာ့ မက္ဆီ၊ ေနမာတို႔ရဲ႕ ဘာစီလိုနာအသင္းေဖာ္ေဟာင္းျဖစ္သူ ဆြာရက္ဇ္က ရပ္တည္ေနၿပီး ဆြာရက္ဇ္ဟာ လက္ရွိအက္သလက္တီကိုအသင္းမွာ တစ္ပတ္ကို ေပါင္(၅၇၅,၀၀၀)ရရွိေနတာေၾကာင့္ ဘာစီလိုနာကစားသမားဂရစ္ဇ္မန္းနဲ႔ လစာေငြပမာဏခ်င္းတူညီေနသလို သူတို႔ႏွစ္ေယာက္က (၁)ႏွစ္ကို ေပါင္(၂၉.၉)သန္းအထိရရွိေနတာပါ။