
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အင်တာဗျူးတွေဖြေတဲ့အခါ စကားကို ချက်ကျလက်ကျပြောဆိုတတ်တဲ့ အီဘရာဟီမိုဗစ်ဟာ အခု သတင်းထောက်တစ်ဦးက PSG အသင်းမှာ မက်ဆီ ကျောနံပါတ်(၃၀)ဝတ်ဆင်တာနဲ့ပတ်သက်လို့ သူ့အမြင်ကို မေးမြန်းခဲ့ချိန်မှာလည်း အချက်ကျကျအဖြေပြန်ပေးခဲ့ပါတယ်။
အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီဟာ အခုနွေရာသီကာလအတွင်း ဘာစီလိုနာအသင်းနဲ့မထင်မှတ်ဘဲလမ်းခွဲခဲ့ပြီး PSG အသင်းဆီပြောင်းရွှေ့ခဲ့သလို ထူးထူးခြားခြားဆိုသလို နံပါတ်(၃၀)ဝတ်ဆင်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ဂန္ထဝင်ကစားသမားရော်နယ်လ်ဒင်ဟို အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက နံပါတ်(၁၀)ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး (၁၃)နှစ်အကြာ ကလပ်အသင်းကစားသမားဘဝမှာ ပထမဆုံးအကြိမ်နံပါတ်ပြောင်းလဲဝတ်ဆင်မှာပဲဖြစ်ပါတယ်။
PSG အသင်းရဲ့နံပါတ်(၁၀)ပိုင်ရှင်နေမာက မက်ဆီကို သူ့နံပါတ်ပေးဖို့ အသင့်ရှိတယ်လို့သတင်းထွက်ခဲ့ပေမယ့် မက်ဆီက ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်ကစားချိန်တုန်းက ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၃၀)ကိုပဲ ပြန်လည်ရွေးချယ်ခဲ့တာပါ။
PSG အသင်းမှာ မက်ဆီ နံပါတ်(၃၀)ဝတ်ဆင်မယ့်ကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်က “မက်ဆီဟာ PSG အသင်းမှာ နံပါတ်(၁၀)အစား နံပါတ်(၃၀)ကို ပြောင်းလဲဝတ်ဆင်မယ့်အပေါ် ဘာများပြောချင်လဲ”လို့ မေးမြန်းခဲ့တော့ အီဘရာဟီမိုဗစ်က “မက်ဆီရဲ့လုပ်ရပ်မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်။
နံပါတ်(၃၀)ဝတ်ဆင်တာက သူဟာ နေမာထက် (၃)ဆပိုကောင်းတဲ့ကစားသမားဆိုတာပြသတဲ့သဘောပါပဲ”လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။
အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းကို စတင်ပြောင်းရွှေ့ခဲ့တုန်းက ကျောနံပါတ်(၂၁)ဝတ်ဆင်ကစားခဲ့ပြီး အဲဒီအချိန်မှာ သူက “ကျွန်တော်ဟာ စီရော်နယ်လ်ဒိုထက် (၃)ဆပိုကောင်းတဲ့သူဖြစ်တာကြောင့် နံပါတ်(၂၁)ကို ရွေးချယ်ခဲ့တာပါ”လို့ ခပ်ကြွားကြွားပြောခဲ့ဖူးပါတယ်။
အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့်ခြေစွမ်းပြသနေဆဲဖြစ်သူ အီဘရာဟီမိုဗစ်ဟာ မက်ဆီလိုပဲ ဘာစီလိုနာနဲ့ PSG နှစ်သင်းစလုံးမှာကစားခဲ့ဖူးတဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁၊ PSG အသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကစားခဲ့သူဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
PSG အသင္းမွာ မက္ဆီ နံပါတ္(၃၀)ဝတ္တာနဲ႔ပတ္သက္လို႔ အခ်က္က်က်အေျဖေပးခဲ့တဲ့ အီဘရာဟီမိုဗစ္
အင္တာဗ်ဴးေတြေျဖတဲ့အခါ စကားကို ခ်က္က်လက္က်ေျပာဆိုတတ္တဲ့ အီဘရာဟီမိုဗစ္ဟာ အခု သတင္းေထာက္တစ္ဦးက PSG အသင္းမွာ မက္ဆီ ေက်ာနံပါတ္(၃၀)ဝတ္ဆင္တာနဲ႔ပတ္သက္လို႔ သူ႔အျမင္ကို ေမးျမန္းခဲ့ခ်ိန္မွာလည္း အခ်က္က်က်အေျဖျပန္ေပးခဲ့ပါတယ္။ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမား မက္ဆီဟာ အခုေႏြရာသီကာလအတြင္း ဘာစီလိုနာအသင္းနဲ႔မထင္မွတ္ဘဲလမ္းခြဲခဲ့ၿပီး PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သလို ထူးထူးျခားျခားဆိုသလို နံပါတ္(၃၀)ဝတ္ဆင္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
မက္ဆီဟာ ဘာစီလိုနာအသင္းမွာ ဂႏၴဝင္ကစားသမားေရာ္နယ္လ္ဒင္ဟို အသင္းနဲ႔လမ္းခြဲခဲ့တဲ့ ၂၀၀၈ ခုႏွစ္ကတည္းက နံပါတ္(၁၀)ကို ဝတ္ဆင္ခဲ့တာျဖစ္ၿပီး (၁၃)ႏွစ္အၾကာ ကလပ္အသင္းကစားသမားဘဝမွာ ပထမဆုံးအႀကိမ္နံပါတ္ေျပာင္းလဲဝတ္ဆင္မွာပဲျဖစ္ပါတယ္။ PSG အသင္းရဲ႕နံပါတ္(၁၀)ပိုင္ရွင္ေနမာက မက္ဆီကို သူ႔နံပါတ္ေပးဖို႔ အသင့္ရွိတယ္လို႔သတင္းထြက္ခဲ့ေပမယ့္ မက္ဆီက ဘာစီလိုနာအသင္းအတြက္ ပြဲဦးထြက္ကစားခ်ိန္တုန္းက ဝတ္ဆင္ခဲ့တဲ့ နံပါတ္(၃၀)ကိုပဲ ျပန္လည္ေ႐ြးခ်ယ္ခဲ့တာပါ။
PSG အသင္းမွာ မက္ဆီ နံပါတ္(၃၀)ဝတ္ဆင္မယ့္ကိစၥနဲ႔ပတ္သက္လို႔ သတင္းေထာက္က “မက္ဆီဟာ PSG အသင္းမွာ နံပါတ္(၁၀)အစား နံပါတ္(၃၀)ကို ေျပာင္းလဲဝတ္ဆင္မယ့္အေပၚ ဘာမ်ားေျပာခ်င္လဲ”လို႔ ေမးျမန္းခဲ့ေတာ့ အီဘရာဟီမိုဗစ္က “မက္ဆီရဲ႕လုပ္ရပ္မွန္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ နံပါတ္(၃၀)ဝတ္ဆင္တာက သူဟာ ေနမာထက္ (၃)ဆပိုေကာင္းတဲ့ကစားသမားဆိုတာျပသတဲ့သေဘာပါပဲ”လို႔ ေျဖၾကားခဲ့တာျဖစ္ပါတယ္။
အီဘရာဟီမိုဗစ္ဟာ ေအစီမီလန္အသင္းကို စတင္ေျပာင္းေ႐ႊ႕ခဲ့တုန္းက ေက်ာနံပါတ္(၂၁)ဝတ္ဆင္ကစားခဲ့ၿပီး အဲဒီအခ်ိန္မွာ သူက “ကြၽန္ေတာ္ဟာ စီေရာ္နယ္လ္ဒိုထက္ (၃)ဆပိုေကာင္းတဲ့သူျဖစ္တာေၾကာင့္ နံပါတ္(၂၁)ကို ေ႐ြးခ်ယ္ခဲ့တာပါ”လို႔ ခပ္ႂကြားႂကြားေျပာခဲ့ဖူးပါတယ္။ အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ထိပ္တန္းအဆင့္ေျခစြမ္းျပသေနဆဲျဖစ္သူ အီဘရာဟီမိုဗစ္ဟာ မက္ဆီလိုပဲ ဘာစီလိုနာနဲ႔ PSG ႏွစ္သင္းစလုံးမွာကစားခဲ့ဖူးတဲ့ကစားသမားတစ္ဦးျဖစ္ၿပီး ဘာစီလိုနာအသင္းမွာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၁၊ PSG အသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အထိကစားခဲ့သူျဖစ္ပါတယ္။