PSG အသင်းမှာ မက်ဆီက တစ်ဦးတည်းသီးသန့်ကစားနေရသလိုဖြစ်နေတယ်လို့ အွန်နရီဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်နဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအွန်နရီက နာမည်ကျော်ကစားသမားမက်ဆီဟာ PSG အသင်းမှာ အသင်းဖော်တွေရဲ့ပံ့ပိုးမှုမရဘဲ တစ်ယောက်တည်းသီးသန့်ကစားနေရသလိုဖြစ်နေပြီး

PSG အသင်းအနေနဲ့ မက်ဆီရဲ့အကောင်းဆုံးပုံစံရရှိအောင် အခုထက်ပိုလုပ်ဆောင်သင့်တယ်လို့ဝေဖန်သုံးသပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ဘာစီလိုနာအသင်းရဲ့ဘဏ္ဍာရေးအခက်အခဲကြောင့် အသင်းနဲ့လမ်းခွဲခဲ့ပြီး PSG အသင်းဆီအလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိခဲ့သူ မက်ဆီဟာ အသင်းသစ်မှာအထိုင်ကျဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းအတွက်(၃)ဂိုးသွင်းယူထားပေမယ့် ပြင်သစ်လိဂ်မှာတော့ (၄)ပွဲကစားပြီးချိန်မှာသွင်းဂိုးစျေးဦးမပေါက်သေးပါဘူး။

ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁ဝခုနှစ်အထိတွဲဖက်ကစားခဲ့ဖူးတဲ့ အွန်နရီက ဘာပေ၊ နေမာတို့နဲ့ မက်ဆီချိတ်ဆက်ကစားနိုင်မယ့်ကစားဟန်မျိုးဖြစ်အောင် နေရာချဖို့သင့်နေပြီလို့သုံးသပ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အွန်နရီက “မက်ဆီဟာ PSG အသင်းမှာ တစ်ယောက်တည်းသီးသန့်ဖြစ်နေပြီး သူ့ကို အသင်းဖော်တွေက ဘောလုံးပေးကစားတာနည်းပါးနေပါတယ်။

ဒီအခြေအနေကို မက်ဆီတစ်ယောက် ဝမ်းနည်းစိတ်ပျက်နေတယ်လို့ ကျွန်တော်မဆိုလိုပေမယ့် သူဟာ သီးသန်ဆိုသလိုဖြစ်နေပြီး ကျွန်တော်သာဆိုရင် မက်ဆီကို တိုက်စစ်အလယ်မှာထားကစားမှာပါ။

မက်ဆီဟာ တိုက်စစ်ညာခြမ်းမှာကစားရင် ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရလေ့ရှိပြီး အလယ်မှာဆိုရင်တော့ သူက တိုက်စစ်ကစားပုံ Tempo အတင်အချကောင်းကောင်းလုပ်နိုင်ပါတယ်။

ဘာပေ၊ နေမာတို့နဲ့မက်ဆီ အကောင်းဆုံးတွဲဖက်ကစားနိုင်မယ့်နည်းဗျူဟာမျိုးရှာဖွေဖို့တော့ လိုအပ်နေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အွန်နရီက PSG အသင်းဟာ မက်ဆီထက် ဘာပေကို ပိုဦးစားပေးကစားနေတယ်လို့ပြစ်တင်ခဲ့ပါသေးတယ်။

အွန်နရီက “မက်ဆီဟာ စကားများများပြောလေ့မရှိဘဲ သူက အလုပ်နဲ့သာသက်သေပြလေ့ရှိသူပါ။

အခုအချိန်မှာ PSG အသင်းက ဘာပေအသင်းလိုဖြစ်နေပါတယ်။

ဘာပေခြေစွမ်းပြနိုင်အောင်ဦးစားပေးကစားနေသလို သူ့ဆီပဲ ဘောလုံးပေးတာပိုများပါတယ်။

အသင်းတစ်သင်းမှာ တိုက်စစ်ကို ဦးဆောင်မယ့်သူတစ်ယောက်ရှိဖို့လိုအပ်ပြီး မဟုတ်ရင်တော့ ကစားပုံဟန်ချက်မညီဖြစ်သွားမှာပါ။

ဒီအသင်းမှာပြဿနာက တိုက်စစ်ကို ဦးဆောင်မယ့်သူ အများကြီးရှိနေတာပါပဲ”လို့ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

PSG အသင္းမွာ မက္ဆီက တစ္ဦးတည္းသီးသန႔္ကစားေနရသလိုျဖစ္ေနတယ္လို႔ အြန္နရီေဝဖန္

ျပင္သစ္နဲ႔ အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးအြန္နရီက နာမည္ေက်ာ္ကစားသမားမက္ဆီဟာ PSG အသင္းမွာ အသင္းေဖာ္ေတြရဲ႕ပံ့ပိုးမႈမရဘဲ တစ္ေယာက္တည္းသီးသန႔္ကစားေနရသလိုျဖစ္ေနၿပီး PSG အသင္းအေနနဲ႔ မက္ဆီရဲ႕အေကာင္းဆုံးပုံစံရရွိေအာင္ အခုထက္ပိုလုပ္ေဆာင္သင့္တယ္လို႔ေဝဖန္သုံးသပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီကာလတုန္းက ဘာစီလိုနာအသင္းရဲ႕ဘ႑ာေရးအခက္အခဲေၾကာင့္ အသင္းနဲ႔လမ္းခြဲခဲ့ၿပီး PSG အသင္းဆီအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိခဲ့သူ မက္ဆီဟာ အသင္းသစ္မွာအထိုင္က်ဖို႔႐ုန္းကန္ေနရတာျဖစ္ပါတယ္။

မက္ဆီဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ PSG အသင္းအတြက္(၃)ဂိုးသြင္းယူထားေပမယ့္ ျပင္သစ္လိဂ္မွာေတာ့ (၄)ပြဲကစားၿပီးခ်ိန္မွာသြင္းဂိုးေစ်းဦးမေပါက္ေသးပါဘူး။ ဘာစီလိုနာအသင္းမွာ မက္ဆီနဲ႔ ၂၀၀၇ ခုႏွစ္ကေန ၂၀၁ဝခုႏွစ္အထိတြဲဖက္ကစားခဲ့ဖူးတဲ့ အြန္နရီက ဘာေပ၊ ေနမာတို႔နဲ႔ မက္ဆီခ်ိတ္ဆက္ကစားႏိုင္မယ့္ကစားဟန္မ်ိဳးျဖစ္ေအာင္ ေနရာခ်ဖို႔သင့္ေနၿပီလို႔သုံးသပ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အြန္နရီက “မက္ဆီဟာ PSG အသင္းမွာ တစ္ေယာက္တည္းသီးသန႔္ျဖစ္ေနၿပီး သူ႔ကို အသင္းေဖာ္ေတြက ေဘာလုံးေပးကစားတာနည္းပါးေနပါတယ္။ ဒီအေျခအေနကို မက္ဆီတစ္ေယာက္ ဝမ္းနည္းစိတ္ပ်က္ေနတယ္လို႔ ကြၽန္ေတာ္မဆိုလိုေပမယ့္ သူဟာ သီးသန္ဆိုသလိုျဖစ္ေနၿပီး ကြၽန္ေတာ္သာဆိုရင္ မက္ဆီကို တိုက္စစ္အလယ္မွာထားကစားမွာပါ။

မက္ဆီဟာ တိုက္စစ္ညာျခမ္းမွာကစားရင္ ေျခစြမ္းျပႏိုင္ဖို႔႐ုန္းကန္ရေလ့ရွိၿပီး အလယ္မွာဆိုရင္ေတာ့ သူက တိုက္စစ္ကစားပုံ Tempo အတင္အခ်ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ ဘာေပ၊ ေနမာတို႔နဲ႔မက္ဆီ အေကာင္းဆုံးတြဲဖက္ကစားႏိုင္မယ့္နည္းဗ်ဴဟာမ်ိဳးရွာေဖြဖို႔ေတာ့ လိုအပ္ေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အြန္နရီက PSG အသင္းဟာ မက္ဆီထက္ ဘာေပကို ပိုဦးစားေပးကစားေနတယ္လို႔ျပစ္တင္ခဲ့ပါေသးတယ္။

အြန္နရီက “မက္ဆီဟာ စကားမ်ားမ်ားေျပာေလ့မရွိဘဲ သူက အလုပ္နဲ႔သာသက္ေသျပေလ့ရွိသူပါ။ အခုအခ်ိန္မွာ PSG အသင္းက ဘာေပအသင္းလိုျဖစ္ေနပါတယ္။ ဘာေပေျခစြမ္းျပႏိုင္ေအာင္ဦးစားေပးကစားေနသလို သူ႔ဆီပဲ ေဘာလုံးေပးတာပိုမ်ားပါတယ္။ အသင္းတစ္သင္းမွာ တိုက္စစ္ကို ဦးေဆာင္မယ့္သူတစ္ေယာက္ရွိဖို႔လိုအပ္ၿပီး မဟုတ္ရင္ေတာ့ ကစားပုံဟန္ခ်က္မညီျဖစ္သြားမွာပါ။ ဒီအသင္းမွာျပႆနာက တိုက္စစ္ကို ဦးေဆာင္မယ့္သူ အမ်ားႀကီးရွိေနတာပါပဲ”လို႔ဆိုခဲ့ပါတယ္။