PSG အသင်းမှာ ဘာပေ နှစ်ပေါင်းများစွာဆက်ရှိဖို့ ပိုချက်တီနို မျှော်လင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းနည်းပြပိုချက်တီနိုဟာ ရီးယဲလ်၊ လီဗာပူးလ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းတိုက်စစ်ကစားသမား ဘာပေအနေနဲ့ PSG မှာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ရှိဖို့ မျှော်လင့်နေပါတယ်။

ဆယ်ကျော်သက်အရွယ်မှာကတည်းက ထိပ်တန်းအဆင့်အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘာပေဟာ အပြောင်းအရွှေ့ကာလရောက်တိုင်း သူနဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ အမြဲတမ်းထွက်ပေါ်လေ့ရှိပေမယ့် ဘာပေရဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေနိုင်မယ့်အသင်းက သိပ်အများကြီးတော့ မရှိပါဘူး။

အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်အထိကျန်ရှိနေပြီး သူကလည်း PSG အသင်းနဲ့ နောက်ထပ်နှစ်ရှည်စာချုပ်ချုပ်လိုတယ်လို့ မကြာသေးခင်က ဖွင့်ဟပြောဆိုခဲ့ပါသေးတယ်။ ပိုချက်တီနိုက “ဘာပေလို စိတ်ထားကောင်းပြီး ကြိုးစားတဲ့ ကစားသမားမျိုးကို ဘယ်သူက မချစ်မခင်ဘဲနေမှာလဲ။

အသက်(၁၉)နှစ်အရွယ်မှာကတည်းက ကမ္ဘာ့ဖလားလို ချန်ပီယံဆု ရရှိခဲ့တဲ့အပြင် တခြားသော စံချိန်မှတ်တမ်းကောင်းတွေလည်း ရယူနိုင်ခဲ့သူပါ။ သူဟာ နောက်ထပ်လည်း ပိုပြီးတိုးတက်လာဦးမှာဖြစ်ပါတယ်။ ဘာပေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေမျိုးစုံထွက်နေပေမယ့် ဒီအသင်းမှာပဲ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်ရှိနေဖို့ ကျွန်တော်သာမက PSG တာဝန်ရှိသူတွေကပါ မျှော်လင့်နေကြတာပါ။

သူ့အနာဂတ်ကို သူကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပြီး အခုအချိန်မှာတော့ ဘာပေဟာ အသင်းမှာပျော်ရွှင်နေပြီး ကျွန်တော်တို့ရဲ့ အနာဂတ်စီမံကိန်းတွေထဲမှာ ပါဝင်ဖို့ ဆန္ဒရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ PSG အသင်းဟာ ဘာစီလိုနာ နာမည်ကျော်ကစားသမား မက်ဆီကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အဲဒီအတွက် ဘာစီလိုနာဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ လာပေါ်တာက စိတ်ဆိုးဒေါသထွက်နေသလို တရားစွဲဆိုသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “အခုအချိန်မှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ စကားတွေက မလိုအပ်တဲ့ အထင်လွဲစရာတွေဖြစ်လာနိုင်ပါတယ်။ အသင်းရဲ့ အခုလက်ရှိလူစာရင်းကို ကျွန်တော် အားရကျေနပ်မှုရှိပြီးသားပါ။ ကမ္ဘာ့အဆင့်ကစားသမားတွေဆိုတာက ဘယ်လိဂ်မှာပဲပဲဖြစ်ဖြစ်၊ ဘယ်ကလပ်မှာပဲကစားပါစေ အကောင်းဆုံးစွမ်းဆောင်နိုင်သူတွေပါပဲ။

တခြားကလပ်မှာ ကစားနေတဲ့ ကစားသမားတွေကို ကျွန်တော်လေးစားမှုအပြည့်ရှိပြီး အသင်းရဲ့ အဓိက ကစားသမားကို တခြားကလပ်က ခေါ်ဖို့ သတင်းတွေလွှင့်နေရင် ဘယ်သူမဆို ဒေါသထွက်ကြမှာဖြစ်ပြီး ဒါကို ကျွန်တော်နားလည်ထားပြီးသားပါ”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG အသင္းမွာ ဘာေပ ႏွစ္ေပါင္းမ်ားစြာဆက္ရွိဖို႔ ပိုခ်က္တီႏို ေမွ်ာ္လင့္

PSG အသင္းနည္းျပပိုခ်က္တီႏိုဟာ ရီးယဲလ္၊ လီဗာပူးလ္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ သူတို႔အသင္းတိုက္စစ္ကစားသမား ဘာေပအေနနဲ႔ PSG မွာ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ဆက္ရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာကတည္းက ထိပ္တန္းအဆင့္ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ ဘာေပဟာ အေျပာင္းအေ႐ႊ႕ကာလေရာက္တိုင္း သူနဲ႔ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြ အၿမဲတမ္းထြက္ေပၚေလ့ရွိေပမယ့္ ဘာေပရဲ႕ ေျပာင္းေ႐ႊ႕ေၾကးပမာဏကို ေပးေခ်ႏိုင္မယ့္အသင္းက သိပ္အမ်ားႀကီးေတာ့ မရွိပါဘူး။ အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ျပင္သစ္လူငယ္ၾကယ္ပြင့္ ဘာေပရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂ ခုႏွစ္အထိက်န္ရွိေနၿပီး သူကလည္း PSG အသင္းနဲ႔ ေနာက္ထပ္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္လိုတယ္လို႔ မၾကာေသးခင္က ဖြင့္ဟေျပာဆိုခဲ့ပါေသးတယ္။

ပိုခ်က္တီႏိုက “ဘာေပလို စိတ္ထားေကာင္းၿပီး ႀကိဳးစားတဲ့ ကစားသမားမ်ိဳးကို ဘယ္သူက မခ်စ္မခင္ဘဲေနမွာလဲ။ အသက္(၁၉)ႏွစ္အ႐ြယ္မွာကတည္းက ကမာၻ႔ဖလားလို ခ်န္ပီယံဆု ရရွိခဲ့တဲ့အျပင္ တျခားေသာ စံခ်ိန္မွတ္တမ္းေကာင္းေတြလည္း ရယူႏိုင္ခဲ့သူပါ။ သူဟာ ေနာက္ထပ္လည္း ပိုၿပီးတိုးတက္လာဦးမွာျဖစ္ပါတယ္။ ဘာေပရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလသတင္းေတြမ်ိဳးစုံထြက္ေနေပမယ့္ ဒီအသင္းမွာပဲ ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ ဆက္ရွိေနဖို႔ ကြၽန္ေတာ္သာမက PSG တာဝန္ရွိသူေတြကပါ ေမွ်ာ္လင့္ေနၾကတာပါ။ သူ႔အနာဂတ္ကို သူကိုယ္တိုင္ဆုံးျဖတ္ရမွာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ဘာေပဟာ အသင္းမွာေပ်ာ္႐ႊင္ေနၿပီး ကြၽန္ေတာ္တို႔ရဲ႕ အနာဂတ္စီမံကိန္းေတြထဲမွာ ပါဝင္ဖို႔ ဆႏၵရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အခုေလာေလာဆယ္မွာေတာ့ PSG အသင္းဟာ ဘာစီလိုနာ နာမည္ေက်ာ္ကစားသမား မက္ဆီကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး အဲဒီအတြက္ ဘာစီလိုနာဥကၠဌေလာင္းတစ္ဦးျဖစ္တဲ့ လာေပၚတာက စိတ္ဆိုးေဒါသထြက္ေနသလို တရားစြဲဆိုသြားမယ္လို႔ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး ပိုခ်က္တီႏိုက “အခုအခ်ိန္မွာ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္ရဲ႕ စကားေတြက မလိုအပ္တဲ့ အထင္လြဲစရာေတြျဖစ္လာႏိုင္ပါတယ္။ အသင္းရဲ႕ အခုလက္ရွိလူစာရင္းကို ကြၽန္ေတာ္ အားရေက်နပ္မႈရွိၿပီးသားပါ။ ကမာၻ႔အဆင့္ကစားသမားေတြဆိုတာက ဘယ္လိဂ္မွာပဲပဲျဖစ္ျဖစ္၊ ဘယ္ကလပ္မွာပဲကစားပါေစ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္သူေတြပါပဲ။ တျခားကလပ္မွာ ကစားေနတဲ့ ကစားသမားေတြကို ကြၽန္ေတာ္ေလးစားမႈအျပည့္ရွိၿပီး အသင္းရဲ႕ အဓိက ကစားသမားကို တျခားကလပ္က ေခၚဖို႔ သတင္းေတြလႊင့္ေနရင္ ဘယ္သူမဆို ေဒါသထြက္ၾကမွာျဖစ္ၿပီး ဒါကို ကြၽန္ေတာ္နားလည္ထားၿပီးသားပါ”လို႔ ေျပာၾကားခဲ့ပါတယ္။