
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလသတင်းတွေထွက်ပေါ်ခဲ့တဲ့ PSG အသင်းနည်းပြပိုချက်တီနိုဟာ အခုဆိုရင် အသင်းနဲ့(၁)နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်တာကြောင့် PSG အသင်းမှာပဲ နည်းပြအဖြစ်ဆက်ရှိသွားမှာဖြစ်ပါတယ်။
ပိုချက်တီနိုကို ပြန်လည်ခေါ်ယူဖို့အတွက် သူ့အသင်းဟောင်းစပါးအသင်းက အခုနွေရာသီကာလအတွင်း ကြိုးပမ်းခဲ့ပြီး ပိုချက်တီနိုကလည်း အသင်းဟောင်းဆီပြန်ဖို့ဆန္ဒရှိခဲ့ပေမယ့် ဆွေးနွေးမှုကမအောင်မြင်ခဲ့ဘဲ စပါးအသင်းဥက္ကဌလီဗိုင်ဟာ နည်းပြသစ်အဖြစ်နူနိုဆန်တိုကိုသာ ခန့်အပ်ခဲ့တာပါ။
PSG အသင်းဟာ ၂၀၂၁၊ ဇန်နဝါရီလတုန်းက ပိုချက်တီနိုကို (၁၈)လစာချုပ်နဲ့နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး ပိုချက်တီနိုနဲ့သာ ဆက်ပြီးလက်တွဲသွားလိုတဲ့အတွက် ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်သလို သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကိုပါ (၁)နှစ်စီသက်တမ်းတိုးခဲ့ပါတယ်။
ပိုချက်တီနိုက “အသင်းနဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ ကျွန်တော်တစ်ဦးတည်းသာမက ကျွန်တော့်ရဲ့နည်းပြအဖွဲ့ဝင်တွေအတွက်ပါ ဝမ်းမြောက်မိပါတယ်။
PSG အသင်းရဲ့ယုံကြည်မှုရရှိဖို့က ကျွန်တော်တို့အတွက်အရေးပါပြီး အသင်းပရိသတ်တွေ ဂုဏ်ယူစရာဖြစ်အောင် အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။
လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)လောက်က ကျွန်တော်ဟာ ဒီအသင်းမှာ အသင်းခေါင်းဆောင်အဖြစ်ကစားခွင့်ရခဲ့ပြီး ဒီနေ့မှာတော့ အသင်းနည်းပြဖြစ်လာခဲ့ပါပြီ။ ဒါက ကျွန်တော့်ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာလို့ သတ်မှတ်ရမှာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုဟာ PSG အသင်းနည်းပြဘဝမှာ ပြီးခဲ့တဲ့မေလတုန်းက ပြင်သစ်ဖလားဗိုလ်လုပွဲမှာ မိုနာကိုအသင်းကို အနိုင်ယူပြီးတော့ ချန်ပီယံဆုဖလားရရှိခဲ့ပြီး ဒါဟာ ၂၀၀၉ ခုနှစ်မှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်ကစလို့ ပိုချက်တီနိုအတွက် ပထမဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ အဓိကဆုဖလားဖြစ်ခဲ့ပါတယ်။
အဲဒီမတိုင်ခင် ပြင်သစ်စူပါဖလားရယူနိုင်ခဲ့ပေမယ့်လည်း အဓိကကျတဲ့ ပြင်သစ်လီဂူးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့ပါဘူး။
ဒါပေမဲ့လည်း PSG အသင်းက ပိုချက်တီနိုကို ယုံကြည်ဆက်ထားခဲ့ပြီး နောက်ထပ်(၁)နှစ်စာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။
PSG ဥက္ကဌအယ်လ်ခီလိုင်ဖီက “PSG အသင်းမှာ ပိုချက်တီနို ဆက်ရှိနေမှာဖြစ်လို့ ကျွန်တော်ကျေနပ်ဝမ်းမြောက်မိပါတယ်။
နှစ်ပေါင်း(၂၀)လောက်တုန်းက ပိုချက်တီနိုဟာ ဒီအသင်းမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ဖူးတာကြောင့် သူဟာ အသင်းရဲ့တန်ဖိုး၊ ရည်မှန်းချက်နဲ့ အနာဂတ်အတွက်စီမံကိန်းတွေကို ကောင်းကောင်းနားလည်ထားသူဖြစ်ပါတယ်။
ပိုချက်တီနိုရဲ့ဦးဆောင်မှုနဲ့အတူ အသင်းရဲ့အနာဂတ်ကို အကောင်းဆုံးဖြစ်အောင်ဖန်တီးနိုင်မယ်ဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
PSG အသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တဲ့ ပိုခ်က္တီႏို
အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလသတင္းေတြထြက္ေပၚခဲ့တဲ့ PSG အသင္းနည္းျပပိုခ်က္တီႏိုဟာ အခုဆိုရင္ အသင္းနဲ႔(၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္တာေၾကာင့္ PSG အသင္းမွာပဲ နည္းျပအျဖစ္ဆက္ရွိသြားမွာျဖစ္ပါတယ္။ ပိုခ်က္တီႏိုကို ျပန္လည္ေခၚယူဖို႔အတြက္ သူ႔အသင္းေဟာင္းစပါးအသင္းက အခုေႏြရာသီကာလအတြင္း ႀကိဳးပမ္းခဲ့ၿပီး ပိုခ်က္တီႏိုကလည္း အသင္းေဟာင္းဆီျပန္ဖို႔ဆႏၵရွိခဲ့ေပမယ့္ ေဆြးေႏြးမႈကမေအာင္ျမင္ခဲ့ဘဲ စပါးအသင္းဥကၠဌလီဗိုင္ဟာ နည္းျပသစ္အျဖစ္ႏူႏိုဆန္တိုကိုသာ ခန႔္အပ္ခဲ့တာပါ။
PSG အသင္းဟာ ၂၀၂၁၊ ဇန္နဝါရီလတုန္းက ပိုခ်က္တီႏိုကို (၁၈)လစာခ်ဳပ္နဲ႔နည္းျပအျဖစ္ခန႔္အပ္ခဲ့ၿပီး ပိုခ်က္တီႏိုနဲ႔သာ ဆက္ၿပီးလက္တြဲသြားလိုတဲ့အတြက္ ၂၀၂၃ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခဲ့တာလည္းျဖစ္သလို သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္ေတြကိုပါ (၁)ႏွစ္စီသက္တမ္းတိုးခဲ့ပါတယ္။ ပိုခ်က္တီႏိုက “အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့လို႔ ကြၽန္ေတာ္တစ္ဦးတည္းသာမက ကြၽန္ေတာ့္ရဲ႕နည္းျပအဖြဲ႕ဝင္ေတြအတြက္ပါ ဝမ္းေျမာက္မိပါတယ္။ PSG အသင္းရဲ႕ယုံၾကည္မႈရရွိဖို႔က ကြၽန္ေတာ္တို႔အတြက္အေရးပါၿပီး အသင္းပရိသတ္ေတြ ဂုဏ္ယူစရာျဖစ္ေအာင္ ေအာင္ျမင္မႈေတြရယူႏိုင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားသြားမွာပါ။ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၂၀)ေလာက္က ကြၽန္ေတာ္ဟာ ဒီအသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ကစားခြင့္ရခဲ့ၿပီး ဒီေန႔မွာေတာ့ အသင္းနည္းျပျဖစ္လာခဲ့ပါၿပီ။ ဒါက ကြၽန္ေတာ့္ရဲ႕အိပ္မက္ေတြအမွန္တကယ္ျဖစ္လာတာလို႔ သတ္မွတ္ရမွာပါ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။
ပိုခ်က္တီႏိုဟာ PSG အသင္းနည္းျပဘဝမွာ ၿပီးခဲ့တဲ့ေမလတုန္းက ျပင္သစ္ဖလားဗိုလ္လုပြဲမွာ မိုနာကိုအသင္းကို အႏိုင္ယူၿပီးေတာ့ ခ်န္ပီယံဆုဖလားရရွိခဲ့ၿပီး ဒါဟာ ၂၀၀၉ ခုႏွစ္မွာ နည္းျပအျဖစ္ေဆာင္႐ြက္ခဲ့ခ်ိန္ကစလို႔ ပိုခ်က္တီႏိုအတြက္ ပထမဆုံးဆြတ္ခူးႏိုင္ခဲ့တဲ့ အဓိကဆုဖလားျဖစ္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္ ျပင္သစ္စူပါဖလားရယူႏိုင္ခဲ့ေပမယ့္လည္း အဓိကက်တဲ့ ျပင္သစ္လီဂူးနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ဒါေပမဲ့လည္း PSG အသင္းက ပိုခ်က္တီႏိုကို ယုံၾကည္ဆက္ထားခဲ့ၿပီး ေနာက္ထပ္(၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တာလည္းျဖစ္ပါတယ္။
PSG ဥကၠဌအယ္လ္ခီလိုင္ဖီက “PSG အသင္းမွာ ပိုခ်က္တီႏို ဆက္ရွိေနမွာျဖစ္လို႔ ကြၽန္ေတာ္ေက်နပ္ဝမ္းေျမာက္မိပါတယ္။ ႏွစ္ေပါင္း(၂၀)ေလာက္တုန္းက ပိုခ်က္တီႏိုဟာ ဒီအသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့ဖူးတာေၾကာင့္ သူဟာ အသင္းရဲ႕တန္ဖိုး၊ ရည္မွန္းခ်က္နဲ႔ အနာဂတ္အတြက္စီမံကိန္းေတြကို ေကာင္းေကာင္းနားလည္ထားသူျဖစ္ပါတယ္။ ပိုခ်က္တီႏိုရဲ႕ဦးေဆာင္မႈနဲ႔အတူ အသင္းရဲ႕အနာဂတ္ကို အေကာင္းဆုံးျဖစ္ေအာင္ဖန္တီးႏိုင္မယ္ဆိုတာ ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။