PSG အသင်းနဲ့ ဆွေးနွေးနေတဲ့ ပေါ့ဘာ ရဲ့အေးဂျင့် ရွိုင်အိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူ ကွင်းလယ်လူ ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်အိုလာ က ပြင်သစ်ထိပ်သီးကလပ် PSG နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်တိုင်း ပေါ့ဘာ ရဲ့ သတင်းတွေဟာ အမြဲလိုလို ထွက်ပေါ်လေ့ရှိပါတယ်။

အဲ့ဒီသတင်းတွေရဲ့ နောက်ကွယ်ကလူကတော့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာပါပဲ။

ရွိုင်အိုလာ ဟာ နာမည်ကျော်ကစားသမားတွေကို ချုပ်ကိုင်ထားပြီး အေးဂျင့်ကြေးများများရရှိအောင် မကြာခဏအသင်းပြောင်းခိုင်းလေ့ရှိလို့ သက်ဆိုင်ရာအသင်းတွေနဲ့ ပြဿနာခဏခဏတက်လေ့ရှိသူပါ။

ပေါ့ဘာ နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်က တနှစ်သာကျန်တော့တာကြောင့် မန်ယူ က စာချုပ်သစ်ချုပ်ဆိုဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။

ဒါပေမဲ့ ရွိုင်အိုလာ က စာချုပ်သစ်ဆက်မချုပ်တော့ဖို့ ပေါ့ဘာ ကို တိုက်တွန်းထားပုံရပြီး အသင်းသစ်ရှာပေးဖို့ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် PSG နဲ့ ဆွေးနွေးနေတာဖြစ်ပြီး ပေါင် ၄၃ သန်းလောက်နဲ့ ပေါ့ဘာ ကမ်းလှမ်းဖို့ ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

ပေါ့ဘာ ကလည်း ရွိုင်အိုလာ ရဲ့ အကြံပေးချက်အတိုင်း အသင်းပြောင်းဖို့ စိတ်ကူးနေပြီး မန်ယူ ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်သွားဖို့ရှိနေပါတယ်။

ပေါ့ဘာကို ဒီရာသီအသင်းမှာ ဆက်ထားပြီး နောက်ရာသီမှာ အလွတ်ထွက်ခွင့်ပေးမလား ၊

ဒါမှမဟုတ် PSG ပေးတဲ့ ပြောင်းရွှေ့ကြေးကို လက်ခံပြီး ဒီရာသီမှာပဲ ပေါ့ဘာ ကို ရောင်းထုတ်မလား ဆိုတာကတော့ မန်ယူအသင်းအပေါ်မှာသာ မူတည်နေတယ်လို့ ဆိုရမှာပါ။

မန်ယူ ကလည်း ပေါ့ဘာ ရဲ့နေရာကို အစားထိုးဖို့အတွက် ပြင်သစ်လူငယ်ကွင်းလယ်လူ ကာမာဗင်ဂါ နဲ့ အက်သလက်တီကို ကွင်းလယ်လူ ဆာအူလ် တို့ကို စောင့်ကြည့်နေပါတယ်။

အဆိုပါကစားသမား ၂ ယောက်စလုံးကလည်း မန်ယူ ကို ပြောင်းဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဒါကြောင့် မန်ယူအနေနဲ့ မနေချင်တော့တဲ့ ပေါ့ဘာ ကို လက်လွှတ်ပြီး ကာမာဗင်ဂါ နဲ့ ဆာအူလ် တို့ကိုသာ အစားထိုးခေါ်ယူဖို့ လုပ်ဆောင်သင့်တယ်လို့ သုံးသပ်မိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG အသင္းနဲ႔ ေဆြးေႏြးေနတဲ့ ေပါ့ဘာရဲ႕ေအးဂ်င့္ ႐ြိဳင္အိုလာ

မန္ယူ ကြင္းလယ္လူ ေပါ့ဘာ ရဲ႕ ေအးဂ်င့္ ႐ြိဳင္အိုလာ က ျပင္သစ္ထိပ္သီးကလပ္ PSG နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။

အေျပာင္းအေ႐ႊ႕ေစ်းကြက္ဖြင့္ခ်ိန္တိုင္း ေပါ့ဘာ ရဲ႕ သတင္းေတြဟာ အၿမဲလိုလို ထြက္ေပၚေလ့ရွိပါတယ္။ အဲ့ဒီသတင္းေတြရဲ႕ ေနာက္ကြယ္ကလူကေတာ့ ေအးဂ်င့္ျဖစ္သူ ႐ြိဳင္အိုလာ ပါပဲ။ ႐ြိဳင္အိုလာ ဟာ နာမည္ေက်ာ္ကစားသမားေတြကို ခ်ဳပ္ကိုင္ထားၿပီး ေအးဂ်င့္ေၾကးမ်ားမ်ားရရွိေအာင္ မၾကာခဏအသင္းေျပာင္းခိုင္းေလ့ရွိလို႔ သက္ဆိုင္ရာအသင္းေတြနဲ႔ ျပႆနာခဏခဏတက္ေလ့ရွိသူပါ။

ေပါ့ဘာ နဲ႔ မန္ယူအသင္းတို႔ရဲ႕ စာခ်ဳပ္က တႏွစ္သာက်န္ေတာ့တာေၾကာင့္ မန္ယူ က စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အစြမ္းကုန္ႀကိဳးစားေနပါတယ္။ ဒါေပမဲ့ ႐ြိဳင္အိုလာ က စာခ်ဳပ္သစ္ဆက္မခ်ဳပ္ေတာ့ဖို႔ ေပါ့ဘာ ကို တိုက္တြန္းထားပုံရၿပီး အသင္းသစ္ရွာေပးဖို႔ လုပ္ေဆာင္ေနပါတယ္။

ဒါေၾကာင့္ PSG နဲ႔ ေဆြးေႏြးေနတာျဖစ္ၿပီး ေပါင္ ၄၃ သန္းေလာက္နဲ႔ ေပါ့ဘာ ကမ္းလွမ္းဖို႔ ေျပာဆိုခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ ေပါ့ဘာ ကလည္း ႐ြိဳင္အိုလာ ရဲ႕ အႀကံေပးခ်က္အတိုင္း အသင္းေျပာင္းဖို႔ စိတ္ကူးေနၿပီး မန္ယူ ရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကို ျငင္းပယ္သြားဖို႔ရွိေနပါတယ္။

ေပါ့ဘာကို ဒီရာသီအသင္းမွာ ဆက္ထားၿပီး ေနာက္ရာသီမွာ အလြတ္ထြက္ခြင့္ေပးမလား ၊ ဒါမွမဟုတ္ PSG ေပးတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို လက္ခံၿပီး ဒီရာသီမွာပဲ ေပါ့ဘာ ကို ေရာင္းထုတ္မလား ဆိုတာကေတာ့ မန္ယူအသင္းအေပၚမွာသာ မူတည္ေနတယ္လို႔ ဆိုရမွာပါ။

မန္ယူ ကလည္း ေပါ့ဘာ ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ ျပင္သစ္လူငယ္ကြင္းလယ္လူ ကာမာဗင္ဂါ နဲ႔ အက္သလက္တီကို ကြင္းလယ္လူ ဆာအူလ္ တို႔ကို ေစာင့္ၾကည့္ေနပါတယ္။ အဆိုပါကစားသမား ၂ ေယာက္စလုံးကလည္း မန္ယူ ကို ေျပာင္းဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။ ဒါေၾကာင့္ မန္ယူအေနနဲ႔ မေနခ်င္ေတာ့တဲ့ ေပါ့ဘာ ကို လက္လႊတ္ၿပီး ကာမာဗင္ဂါ နဲ႔ ဆာအူလ္ တို႔ကိုသာ အစားထိုးေခၚယူဖို႔ လုပ္ေဆာင္သင့္တယ္လို႔ သုံးသပ္မိပါတယ္။