PSG အသင်းနည်းနဲ့ပတ်သက်ပြီး တစ်စက္ကန့်လောက်တောင် မစဉ်းစားဖူးဘူးလို့ ဂွါဒီယိုလာဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ PSG အသင်းမှာ သူ့တပည့်ဟောင်းမက်ဆီနဲ့ပြန်လည်လက်တွဲဖို့ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ငြင်းဆန်ခဲ့သလို PSG အသင်းနဲ့ပတ်သက်ပြီး တစ်စက္ကန့်လောက်တောင်မှ မစဉ်းစားဖူးဘူးလို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

အခု စက်တင်ဘာလကုန်လောက်မှာ မန်စီးတီးအသင်းဟာ PSG အသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်လို့ ဂွါဒီယိုလာအနေနဲ့ သူ့တပည့်ဟောင်းမက်ဆီကို ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ (၄)နှစ်ကြာလက်တွဲခဲ့ပြီး လာလီဂါ(၃)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေအများကြီးရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ပရီးမီးယားလိဂ်ပွဲမှာ လက်စတာအသင်းကို (၁-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ်

လိုက်ပ်ဇစ်အသင်းနဲ့အိမ်ကွင်းပွဲစဥ်ရင်ဆိုင်ရမှာဖြစ်တာကြောင့် မက်ဆီနဲ့ဆုံတွေ့မယ့်ပွဲထက် လိုက်ပ်ဇစ်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အရင်ဆုံးအာရုံစိုက်ရမှာဖြစ်တယ်လို့ ဂွါဒီယိုလာကပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက “လိုက်ပ်ဇစ်နဲ့ကစားမယ့်အုပ်စုအဖွင့်ပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲမယ်ဆိုတာအသေအချာပဲဖြစ်ပြီး ဒါက ပွဲဦးထွက်ဖြစ်လို့ အရေးပါတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ အခုလောလောဆယ်တော့ PSG အသင်းနဲ့ပတ်သက်လို့ တစ်စက္ကန့်လောက်တောင် ကျွန်တော်မစဉ်းစားရသေးပါဘူး။

အုပ်စုတွင်းမှာ ကျွန်တော်တို့ဟာ ပြိုင်ဘက်ကောင်းတွေနဲ့အတူကျရောက်နေလို့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း လိုက်ပ်ဇစ်ဟာ ဘွန်ဒစ်လီဂါထိပ်သီးစာရင်းဝင်အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို မယှဉ်နိုင်သေးပေမယ့် ဒေ့ါမွန်အသင်းနဲ့ အဆင့်(၂)၊(၃)နေရာတွေကို အပြိုင်လုနေတဲ့အသင်းဖြစ်ပါတယ်။

အဲဒါကြောင့် သူတို့နဲ့ရင်ဆိုင်ကစားရမယ့်ပွဲက ကျွန်တော်တို့အသင်းအတွက် စိတ်လှုပ်ရှားစရာကောင်းမယ့် စမ်းသပ်မှုတစ်ခုဖြစ်လာမှာပါ”လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ ပြင်သစ်ထိပ်သီးကလပ် PSG ၊ ဂျာမန်ကလပ် လိုက်ပ်ဇစ်၊ ဘယ်လ်ဂျီယံနာမည်ကျော် ကလပ်ဘရုချ်အသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂွါဒီယိုလာရဲ့မန်စီးတီးနည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် ချယ်လ်ဆီးကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

PSG အသင္းနည္းနဲ႔ပတ္သက္ၿပီး တစ္စကၠန႔္ေလာက္ေတာင္ မစဥ္းစားဖူးဘူးလို႔ ဂြါဒီယိုလာဖြင့္ဟ

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာ PSG အသင္းမွာ သူ႔တပည့္ေဟာင္းမက္ဆီနဲ႔ျပန္လည္လက္တြဲဖို႔ရွိေနတယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို ျငင္းဆန္ခဲ့သလို PSG အသင္းနဲ႔ပတ္သက္ၿပီး တစ္စကၠန႔္ေလာက္ေတာင္မွ မစဥ္းစားဖူးဘူးလို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ အခု စက္တင္ဘာလကုန္ေလာက္မွာ မန္စီးတီးအသင္းဟာ PSG အသင္းနဲ႔ရင္ဆိုင္ကစားရမွာျဖစ္လို႔ ဂြါဒီယိုလာအေနနဲ႔ သူ႔တပည့္ေဟာင္းမက္ဆီကို ၿပိဳင္ဘက္အျဖစ္ျပန္လည္ရင္ဆိုင္ရမွာလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာနဲ႔မက္ဆီတို႔ဟာ ဘာစီလိုနာအသင္းမွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ (၄)ႏွစ္ၾကာလက္တြဲခဲ့ၿပီး လာလီဂါ(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္အပါအဝင္ ဆုဖလားေအာင္ျမင္မႈေတြအမ်ားႀကီးရယူႏိုင္ခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့စေနေန႔က ပရီးမီးယားလိဂ္ပြဲမွာ လက္စတာအသင္းကို (၁-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး လာမယ့္ဗုဒၶဟူးေန႔က်ရင္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲအျဖစ္ လိုက္ပ္ဇစ္အသင္းနဲ႔အိမ္ကြင္းပြဲစဥ္ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ မက္ဆီနဲ႔ဆုံေတြ႕မယ့္ပြဲထက္ လိုက္ပ္ဇစ္နဲ႔ပြဲမွာ ရလဒ္ေကာင္းဖို႔ အရင္ဆုံးအာ႐ုံစိုက္ရမွာျဖစ္တယ္လို႔ ဂြါဒီယိုလာကေျပာၾကားခဲ့ပါတယ္။

ဂြါဒီယိုလာက “လိုက္ပ္ဇစ္နဲ႔ကစားမယ့္အုပ္စုအဖြင့္ပြဲဟာ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲမယ္ဆိုတာအေသအခ်ာပဲျဖစ္ၿပီး ဒါက ပြဲဦးထြက္ျဖစ္လို႔ အေရးပါတဲ့ပြဲစဥ္တစ္ပြဲလည္းျဖစ္ပါတယ္။ အခုေလာေလာဆယ္ေတာ့ PSG အသင္းနဲ႔ပတ္သက္လို႔ တစ္စကၠန႔္ေလာက္ေတာင္ ကြၽန္ေတာ္မစဥ္းစားရေသးပါဘူး။ အုပ္စုတြင္းမွာ ကြၽန္ေတာ္တို႔ဟာ ၿပိဳင္ဘက္ေကာင္းေတြနဲ႔အတူက်ေရာက္ေနလို႔ ခက္ခက္ခဲခဲရင္ဆိုင္ရမွာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လိုက္ပ္ဇစ္ဟာ ဘြန္ဒစ္လီဂါထိပ္သီးစာရင္းဝင္အသင္းတစ္သင္းျဖစ္ေအာင္ တည္ေဆာက္ႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကို မယွဥ္ႏိုင္ေသးေပမယ့္ ေဒ့ါမြန္အသင္းနဲ႔ အဆင့္(၂)၊(၃)ေနရာေတြကို အၿပိဳင္လုေနတဲ့အသင္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ သူတို႔နဲ႔ရင္ဆိုင္ကစားရမယ့္ပြဲက ကြၽန္ေတာ္တို႔အသင္းအတြက္ စိတ္လႈပ္ရွားစရာေကာင္းမယ့္ စမ္းသပ္မႈတစ္ခုျဖစ္လာမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ ျပင္သစ္ထိပ္သီးကလပ္ PSG ၊ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္၊ ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ ကလပ္ဘ႐ုခ်္အသင္းတို႔နဲ႔တစ္အုပ္စုတည္းက်ေရာက္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဂြါဒီယိုလာရဲ႕မန္စီးတီးနည္းျပဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယနဲ႔ပဲေက်နပ္ခဲ့ရပါတယ္။