
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းခေါင်းစဉ်ဖတ်ပြီး ပရိသတ်တွေ နည်းနည်းနားလည်ရခက်သွားမယ်ထင်တယ်။
PSG အသင်းဆီ ရောက်သွားတာနဲ့ မက်ဆီ ကမ္ဘာ့ဖလားရမယ်ဆိုတာကဘာဆိုင်လို့လဲလို့ တွေးကောင်းတွေးမိနေပါလိမ့်မယ်။
အဲဒါနဲ့ပတ်သက်ပြီး အကြောင်းရင်းအခိုင်အမာရှိပါတယ်။
အဲဒါကတော့ ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီး ရော်နယ်လ်ဒင်ဟို၊ လက်ရှိဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်နာမည်ကျော်ဘာပေတို့ဟာ PSG အသင်းဆီပြောင်းရွှေ့ခဲ့ပြီး နောက်နှစ်မှာပဲ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ရယူနိုင်ခဲ့လို့ပါပဲ။
PSG အသင်းဟာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းမှာ ခြေစွမ်းပြနေတဲ့ အသက်(၂၁)နှစ်အရွယ် လူငယ်ကစားသမားလေးရော်နယ်လ်ဒင်ဟိုကို ၂၀၀၁ ခုနှစ်မှာ ယူရို(၅)သန်းနဲ့ခေါ်ယူခဲ့ပြီး
ရော်နယ်လ်ဒင်ဟိုဟာ အဲဒီအချိန်က ပရိသတ်သိပ်မသိသေးတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ချိန်မှာတော့ သူ့နာမည်က တဟုန်ထိုးကျော်ကြားလာခဲ့တာပါ။
ရော်နယ်လ်ဒင်ဟိုဟာ PSG ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုမရခဲ့ပေမယ့် သူ့ရဲ့ပဥ္စလက်ဆန်တဲ့ခြေစွမ်းကြောင့် ဥရောပထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခံခဲ့ရသလို ၂၀၀၂ ကမ္ဘာ့ဖလားအပြီး နောက်တစ်နှစ်မှာပဲ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းက သူ့ကို ယူရိုသန်း(၃၀)အထိပေးပြီးတော့ ခေါ်ယူခဲ့ပါတယ်။
PSG အသင်းဆီရောက်ပြီး နောက်နှစ်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ နောက်ထပ်ကစားသမားကတော့ ဘာပေဖြစ်ပါတယ်။
အသက်(၁၆)နှစ်အရွယ်မှာကတည်းက ‘တောက်မယ့်မီးခဲ တရဲရဲ’ဆိုသလိုဖြစ်ခဲ့တဲ့ ဘာပေဟာ မိုနာကိုအသင်းအတွက် အသက်နဲ့မလိုက်အောင်ခြေစွမ်းပြကစားနေတာကြောင့် ၂၀၁၇ ခုနှစ်မှာ PSG အသင်းက သူ့ကို အငှားနဲ့အရင်ခေါ်ယူခဲ့ပြီး
၂၀၁၈-၁၉ ရာသီမှာတော့ ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရိုသန်း(၁၈၀)နဲ့ အပြီးသတ်စာချုပ်ချုပ်ခဲ့သလို ဘာပေဟာ ဘောလုံးသမိုင်းတစ်လျှောက် နေမာပြီးရင် ဒုတိယမြောက်ကြေးအကြီးအဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘာပေကလည်း ရော်နယ်လ်ဒင်ဟိုလိုပဲ PSG အသင်းဆီရောက်ရှိခဲ့ပြီး နောက်(၁)နှစ်အကြာ ၂၀၁၈ ခုနှစ်မှာ ပြင်သစ်အသင်းအတွက် နှစ်ပေါင်း(၂၀)ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ခြေစွမ်းပြကစားခဲ့တဲ့အပြင်
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဘရာဇီးလ်ဂန္ထဝင်ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမား၊
ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားစတဲ့ စံချိန်မှတ်တမ်းကောင်းတွေပါ ပိုင်ဆိုင်ခဲ့ပါတယ်။
ရော်နယ်လ်ဒင်ဟိုနဲ့ ဘာပေတို့ပြီးတော့ အခုအလှည့်ကျလာသူက မက်ဆီပါပဲ။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာဘောလုံးလောကမှာ အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရယူဖို့ပဲ လိုပါတော့တယ်။
လာမယ့်နှစ်ကျရင်လည်း ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှာဖြစ်တဲ့အတွက် ရော်နယ်လ်ဒင်ဟို၊ ဘာပေတို့လိုပဲ PSG အသင်းဆီပြောင်းပြီး နောက်နှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုရခဲ့တဲ့ ကံကြမ္မာကောင်းကို ဆက်လက်ပိုင်ဆိုင်မယ့်သူက မက်ဆီဖြစ်လာမလား . . .
ဒါမှမဟုတ် ဒီအစဉ်အလာက ရပ်တန့်သွားမလားဆိုတာကေတာ့ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
PSG အသင္းကို ေျပာင္းေ႐ႊ႕ခဲ့လို႔ ကမာၻ႔ဖလားခ်န္ပီယံကိုင္ေျမႇာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိသြားတဲ့ မက္ဆီ
သတင္းေခါင္းစဥ္ဖတ္ၿပီး ပရိသတ္ေတြ နည္းနည္းနားလည္ရခက္သြားမယ္ထင္တယ္။ PSG အသင္းဆီ ေရာက္သြားတာနဲ႔ မက္ဆီ ကမာၻ႔ဖလားရမယ္ဆိုတာကဘာဆိုင္လို႔လဲလို႔ ေတြးေကာင္းေတြးမိေနပါလိမ့္မယ္။ အဲဒါနဲ႔ပတ္သက္ၿပီး အေၾကာင္းရင္းအခိုင္အမာရွိပါတယ္။ အဲဒါကေတာ့ ဘရာဇီးလ္ဂႏၴဝင္ကစားသမားႀကီး ေရာ္နယ္လ္ဒင္ဟို၊ လက္ရွိေဘာလုံးေလာကရဲ႕ ၾကယ္တစ္ပြင့္အျဖစ္ သတ္မွတ္ခံထားရတဲ့ ျပင္သစ္နာမည္ေက်ာ္ဘာေပတို႔ဟာ PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး ေနာက္ႏွစ္မွာပဲ ႏိုင္ငံအသင္းနဲ႔အတူ ကမာၻ႔ဖလားခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့လို႔ပါပဲ။
PSG အသင္းဟာ ဘရာဇီးလ္ကလပ္ ဂရီမီယိုအသင္းမွာ ေျခစြမ္းျပေနတဲ့ အသက္(၂၁)ႏွစ္အ႐ြယ္ လူငယ္ကစားသမားေလးေရာ္နယ္လ္ဒင္ဟိုကို ၂၀၀၁ ခုႏွစ္မွာ ယူ႐ို(၅)သန္းနဲ႔ေခၚယူခဲ့ၿပီး ေရာ္နယ္လ္ဒင္ဟိုဟာ အဲဒီအခ်ိန္က ပရိသတ္သိပ္မသိေသးတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ ၂၀၀၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားရယူႏိုင္ခဲ့ခ်ိန္မွာေတာ့ သူ႔နာမည္က တဟုန္ထိုးေက်ာ္ၾကားလာခဲ့တာပါ။ ေရာ္နယ္လ္ဒင္ဟိုဟာ PSG ကစားသမားဘဝမွာ ဆုဖလားေအာင္ျမင္မႈမရခဲ့ေပမယ့္ သူ႔ရဲ႕ပၪၥလက္ဆန္တဲ့ေျခစြမ္းေၾကာင့္ ဥေရာပထိပ္သီးအသင္းေတြရဲ႕ ပစ္မွတ္ထားခံခဲ့ရသလို ၂၀၀၂ ကမာၻ႔ဖလားအၿပီး ေနာက္တစ္ႏွစ္မွာပဲ လာလီဂါထိပ္သီး ဘာစီလိုနာအသင္းက သူ႔ကို ယူ႐ိုသန္း(၃၀)အထိေပးၿပီးေတာ့ ေခၚယူခဲ့ပါတယ္။
PSG အသင္းဆီေရာက္ၿပီး ေနာက္ႏွစ္မွာပဲ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ေနာက္ထပ္ကစားသမားကေတာ့ ဘာေပျဖစ္ပါတယ္။ အသက္(၁၆)ႏွစ္အ႐ြယ္မွာကတည္းက ‘ေတာက္မယ့္မီးခဲ တရဲရဲ’ဆိုသလိုျဖစ္ခဲ့တဲ့ ဘာေပဟာ မိုနာကိုအသင္းအတြက္ အသက္နဲ႔မလိုက္ေအာင္ေျခစြမ္းျပကစားေနတာေၾကာင့္ ၂၀၁၇ ခုႏွစ္မွာ PSG အသင္းက သူ႔ကို အငွားနဲ႔အရင္ေခၚယူခဲ့ၿပီး ၂၀၁၈-၁၉ ရာသီမွာေတာ့ ဆယ္ေက်ာ္သက္ကစားသမားတစ္ဦးအတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖစ္တဲ့ ယူ႐ိုသန္း(၁၈၀)နဲ႔ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ခဲ့သလို ဘာေပဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေနမာၿပီးရင္ ဒုတိယေျမာက္ေၾကးအႀကီးအဆုံးအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဘာေပကလည္း ေရာ္နယ္လ္ဒင္ဟိုလိုပဲ PSG အသင္းဆီေရာက္ရွိခဲ့ၿပီး ေနာက္(၁)ႏွစ္အၾကာ ၂၀၁၈ ခုႏွစ္မွာ ျပင္သစ္အသင္းအတြက္ ႏွစ္ေပါင္း(၂၀)ၾကာေဝးကြာေနတဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုရရွိေအာင္ ေျခစြမ္းျပကစားခဲ့တဲ့အျပင္ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆုံးဂိုးသြင္းသူ၊ ဘရာဇီးလ္ဂႏၴဝင္ပီလီေနာက္ပိုင္း ကမာၻ႔ဖလားပြဲစဥ္တစ္ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တဲ့ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမား၊ ဗိုလ္လုပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဒုတိယေျမာက္အသက္အငယ္ဆုံးကစားသမားစတဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြပါ ပိုင္ဆိုင္ခဲ့ပါတယ္။ ေရာ္နယ္လ္ဒင္ဟိုနဲ႔ ဘာေပတို႔ၿပီးေတာ့ အခုအလွည့္က်လာသူက မက္ဆီပါပဲ။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ လက္ေ႐ြးစင္ကစားသမားဘဝ ပထမဆုံးခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံတကာေဘာလုံးေလာကမွာ အျမင့္ဆုံးေအာင္ျမင္မႈျဖစ္တဲ့ ကမာၻ႔ဖလားခ်န္ပီယံဆုရယူဖို႔ပဲ လိုပါေတာ့တယ္။ လာမယ့္ႏွစ္က်ရင္လည္း ကာတာႏိုင္ငံမွာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမွာျဖစ္တဲ့အတြက္ ေရာ္နယ္လ္ဒင္ဟို၊ ဘာေပတို႔လိုပဲ PSG အသင္းဆီေျပာင္းၿပီး ေနာက္ႏွစ္မွာ ကမာၻ႔ဖလားခ်န္ပီယံဆုရခဲ့တဲ့ ကံၾကမၼာေကာင္းကို ဆက္လက္ပိုင္ဆိုင္မယ့္သူက မက္ဆီျဖစ္လာမလား . .ဒါမွမဟုတ္ ဒီအစဥ္အလာက ရပ္တန႔္သြားမလားဆိုတာေကတာ့ . . .