PSG နဲ့ စာချုပ်သက်တမ်းတိုးဖို့ နေမာ သဘောတူညီလိုက်ပြီလို့ သတင်းထွက်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူးနေမာဟာ အသင်းနဲ့ (၄)နှစ်စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီလိုက်ပြီလို့ ပြင်သစ်နဲ့ ဘရာဇီးလ်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

PSG အသင်းမှာ တစ်ပတ်ကို ပေါင်(၆)သိန်းရရှိနေသူ နေမာဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေလည်းထွက်ပေါ်နေပေမယ့် PSG အသင်းကတော့ သူတို့ရဲ့အဓိက ကစားသမား နေမာကို လက်မလွှတ်ရစေဖို့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာတော့ ပြင်သစ်အခြေစိုက် RMC Sport မီဒီယာက နေမာဟာ PSG အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီး အခုရက်ပိုင်းအတွင်း လက်မှတ်ထိုးသွားဖို့ရှိတယ်လို့ ဖော်ပြခဲ့တာပါ။

၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ PSG ကစားသမားဘ၀ ပထမဆုံးရာသီမှာ အခြေကျဖို့ရုန်းကန်ခဲ့သလို ဒဏ်ရာပြဿနာတွေရယ်၊ ကလပ်အသင်းက ဥရောပမှာ အောင်မြင်မှုမရတာရယ်တွေကြောငင့် အသင်းဟောင်း ဘာစီလိုနာကို ပြန်ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပြီးတဲ့နောက် နေမာဟာ PSG အသင်းနဲ့ ဆက်ပြီးလက်တွဲဖို့ ဆန္ဒရှိနေတာပါ။ ဘရာဇီးလ်နိုင်ငံက ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ မာဆယ်လိုဘတ်ချ်လာက နေမာနဲ့ PSG အသင်းတို့ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုဟာ အဆင်ပြေခဲ့ပြီး ဆောင်ရွက်စရာကိစ္စတွေကို အပြီးသတ်နိုင်တော့မယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်တဲ့ နေမာဟာ ဒီရာသီမှာ PSG အသင်းအတွက် (၁၆)ပွဲကစား၊ (၁၃)ဂိုးထားပြီး အခုသတင်းဟာ နေမာကို ဆက်ထိန်းထားချင်တဲ့ နည်းပြပိုချက်တီနိုအတွက်တော့ တကယ့်ကို စိတ်သက်သာရာရစေခဲ့ပါတယ်။

ဒါ့အပြင် PSG အသင်းရဲ့ နောက်ထပ်အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဘာပေကလည်း အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ပြောကြားခဲ့တာကြောင့် လာမယ့်နွေရာသီမှာ ဒီကစားသမားနှစ်ဦးရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ရာနှုန်းနည်းသွားပြီလို့ပြောရမှာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေနမာ သေဘာတူညီလိုက္ၿပီလို႔ သတင္းထြက္ေန

PSG အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ အသင္းနဲ႔ (၄)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီလိုက္ၿပီလို႔ ျပင္သစ္နဲ႔ ဘရာဇီးလ္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ PSG အသင္းမွာ တစ္ပတ္ကို ေပါင္(၆)သိန္းရရွိေနသူ ေနမာဟာ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြလည္းထြက္ေပၚေနေပမယ့္ PSG အသင္းကေတာ့ သူတို႔ရဲ႕အဓိက ကစားသမား ေနမာကို လက္မလႊတ္ရေစဖို႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ပါတယ္။ အခုလက္ရွိအခ်ိန္မွာေတာ့ ျပင္သစ္အေျခစိုက္ RMC Sport မီဒီယာက ေနမာဟာ PSG အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီး အခုရက္ပိုင္းအတြင္း လက္မွတ္ထိုးသြားဖို႔ရွိတယ္လို႔ ေဖာ္ျပခဲ့တာပါ။

၂၀၁၇ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းကေန PSG အသင္းကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေနမာဟာ PSG ကစားသမားဘ၀ ပထမဆုံးရာသီမွာ အေျခက်ဖို႔႐ုန္းကန္ခဲ့သလို ဒဏ္ရာျပႆနာေတြရယ္၊ ကလပ္အသင္းက ဥေရာပမွာ ေအာင္ျမင္မႈမရတာရယ္ေတြေၾကာငင့္ အသင္းေဟာင္း ဘာစီလိုနာကို ျပန္ေျပာင္းေတာ့မယ္ဆိုတဲ့ သတင္းေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနတာျဖစ္ပါတယ္။ ဒါေပမဲ့ PSG အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲကို အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့ၿပီးတဲ့ေနာက္ ေနမာဟာ PSG အသင္းနဲ႔ ဆက္ၿပီးလက္တြဲဖို႔ ဆႏၵရွိေနတာပါ။ ဘရာဇီးလ္ႏိုင္ငံက ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ မာဆယ္လိုဘတ္ခ်္လာက ေနမာနဲ႔ PSG အသင္းတို႔ရဲ႕ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈဟာ အဆင္ေျပခဲ့ၿပီး ေဆာင္႐ြက္စရာကိစၥေတြကို အၿပီးသတ္ႏိုင္ေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္တဲ့ ေနမာဟာ ဒီရာသီမွာ PSG အသင္းအတြက္ (၁၆)ပြဲကစား၊ (၁၃)ဂိုးထားၿပီး အခုသတင္းဟာ ေနမာကို ဆက္ထိန္းထားခ်င္တဲ့ နည္းျပပိုခ်က္တီႏိုအတြက္ေတာ့ တကယ့္ကို စိတ္သက္သာရာရေစခဲ့ပါတယ္။ ဒါ့အျပင္ PSG အသင္းရဲ႕ ေနာက္ထပ္အဓိကကစားသမားတစ္ဦးျဖစ္တဲ့ ဘာေပကလည္း အသင္းမွာ ဆက္ေနဖို႔ ဆႏၵရွိေနတယ္လို႔ေျပာၾကားခဲ့တာေၾကာင့္ လာမယ့္ေႏြရာသီမွာ ဒီကစားသမားႏွစ္ဦးရဲ႕ အေျပာင္းအေ႐ႊ႕က ျဖစ္ေပၚလာဖို႔ ရာႏႈန္းနည္းသြားၿပီလို႔ေျပာရမွာပါပဲ။