PSG နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဒီမာရီယာ ကလပ်စံချိန်တစ်ခုကို ရယူနိုင်ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့ အာဂျင်တီးနားဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာဟာ အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ (၁)နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ PSG အသင်း ကို ပြောင်းရွှေ့ခဲ့သူ ဒီမာရီယာဟာ အသင်းအတွက် (၈၇)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၉၉)ကြိမ်အထိပြုလုပ်ထားပြီး ပြည်တွင်းဖလားတွေ ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူပါ။

PSG အသင်းဟာ အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမာရီယာကို ၂၀၂၂ ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုခဲ့သလို အဲဒီစာချုပ်ပြည့်သွားရင် နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ နောက်ထပ်(၁)နှစ်သက်တမ်းတိုးသွားမယ်ဆိုတဲ့ အချက်လည်းပါဝင်ခဲ့ပါတယ်။ ဒီမာရီယာဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဖြစ်တာကြောင့် ကလပ်အသင်းသမိုင်းဝင်မယ့် စံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ဖို့ နီးစပ်နေပါပြီ။

အဲဒီစံချိန်ကတော့ PSG အသင်းသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ခဲ့သူဆိုတဲ့ စံချိန်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ PSG အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် နာမည်ကျော်ကစားသမားဟောင်း ဆာဖက်ဆူဆစ်က ရပ်တည်နေပြီး သူဟာ PSG အသင်းမှာ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၁ခုနှစ်အထိကစားခဲ့သလို ဂိုးဖန်တီးမှု (၁၀၃)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် ဂိုးဖန်တီးမှု (၉၉)ကြိမ်အထိပြုလုပ်ထားတဲ့ ဒီမာရီယာဟာ ဆူဆစ်ရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ နောက်ထပ်(၄)ကြိမ်သာလိုတော့တာကြောင့် မကြာခင်ကာလအတွင်း ကလပ်အသင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ဖို့ရှိနေပါပြီ။ ဒီမာရီယာက “ဆာဖက်ဆူဆစ်ရဲ့စံချိန်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ PSG အသင်းရဲ့ သမိုင်းမှတ်တမ်းတစ်နေရာမှာ ကျွန်တော် ပါဝင်ခွင့်ရချင်လို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

PSG ကစားသမားဘဝတစ်လျှောက်မှာ ဒီမာရီယာဟာ ပြင်သစ်လီဂူးဖလား (၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၁၆)ခုအထိရရှိခဲ့ပြီး ဒီရာသီမှာလည်း နောက်ထပ်ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါပြီ။ PSG အသင်းဟာ ဒီရာသီအမှတ်ပေးပြိုင်ပွဲမှာ ထိပ်ဆုံးက လိုင်လီနဲ့ (၂)မှတ်အကွာ အဆင့်(၂)နေရာမှာရပ်တည်နေပြီး ပြင်သစ်ဖလားပြိုင်ပွဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်နဲ့ အဓိကပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်တွေကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဒီမာရီယာ ကလပ္စံခ်ိန္တစ္ခုကို ရယူႏိုင္ဖို႔ရွိေန

PSG အသင္းရဲ႕ အာဂ်င္တီးနားဝါရင့္ေတာင္ပံတိုက္စစ္ကစားသမား ဒီမာရီယာဟာ အသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ (၁)ႏွစ္စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကေန PSG အသင္း ကို ေျပာင္းေ႐ႊ႕ခဲ့သူ ဒီမာရီယာဟာ အသင္းအတြက္ (၈၇)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၉၉)ႀကိမ္အထိျပဳလုပ္ထားၿပီး ျပည္တြင္းဖလားေတြ ရယူႏိုင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့သူပါ။ PSG အသင္းဟာ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီမာရီယာကို ၂၀၂၂ ခုႏွစ္အထိစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သလို အဲဒီစာခ်ဳပ္ျပည့္သြားရင္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီမႈနဲ႔ ေနာက္ထပ္(၁)ႏွစ္သက္တမ္းတိုးသြားမယ္ဆိုတဲ့ အခ်က္လည္းပါဝင္ခဲ့ပါတယ္။ ဒီမာရီယာဟာ PSG အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ကလပ္အသင္းသမိုင္းဝင္မယ့္ စံခ်ိန္တစ္ခုကိုလည္း ပိုင္ဆိုင္ဖို႔ နီးစပ္ေနပါၿပီ။

အဲဒီစံခ်ိန္ကေတာ့ PSG အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးဖန္တီးမႈအမ်ားဆုံးျပဳလုပ္ခဲ့သူဆိုတဲ့ စံခ်ိန္ပဲျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ PSG အသင္းရဲ႕ ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ နာမည္ေက်ာ္ကစားသမားေဟာင္း ဆာဖက္ဆူဆစ္က ရပ္တည္ေနၿပီး သူဟာ PSG အသင္းမွာ ၁၉၈၂ ခုႏွစ္ကေန ၁၉၉၁ခုႏွစ္အထိကစားခဲ့သလို ဂိုးဖန္တီးမႈ (၁၀၃)ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဂိုးဖန္တီးမႈ (၉၉)ႀကိမ္အထိျပဳလုပ္ထားတဲ့ ဒီမာရီယာဟာ ဆူဆစ္ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ေနာက္ထပ္(၄)ႀကိမ္သာလိုေတာ့တာေၾကာင့္ မၾကာခင္ကာလအတြင္း ကလပ္အသင္း ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ဖို႔ရွိေနပါၿပီ။ ဒီမာရီယာက “ဆာဖက္ဆူဆစ္ရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ PSG အသင္းရဲ႕ သမိုင္းမွတ္တမ္းတစ္ေနရာမွာ ကြၽန္ေတာ္ ပါဝင္ခြင့္ရခ်င္လို႔ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ PSG ကစားသမားဘဝတစ္ေလွ်ာက္မွာ ဒီမာရီယာဟာ ျပင္သစ္လီဂူးဖလား (၄)ႀကိမ္အပါအဝင္ ဆုဖလားေပါင္း(၁၆)ခုအထိရရွိခဲ့ၿပီး ဒီရာသီမွာလည္း ေနာက္ထပ္ဆုဖလားေတြ ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။ PSG အသင္းဟာ ဒီရာသီအမွတ္ေပးၿပိဳင္ပြဲမွာ ထိပ္ဆုံးက လိုင္လီနဲ႔ (၂)မွတ္အကြာ အဆင့္(၂)ေနရာမွာရပ္တည္ေနၿပီး ျပင္သစ္ဖလားၿပိဳင္ပြဲမွာ ရႈံးထြက္(၁၆)သင္းအဆင့္နဲ႔ အဓိကၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာ ကြာတားဖိုင္နယ္အဆင့္ေတြကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။