PSG နဲ့ကစားခဲ့တဲ့ပွဲမှာ ဂရစ်ဇ်မန်းကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့တဲ့ ပီကေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းကို (၄-၁)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲမှာ ဘာစီလိုနာကစားသမားနှစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ပီကေးတို့ အချင်းများခဲ့ကြပြီး ပီကေးက ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတဲ့အထိ အခြေအနေတင်းမာခဲ့ကြပါတယ်။

အဲဒီပွဲမှာ ဘာစီလိုနာအသင်းအတွက် မက်ဆီက ပယ်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဘာပေက ချေပဂိုးပြန်သွင်းခဲ့ပြီး PSG အသင်းက ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေချိန်မှာ ပီကေးနဲ့ ဂရစ်ဇ်မန်းတို့ စကားများခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦး အပြန်အလှန်ပြောဆိုနေတာကို ကွင်းဘေးက မိုက်ခရိုဖုန်းကနေ ပီပီပြင်ပြင် အသံဖမ်းထားနိုင်ခဲ့ပြီး စပိန်နာမည်ကျော် အားကစားသတင်းစာ Marca က အဲဒီအဖြစ်အပျက်ကို အခုလိုဖော်ပြခဲ့ပါတယ်။

ပီကေး -“ဘောလုံးပိုင်ဆိုင်မှု အသာရအောင် ကစားကြကွ။ f***’s sake ၊ F***ing hell!
ဂရစ်ဇ်မန်း – “အေးဆေးကစားပါကွ။ ဂျရီ။ လျှောက်အော်မနေနဲ့”

ပီကေး – “F***ing hell Grizzi, f***’s sake.”

ဂရစ်ဇ်မန်း – “F*** you.”

ပီကေး – “No, f*** you. ငါတို့တွေ အခြေအနေမကောင်းဘူးကွ။ ဒီပုံစံအတိုင်းဖြစ်နေတာ (၅)မိနစ်လောက်ရှိနေပြီ”
ဂရစ်ဇ်မန်း – “အော်မနေနဲ့ကွာ”


ပီကေး – “Motherf*****, ငါတို့တွေ အရူးတွေလို လျှောက်ပြေးနေကြတာကွ”

ဂရစ်ဇ်မန်း – “အေး၊ ငါလည်း ပြေးနေတာပဲလေကွာ”

အဲဒီအချိန်မှာ ဂိုးသမားဖြစ်သူ တာစတီဂန်ဟာ ပီကေးနဲ့ ဂရစ်ဇ်မန်းတို့ကို ဝင်တားခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေကို လူကပ်ထားဖို့ စေခိုင်းခဲ့တာကြောင့် ရန်ပွဲက ဒီထက်မဆိုးရွားခဲ့တာပါ။ အဲဒီအဖြစ်အပျက်အပြင် ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ PSG အသင်းကို ဘာပေရဲ့ ဟက်ထရစ်၊ မွိုက်စ်ကိန်းရဲ့ သွင်းဂိုးတွေနဲ့ အရှုံးပေးခဲ့ရလို့ နူးကမ့်မှာ စိတ်ပျက်စရာ ညဖြစ်ခဲ့ရတယ်လို့ပြောရမှာဖြစ်ပါတယ်။

အခုဆိုရင် ဘာစီလိုနာအသင်းဟာ PSG ကို အိမ်ကွင်းမှာ (၄)ဂိုးအထိပေးခဲ့ရလို့ ဒီဂိုးကွာခြားချက်ကို ပြန်လည်ချေပပြီး ကွာတားဖိုင်နယ်တက်ဖို့က အရမ်းခက်ခဲသွားပါပြီ။ ၂၀၁၆-၁၇ ရာသီ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ PSG ကို (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ (၆-၁)ဂိုးနဲ့ ပြန်လည်အနိုင်ယူပြီး မယုံနိုင်စရာ Come Back နိုင်ပွဲရရှိခဲ့ဖူးပေမယ့် အခုအချိန်မှာ အဲဒီလို စွမ်းဆောင်ပြနိုင်မလားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG နဲ႔ကစားခဲ့တဲ့ပြဲမွာ ဂရစ္ဇ္မန္းကို ႐ိုင္း႐ိုင္းစိုင္းစိုင္း ဆဲဆိုခဲ့တဲ့ ပီေကး

PSG အသင္းကို (၄-၁)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့ပြဲမွာ ဘာစီလိုနာကစားသမားႏွစ္ဦးျဖစ္တဲ့ ဂရစ္ဇ္မန္းနဲ႔ ပီေကးတို႔ အခ်င္းမ်ားခဲ့ၾကၿပီး ပီေကးက ႐ိုင္း႐ိုင္းစိုင္းစိုင္းဆဲဆိုတဲ့အထိ အေျခအေနတင္းမာခဲ့ၾကပါတယ္။ အဲဒီပြဲမွာ ဘာစီလိုနာအသင္းအတြက္ မက္ဆီက ပယ္နယ္တီကေန ဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္ ဘာေပက ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး PSG အသင္းက ေထာင့္ကန္ေဘာကန္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ပီေကးနဲ႔ ဂရစ္ဇ္မန္းတို႔ စကားမ်ားခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး အျပန္အလွန္ေျပာဆိုေနတာကို ကြင္းေဘးက မိုက္ခ႐ိုဖုန္းကေန ပီပီျပင္ျပင္ အသံဖမ္းထားႏိုင္ခဲ့ၿပီး စပိန္နာမည္ေက်ာ္ အားကစားသတင္းစာ Marca က အဲဒီအျဖစ္အပ်က္ကို အခုလိုေဖာ္ျပခဲ့ပါတယ္။

ပီေကး -“ေဘာလုံးပိုင္ဆိုင္မႈ အသာရေအာင္ ကစားၾကကြ။ f***’s sake ၊ F***ing hell!
ဂရစ္ဇ္မန္း – “ေအးေဆးကစားပါကြ။ ဂ်ရီ။ ေလွ်ာက္ေအာ္မေနနဲ႔”

ပီေကး – “F***ing hell Grizzi, f***’s sake.”
ဂရစ္ဇ္မန္း – “F*** you.”

ပီေကး – “No, f*** you. ငါတို႔ေတြ အေျခအေနမေကာင္းဘူးကြ။ ဒီပုံစံအတိုင္းျဖစ္ေနတာ (၅)မိနစ္ေလာက္ရွိေနၿပီ”
ဂရစ္ဇ္မန္း – “ေအာ္မေနနဲ႔ကြာ”
ပီေကး – “Motherf*****, ငါတို႔ေတြ အ႐ူးေတြလို ေလွ်ာက္ေျပးေနၾကတာကြ”

ဂရစ္ဇ္မန္း – “ေအး၊ ငါလည္း ေျပးေနတာပဲေလကြာ”

အဲဒီအခ်ိန္မွာ ဂိုးသမားျဖစ္သူ တာစတီဂန္ဟာ ပီေကးနဲ႔ ဂရစ္ဇ္မန္းတို႔ကို ဝင္တားခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားေတြကို လူကပ္ထားဖို႔ ေစခိုင္းခဲ့တာေၾကာင့္ ရန္ပြဲက ဒီထက္မဆိုး႐ြားခဲ့တာပါ။ အဲဒီအျဖစ္အပ်က္အျပင္ ဘာစီလိုနာအသင္းဟာ အိမ္ကြင္းမွာ PSG အသင္းကို ဘာေပရဲ႕ ဟက္ထရစ္၊ မြိဳက္စ္ကိန္းရဲ႕ သြင္းဂိုးေတြနဲ႔ အရႈံးေပးခဲ့ရလို႔ ႏူးကမ့္မွာ စိတ္ပ်က္စရာ ညျဖစ္ခဲ့ရတယ္လို႔ေျပာရမွာျဖစ္ပါတယ္။ အခုဆိုရင္ ဘာစီလိုနာအသင္းဟာ PSG ကို အိမ္ကြင္းမွာ (၄)ဂိုးအထိေပးခဲ့ရလို႔ ဒီဂိုးကြာျခားခ်က္ကို ျပန္လည္ေခ်ပၿပီး ကြာတားဖိုင္နယ္တက္ဖို႔က အရမ္းခက္ခဲသြားပါၿပီ။ ၂၀၁၆-၁၇ ရာသီ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဘာစီလိုနာအသင္းဟာ အေဝးကြင္းမွာ PSG ကို (၄)ဂိုးျပတ္ရႈံးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ (၆-၁)ဂိုးနဲ႔ ျပန္လည္အႏိုင္ယူၿပီး မယုံႏိုင္စရာ Come Back ႏိုင္ပြဲရရွိခဲ့ဖူးေပမယ့္ အခုအခ်ိန္မွာ အဲဒီလို စြမ္းေဆာင္ျပႏိုင္မလားဆိုတာကေတာ့ သံသယျဖစ္စရာပါပဲ။