PSG နည်းပြဘဝတုန်းက ဘရူနိုကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ဖူးတယ်လို့ တူချယ် ဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးနည်းပြတူချယ်လ်က PSG အသင်းကို ကိုင်တွယ်နေစဉ်က ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ပြီးခဲ့တဲ့နှစ်၊ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းဆီကနေ ပေါင်(၄၇)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းအတွက် မရှိမဖြစ်တဲ့ကစားသမားတစ်ဦးဖြစ်နေပါပြီ။

စပို့တင်းလစ္စဘွန်းမှာ ဘရူနိုဖာနန်ဒက်စ်ကစားနေကတည်းက PSG အားကစားဒါရိုက်တာဟောင်းဖြစ်သူ ဟင်းနရစ်က ခေါ်ယူဖို့ တူချယ်လ်ကို တိုက်တွန်းခဲ့ပြီး တူချယ်လ်ကလည်း ဘရူနိုဖာနန်ဒက်စ်ရဲ့စွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်တာကြောင့် ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ကာယကံရှင်က ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တူချယ်လ်က “ကျွန်တော်တို့ဟာ ဘရူနိုဖာနန်ဒက်စ်ကို ဆက်သွယ်နိုင်ဖို့နဲ့ ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန်ကြိုးပမ်းခဲ့ဖူးပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကစားခဲ့တဲ့ပွဲတွေ အများကြီးကို ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်စေဖို့ ကစားသမားဆီ ကြိုးစားဆက်သွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီးသားဖြစ်နေတာပါ။

ဘရူနိုဖာနန်ဒက်စ်နဲ့ ကျွန်တော် လူကိုယ်တိုင်မတွေ့ခဲ့ရပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ အခု သူနဲ့ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရမှာဖြစ်လို့ ကျွန်တော်တို့အတွက် ကံမကောင်းဘူးလို့ပဲပြောရမှာပါ”လို့ ဆိုခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့ကတည်းက အကောင်းဆုံးခြေစွမ်းပြနေပြီး ဒီရာသီမှာလည်း (၂၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၃)ကြိမ်အထိပြုလုပ်ထားတာဖြစ်ပါတယ်။

တူချယ်လ်က ဘရူနိုဖာနန်ဒက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး သူ့ကို လေးစားမှုအပြည့်ရှိကြောင်း၊ ယူနိုက်တက်အသင်းကို သူ့တစ်ယောက်တည်းအားနဲ့ ရလဒ်ကောင်းအောင် ဦးဆောင်နိုင်စွမ်းရှိကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အဆင့်(၄)နေရာမှာရပ်တည်နိုင်ဖို့အတွက် ဒီညမှာကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာ အနိုင်(၃)မှတ်ရယူဖို့လိုနေပြီး အနိုင်ရခဲ့ရင် မနေ့က ရှုံးပွဲတွေ့ခဲ့တဲ့ ဝက်စ်ဟမ်းထက် တစ်မှတ်အသာနဲ့ အဆင့်(၄)နေရာရောက်ရှိမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

PSG နည္းျပဘဝတုန္းက ဘ႐ူႏိုကို ေခၚယူဖို႔ႀကိဳးပမ္းခဲ့ဖူးတယ္လို႔ တူခ်ယ္ ဝန္ခံ

ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္က PSG အသင္းကို ကိုင္တြယ္ေနစဥ္က ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက လက္ဦးမႈရယူႏိုင္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို ၿပီးခဲ့တဲ့ႏွစ္၊ဇန္နဝါရီလတုန္းက စပို႔တင္းလစၥဘြန္းအသင္းဆီကေန ေပါင္(၄၇)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းအတြက္ မရွိမျဖစ္တဲ့ကစားသမားတစ္ဦးျဖစ္ေနပါၿပီ။ စပို႔တင္းလစၥဘြန္းမွာ ဘ႐ူႏိုဖာနန္ဒက္စ္ကစားေနကတည္းက PSG အားကစားဒါ႐ိုက္တာေဟာင္းျဖစ္သူ ဟင္းနရစ္က ေခၚယူဖို႔ တူခ်ယ္လ္ကို တိုက္တြန္းခဲ့ၿပီး တူခ်ယ္လ္ကလည္း ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕စြမ္းေဆာင္ရည္ကို ႀကိဳက္ႏွစ္သက္တာေၾကာင့္ ေခၚယူဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ ကာယကံရွင္က ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

တူခ်ယ္လ္က “ကြၽန္ေတာ္တို႔ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ကို ဆက္သြယ္ႏိုင္ဖို႔နဲ႔ ေခၚယူႏိုင္ဖို႔အတြက္ အသည္းအသန္ႀကိဳးပမ္းခဲ့ဖူးပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ကစားခဲ့တဲ့ပြဲေတြ အမ်ားႀကီးကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ေစဖို႔ ကစားသမားဆီ ႀကိဳးစားဆက္သြယ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သူက ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ၿပီးသားျဖစ္ေနတာပါ။ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ကြၽန္ေတာ္ လူကိုယ္တိုင္မေတြ႕ခဲ့ရေပမယ့္ သူ႔ကို ေခၚယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံးႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။ အခု သူနဲ႔ၿပိဳင္ဘက္အျဖစ္ ျပန္ရင္ဆိုင္ရမွာျဖစ္လို႔ ကြၽန္ေတာ္တို႔အတြက္ ကံမေကာင္းဘူးလို႔ပဲေျပာရမွာပါ”လို႔ ဆိုခဲ့ပါတယ္။ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းကို စတင္ေရာက္ရွိခဲ့ကတည္းက အေကာင္းဆုံးေျခစြမ္းျပေနၿပီး ဒီရာသီမွာလည္း (၂၂)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၁၃)ႀကိမ္အထိျပဳလုပ္ထားတာျဖစ္ပါတယ္။

တူခ်ယ္လ္က ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ၿပီး သူ႔ကို ေလးစားမႈအျပည့္ရွိေၾကာင္း၊ ယူႏိုက္တက္အသင္းကို သူ႔တစ္ေယာက္တည္းအားနဲ႔ ရလဒ္ေကာင္းေအာင္ ဦးေဆာင္ႏိုင္စြမ္းရွိေၾကာင္း ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ အဆင့္(၄)ေနရာမွာရပ္တည္ႏိုင္ဖို႔အတြက္ ဒီညမွာကစားမယ့္ ယူႏိုက္တက္နဲ႔ပြဲမွာ အႏိုင္(၃)မွတ္ရယူဖို႔လိုေနၿပီး အႏိုင္ရခဲ့ရင္ မေန႔က ရႈံးပြဲေတြ႕ခဲ့တဲ့ ဝက္စ္ဟမ္းထက္ တစ္မွတ္အသာနဲ႔ အဆင့္(၄)ေနရာေရာက္ရွိမွာျဖစ္ပါတယ္။