PSG ကို တိုက်ရိုက်၊ မက်ဆီကို သွယ်ဝိုက်ပြီး သတိပေးစကားဆိုတဲ့ ရော်နယ်ဒိုကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော် ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုကြီး ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မက်ဆီ ၊ ရာမို့စ် ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ ၊ ဝစ်နယ်ဒန်တို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့

ပြင်သစ် အင်အားကြီးကလပ် PSG အသင်းဟာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်လိမ့်မယ်လို့ တရားသေ မတွက်ထားသင့်ကြောင်း သတိပေးသွားခဲ့ပါတယ်။

PSG ဟာ မက်ဆီကို ဒီရာသီမှာ အလွတ်ခေါ်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းစားလာခဲ့ပါတယ်။

အာရပ်သူဌေးတွေ ပိုင်ဆိုင်ပြီးချိန်ကစပြီး ပြင်သစ်လိဂ်ကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ PSG ဟာ ဥရောပအဆင့်မှာတော့ ရုန်းကန်နေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေမှာ ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ်အဆင့်တွေနဲ့သာ ကျေနပ်နေခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုကြီးက “ဘယ်အသင်းက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မလဲ ဆိုတာက ပြောဖို့ စောလွန်းပါသေးတယ်။

အဲဒါမျိုးက ကွာတားဖိုင်နယ်အဆင့်ကို ရောက်မှပဲ မှန်းဆလို့ ရနိုင်မှာပါ။ PSG ကတော့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒါပေမယ့် အပြောနဲ့ လက်တွေ့ကတော့ ခြားနားတယ်လေ။ ဘောလုံးပွဲတစ်ပွဲကို လွှမ်းမိုးနိုင်တဲ့ အခြား အကြောင်းပြချက်တွေလည်း အများကြီး ရှိပါသေးတယ်။

ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်စင်စုအသင်းမှာ ၅နှစ်နီးပါး ကစားခဲ့ပေမယ့် ချန်ပီယံလိဂ်တော့ မရခဲ့ပါဘူး။

ဘောလုံးပွဲတစ်ပွဲ နိုင်ဖို့ ဆိုတာက ဘယ်တော့မှ သင်္ချာလိုမျိုး တွက်ကြည့်လို့ မရဘူး။

တကယ်လို့ ခင်ဗျားအသင်းမှာ အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားရင်တောင် သေချာပြောလို့ မရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုကြီးဟာ ကစားသမားဘဝမှာ အခြားသောအောင်မြင်မှုတွေများစွာရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားတော့မကိုင်ခဲ့ရပါဘူး။

ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ပေမယ့်လည်း ၁၉၉၇ နဲ့ ၁၉၉၈ တို့မှာ ဥရောပဖလားနဲ့ Cup Winner Cup တို့သာ ဆွတ်ခူးခဲ့ဖူးပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

PSG ကို တိုက္႐ိုက္၊ မက္ဆီကို သြယ္ဝိုက္ၿပီး သတိေပးစကားဆိုတဲ့ ေရာ္နယ္ဒိုႀကီး

နာမည္ေက်ာ္ ဘရာဇီး တိုက္စစ္မႉးေဟာင္း ေရာ္နယ္ဒိုႀကီး ကေတာ့ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ မက္ဆီ ၊ ရာမို႔စ္ ၊ ဒြန္နာရမ္မာ ၊ ဟာခီမီ ၊ ဝစ္နယ္ဒန္တို႔လို ထိပ္တန္း ကစားသမားေတြကို ေခၚယူအားျဖည့္ထားတဲ့ ျပင္သစ္ အင္အားႀကီးကလပ္ PSG အသင္းဟာ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူႏိုင္လိမ့္မယ္လို႔ တရားေသ မတြက္ထားသင့္ေၾကာင္း သတိေပးသြားခဲ့ပါတယ္။

PSG ဟာ မက္ဆီကို ဒီရာသီမွာ အလြတ္ေခၚယူခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ဖို႔ ေရပန္းစားလာခဲ့ပါတယ္။ အာရပ္သူေဌးေတြ ပိုင္ဆိုင္ၿပီးခ်ိန္ကစၿပီး ျပင္သစ္လိဂ္ကို လႊမ္းမိုးထားႏိုင္ခဲ့တဲ့ PSG ဟာ ဥေရာပအဆင့္မွာေတာ့ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီေတြမွာ ဗိုလ္လုပြဲ၊ ဆီမီးဖိုင္နယ္အဆင့္ေတြနဲ႔သာ ေက်နပ္ေနခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုႀကီးက “ဘယ္အသင္းက ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္မလဲ ဆိုတာက ေျပာဖို႔ ေစာလြန္းပါေသးတယ္။ အဲဒါမ်ိဳးက ကြာတားဖိုင္နယ္အဆင့္ကို ေရာက္မွပဲ မွန္းဆလို႔ ရႏိုင္မွာပါ။ PSG ကေတာ့ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံး ျဖစ္ေနပါတယ္။ ဒါေပမယ့္ အေျပာနဲ႔ လက္ေတြ႕ကေတာ့ ျခားနားတယ္ေလ။ ေဘာလုံးပြဲတစ္ပြဲကို လႊမ္းမိုးႏိုင္တဲ့ အျခား အေၾကာင္းျပခ်က္ေတြလည္း အမ်ားႀကီး ရွိပါေသးတယ္။ ကြၽန္ေတာ္က ရီးရဲလ္မက္ဒရစ္ရဲ႕ ၾကယ္စင္စုအသင္းမွာ ၅ႏွစ္နီးပါး ကစားခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ေတာ့ မရခဲ့ပါဘူး။ ေဘာလုံးပြဲတစ္ပြဲ ႏိုင္ဖို႔ ဆိုတာက ဘယ္ေတာ့မွ သခ်ၤာလိုမ်ိဳး တြက္ၾကည့္လို႔ မရဘူး။ တကယ္လို႔ ခင္ဗ်ားအသင္းမွာ အေကာင္းတကာ့ အေကာင္းဆုံး ကစားသမားေတြကို ပိုင္ဆိုင္ထားရင္ေတာင္ ေသခ်ာေျပာလို႔ မရပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၄၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုႀကီးဟာ ကစားသမားဘဝမွာ အျခားေသာေအာင္ျမင္မႈေတြမ်ားစြာရရွိခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားေတာ့မကိုင္ခဲ့ရပါဘူး။ ဘာစီလိုနာ၊ အင္တာမီလန္၊ ေအစီမီလန္၊ ရီးရဲလ္မက္ဒရစ္တို႔လို ထိပ္တန္းအသင္းေတြမွာ ကစားခဲ့ေပမယ့္လည္း ၁၉၉၇ နဲ႔ ၁၉၉၈ တို႔မွာ ဥေရာပဖလားနဲ႔ Cup Winner Cup တို႔သာ ဆြတ္ခူးခဲ့ဖူးပါတယ္။