PS5 ထွက်ထွက်ချင်းနေ့မှာပဲ အေစီအသင်းဖော်တွေကို လက်ဆောင်ပေးခဲ့တဲ့ မိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ခရစ္စမတ်ရောက်ဖို့ ဝေးသေးပေမယ့် အေစီမီလန်တိုက်စစ်မှုးအီဘရာဟီမိုဗစ်ကတော့ အခုကတည်းက ဆန်တာကလော့စ်လုပ်နေပြီး သူ့ရဲ့ကလပ်အသင်းဖော်တွေအားလုံးကို PlayStation 5(PS5) တစ်လုံးစီ လက်ဆောင်ပေးခဲ့တာပါ။

ဥရောပ PlayStation 5 ဂိမ်းစက် စရောင်းတဲ့နေ့မှာပဲ မိုဗစ်က အေစီမီလန်အသင်းဖော်တွေကို လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

Sony ကထုတ်တဲ့ ဒီ PS5 ဂိမ်းစက်ဟာ သူတို့ဆီမှာ ဝယ်လိုအားမြင့်လွန်းတာကြောင့် ဆိုင်တွေမှာရော အွန်လိုင်းတွေမှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်သွားပါတယ်။

အခုတော့ အေစီမီလန်ကစားသမားတွေကတော့ မိုဗစ်ရဲ့ကျေးဇူးကြောင့် အသစ်ထွက်ရှိတဲ့ PS5 ကို အသည်းအသန်လိုက်ဝယ်နေစရာမလိုတော့ပါဘူး။

ဒီအတွက် ဆိုရှယ်မီဒီထက်နေ မိုဗစ်ကို ကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ အေစီမီလန်ကစားသမားအချို့လည်း ရှိပါတယ်။

ဗဟိုနောက်ခံလူမူဆက်ချီယိုဆိုရင် သူ့အိမ်ထဲက PS5 ပုံကို Instagram ပေါ်တင်ပြီး သူ့ပို့စ်မှာ မိုဗစ်ကို tag တွဲခဲ့ပါတယ်။

စပိန်တောင်ပံကစားသမားကက်စတီလီဂျိုကလည်း ဆိုရှယ်မီဒီယာပေါ်မှာ မိုဗစ်ကို ကျေးဇူးတင်တဲ့ပု့ိစ်နဲ့အတူ သူ့ရဲ့ လမ်ဘော်ဂီနီကားပေါ်မှာ PS5 ဂိမ်းစက် တင်ထားတဲ့ပုံကို ပြန်လည်ဝေမျှခဲ့ပါတယ်။

ပေါ်တူဂီသားတိုက်စစ်ကစားသမားလီယာအိုကလည်း အဲဒီမန်ယူတိုက်စစ်မှုးဟောင်းရဲ့ရက်ရောမှုအတွက် “လက်ဆောင်အတွက် ကျေးဇူးပါ GOAT”လို့ ပို့စ်တင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

PS5 ထြက္ထြက္ခ်င္းေန႔မွာပဲ ေအစီအသင္းေဖာ္ေတြကို လက္ေဆာင္ေပးခဲ့တဲ့ မိုဗစ္

ခရစၥမတ္ေရာက္ဖို႔ ေ၀းေသးေပမယ့္ ေအစီမီလန္တိုက္စစ္မႈးအီဘရာဟီမိုဗစ္ကေတာ့ အခုကတည္းက ဆန္တာကေလာ့စ္လုပ္ေနၿပီး သူ႔ရဲ႕ကလပ္အသင္းေဖာ္ေတြအားလုံးကုိ PlayStation 5(PS5) တစ္လုံးစီ လက္ေဆာင္ေပးခဲ့တာပါ။

ဥေရာပ PlayStation 5 ဂိမ္းစက္ စေရာင္းတဲ့ေန႔မွာပဲ မိုဗစ္က ေအစီမီလန္အသင္းေဖာ္ေတြကို လက္ေဆာင္အျဖစ္ ၀ယ္ေပးခဲ့တာ ျဖစ္ပါတယ္။

Sony ကထုတ္တဲ့ ဒီ PS5 ဂိမ္းစက္ဟာ သူတုိ႔ဆီမွာ ၀ယ္လုိအားျမင့္လြန္းတာေၾကာင့္ ဆုိင္ေတြမွာေရာ အြန္လိုင္းေတြမွာ ပစၥည္းျပတ္တဲ့အထိ ျဖစ္သြားပါတယ္။

အခုေတာ့ ေအစီမီလန္ကစားသမားေတြကေတာ့ မိုဗစ္ရဲ႕ေက်းဇူးေၾကာင့္ အသစ္ထြက္ရွိတဲ့ PS5 ကုိ အသည္းအသန္လိုက္၀ယ္ေနစရာမလုိေတာ့ပါဘူး။

ဒီအတြက္ ဆိုရွယ္မီဒီထက္ေန မိုဗစ္ကို ေက်းဇူးတင္ေၾကာင္းေျပာခဲ့တဲ့ ေအစီမီလန္ကစားသမားအခ်ိဳ႕လည္း ရွိပါတယ္။

ဗဟိုေနာက္ခံလူမူဆက္ခ်ီယိုဆုိရင္ သူ႔အိမ္ထဲက PS5 ပုံကို Instagram ေပၚတင္ၿပီး သူ႔ပို႔စ္မွာ မိုဗစ္ကို tag တြဲခဲ့ပါတယ္။

စပိန္ေတာင္ပံကစားသမားကက္စတီလီဂ်ိဳကလည္း ဆုိရွယ္မီဒီယာေပၚမွာ မုိဗစ္ကို ေက်းဇူးတင္တဲ့ပု႔ိစ္နဲ႔အတူ သူ႔ရဲ႕ လမ္ေဘာ္ဂီနီကားေပၚမွာ PS5 ဂိမ္းစက္ တင္ထားတဲ့ပံုကို ျပန္လည္ေ၀မွ်ခဲ့ပါတယ္။

ေပၚတူဂီသားတုိက္စစ္ကစားသမားလီယာအုိကလည္း အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းရဲ႕ရက္ေရာမႈအတြက္ “လက္ေဆာင္အတြက္ ေက်းဇူးပါ GOAT”လုိ႔ ပို႔စ္တင္ခဲ့ပါတယ္။