
Photo Credit
Photo Credit
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဆောက်သမ်တန်၊ နယူးကာဆယ်နဲ့ ဘန်လေအသင်းတို့ကို ချဲလ်ဆီးအသင်း ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် နည်းပြလမ်းပတ်လည်း အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရပါတယ်။
Photo Credit
ချဲလ်ဆီးဟာ ရာသီအစက ရုန်းကန်ခဲ့ရမှုတွေကို အကောင်းဆုံးချေဖျက်နိုင်ခဲ့ပြီး ပွဲစဉ် ၁၁အပြီးမှာ အဆင့် ၄နေရာ ရောက်ရှိနေသလို အဆင့် ၅နေရာက အာဆင်နယ်အသင်းကိုလည်း ၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။
Photo Credit
ချဲလ်ဆီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲမှာ ၈ပွဲအထိအနိုင်ရရှိခဲ့ပြီး အောက်တိုဘာလမှာ ဆောက်သမ်တန်ကို ၁-၄ ဂိုးနဲ့စတင်အနိုင်ရရှိခဲ့ပြီးနော်က နယူးကာဆယ်ကို ၁-ဝဂိုး ဘန်လေကို ၂-၄ ဂိုးရလဒ်တွေနဲ့အသီးသီးအနိုင်ရရှိခဲ့ပါတယ်။
Photo Credit
အသက် ၄၁နှစ်အရွယ်ရှိ လမ်းပတ်ဟာ သြဂုတ်လနဲ့ စက်တင်ဘာဘအကောင်းဆုံးဆုရှင် လီဗာပူးနည်းပြ ကလော့ပ်အပါအဝင် လက်စတာနည်းပြ ရော်ဂျာ၊ ရှက်ဖီးယူနိုက်တက်နည်းပြ ဒင်းစမစ်နဲ့ ဘရိုက်တန်အသင်းနည်းပြ ဂရေဟမ်ပေါ့တာတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးနည်းပြဆုရရှိခဲ့တာဖြစ်ပါတယ်။
Photo Credit
အကောင်းဆုံးကစားသမားဆုကိုလည်း လက်စတာအသင်းတိုက်စစ်မှူး ဂျေမီဗာဒီက ဆွတ်ခူးရရှိသွားခဲ့ပြီး သူဟာ အောက်တိုဘာလအတွင်းကစားခဲ့တဲ့ ၃ပွဲမှာ ၄ဂိုးအထိသွင်းယူနိုင်ခဲ့လို့ အခုလိုအကောင်းဆုံးဆုရရှိခဲ့တာဖြစ်ပါတယ်။
Photo Credit
ဗာဒီဟာ လက်စတာအသင်း ယခုရာသီအစရလဒ်ကောင်းရနေခြင်းမှာ အဓိကနေရာကနေပါဝင်နေပြီး လက်စတာအသင်းကလည်း ပွဲစဉ် ၁၁အပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၈ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Photo Credit
ဗာဒီဟာ အောက်တိုဘာလ ၁၉ရက်နေ့က ဘန်လေကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆောက်သမ်တန်ကို ဝ-၉ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဗာဒီက ဂရီးလစ်ချ်၊ ဂန်ဒိုဂန်၊ ဒင်းဟန်ဒါဆန်၊ ဝီလျံနဲ့ တိုင်လီမန်းတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
Photo Credit
Zawgyi
Perfect October …ေအာက္တိုဘာလအတြက္ တစ္လတာအေကာင္းဆုံးဆုေတြကို ခ်ဲလ္ဆီးနည္းျပ လမ္းပတ္နဲ႔ လက္စတာတုိက္စစ္မွဴး ဗာဒီတုိ႔ ဆြတ္ခူးရရွိ
ၿပီးခ့ဲတဲ့ေအာက္တုိဘာလအတြင္း ေဆာက္သမ္တန္၊ နယူးကာဆယ္နဲ႔ ဘန္ေလအသင္းတို႔ကို ခ်ဲလ္ဆီးအသင္း ဆက္တုိက္အႏိုင္ရရွိခ့ဲၿပီးေနာက္ နည္းျပလမ္းပတ္လည္း ေအာက္တုိဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပအျဖစ္ ေရြးခ်ယ္ျခင္းခံခဲ့ရေၾကာင္း သိရပါတယ္။
ခ်ဲလ္ဆီးဟာ ရာသီအစက ႐ုန္းကန္ခဲ့ရမႈေတြကို အေကာင္းဆုံးေခ်ဖ်က္ႏုိင္ခဲ့ၿပီး ပြဲစဥ္ ၁၁အၿပီးမွာ အဆင့္ ၄ေနရာ ေရာက္ရွိေနသလုိ အဆင့္ ၅ေနရာက အာဆင္နယ္အသင္းကိုလည္း ၆ မွတ္အထိ ျဖတ္ထားႏုိင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၁၀ပဲြမွာ ၈ပြဲအထိအႏိုင္ရရွိခဲ့ၿပီး ေအာက္တုိဘာလမွာ ေဆာက္သမ္တန္ကို ၁-၄ ဂိုးနဲ႔စတင္အႏုိင္ရရွိခ့ဲၿပီးေနာ္က နယူးကာဆယ္ကို ၁-၀ဂိုး ဘန္ေလကို ၂-၄ ဂိုးရလဒ္ေတြနဲ႔အသီးသီးအႏုိင္ရရွိခဲ့ပါတယ္။
အသက္ ၄၁ႏွစ္အရြယ္ရွိ လမ္းပတ္ဟာ ၾသဂုတ္လနဲ႔ စက္တင္ဘာဘအေကာင္းဆုံးဆုရွင္ လီဗာပူးနည္းျပ ကေလာ့ပ္အပါအ၀င္ လက္စတာနည္းျပ ေရာ္ဂ်ာ၊ ရွက္ဖီးယူႏုိက္တက္နည္းျပ ဒင္းစမစ္နဲ႔ ဘ႐ိုက္တန္အသင္းနည္းျပ ဂေရဟမ္ေပါ့တာတို႔ကို ေက်ာ္ျဖတ္ကာ အေကာင္းဆုံးနည္းျပဆုရရွိခဲ့တာျဖစ္ပါတယ္။
အေကာင္းဆုံးကစားသမားဆုကုိလည္း လက္စတာအသင္းတုိက္စစ္မွဴး ေဂ်မီဗာဒီက ဆြတ္ခူးရရွိသြားခဲ့ၿပီး သူဟာ ေအာက္တုိဘာလအတြင္းကစားခဲ့တ့ဲ ၃ပြဲမွာ ၄ဂိုးအထိသြင္းယူနိုင္ခဲ့လုိ႔ အခုလုိအေကာင္းဆုံးဆုရရွိခ့ဲတာျဖစ္ပါတယ္။
ဗာဒီဟာ လက္စတာအသင္း ယခုရာသီအစရလဒ္ေကာင္းရေနျခင္းမွာ အဓိကေနရာကေနပါ၀င္ေနၿပီး လက္စတာအသင္းကလည္း ပြဲစဥ္ ၁၁အၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၈ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနပါတယ္။
ဗာဒီဟာ ေအာက္တုိဘာလ ၁၉ရက္ေန႔က ဘန္ေလကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီး ေဆာက္သမ္တန္ကို ၀-၉ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာလည္း ဟက္ထရစ္သြင္းယူႏုိင္ခဲ့ပါတယ္။ အဆုိပါဆုကို ပရိသတ္ေတြက မဲေပးေရြးခ်ယ္ခဲ့တာျဖစ္ၿပီး ဗာဒီက ဂရီးလစ္ခ်္၊ ဂန္ဒိုဂန္၊ ဒင္းဟန္ဒါဆန္၊ ၀ီလ်ံနဲ႔ တုိင္လီမန္းတုိ႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။