ပရီးမီးယားလိဂ် သမိုင်းမှတ်တမ်းတွေကို ပြောင်းပြန်လှန်ပစ်မယ့် ရာသီသိမ်းပွဲလား

May 17, 2024 Nan Da 0

ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းမှာ ချန်ပီယံဆုအတွက် အဖြေကို နောက်ဆုံး ပွဲစဉ်ကျမှ အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲဟာ အခု လာမယ့် သီတင်းပတ် အပါအဝင် ၁၀ ကြိမ်ပဲ ရှိပါ တယ်။ ချန်ပီယံဆုအတွက် အဖြေကို ပြိုင်ပွဲမပြီးခင် တစ်ပတ်အလို၊ နှစ်ပတ်အလို၊ သုံးပတ် အလိုမှာ သိကြရတဲ့ ပြိုင်ပွဲတွေက […]

အိုးထရက်ဖိုဒ်ကွင်းမှာ မန်ယူပွဲကို ကြည့်ခွင့်ရဖို့အတွက် နိုင်ငံပေါင်း ၂၀ ကို ဖြတ်လာခဲ့တဲ့ မွန်ဂိုလီးယားသားလေး အိုချာဗန်နီဟာ သူ့ရဲ့အိုင်ဒေါနဲ့ပါတွေ့ခွင့်ရလို့ အင်တာဗျူးဖြေနေရင်းတောင် စကားလုံးတွေစွန့်ပသွားတဲ့အထိ ဖြစ်ခဲ့ရ

May 17, 2024 Nan Da 0

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလတုန်းက အိုချာဗန်နီဆိုတဲ့ ပရိသတ်ဟာ မန်ယူအသင်း ကစားတဲ့ပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ ကြည့်ဖို့ဆိုပြီး ကီလိုမီတာ ၁၄၀၀၀ ကျော် ဝေးတဲ့ မန်ချက်စတာမြို့ကို မွန်ဂိုးလီးယား နိုင်ငံကနေ စက်ဘီးနဲ့ ခရီးထွက်လာခဲ့တယ်။ ဒီခရီးအတိုင်းအတာအရ အိုချာဗန်နီဟာ နိုင်ငံပေါင်း ၂၀ ကိုဖြတ်ပြီး စက်ဘီးနဲ့ […]

VAR ဖျက်ပစ်မယ့် ကိစ္စမှာ သူ့ရဲ့အမြင်ကို ထုတ်ပြောလာတဲ့ ဂေါင်းကြီး

May 17, 2024 Nan Da 0

မန်ယူအသင်း နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကတော့ VAR စနစ်နဲ့ ပတ်သက်လို့ မတူ ကွဲပြားတဲ့ အမြင်မျိုးရှိနေပြီး လူကျွံဘော သတ်မှတ်တဲ့ နေရာမှာတော့ သုံးသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။ လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ VAR စနစ်ကို လုံး၀ ဖျက်သိမ်းပစ်ဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ဆန္ဒပြု […]

နောဝစ်ချ်ကို အနိုင်ယူပြီး ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲ ရောက်လာတဲ့ လိဒ်

May 17, 2024 Nan Da 0

ချန်ပီယံရှစ် Play-off ဆီမီးဖိုင်နယ်အဆင့်မှာ လိဒ်အသင်းဟာ နောဝစ်ချ်ကို ၂ ကျော့ ပေါင်းရလဒ် ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲဆီကို ရောက်လာပြီး ပရီးမီးယားလိဂ် ဆီ တန်းပြန်တက်ခွင့်ရဖို့ ခြေတစ်လှမ်း တိုးနိုင်ခဲ့ပါပြီ။ ပထမအကျော့ နောဝစ်ချ် အိမ်ကွင်း ပွဲစဉ်မှာ ဝ-၀ ဂိုးပဲ ကစားနိုင်ခဲ့တဲ့ […]

ပြင်သစ်နဲ့ ၂ နှစ်ကြာဝေးကွာနေရာမှ အံအားသင့်ဖွယ်အဖြစ် ယူရိုလူစာရင်းမှာ ပြန်ပါလာတဲ့ ကန်တီ

May 17, 2024 Nan Da 0

ဆော်ဒီကလပ်အယ်အစ်တီဟတ်မှာ ကစားနေတဲ့ ဝါရင့်ကွင်းလယ်လူကန်တီဟာ ပြင်သစ်အသင်းနဲ့ဝေးကွာနေတာ ၂၀၂၂ ဇွန်လကတည်းကပါ။ ဒါပေမဲ့ ယူရိုပြိုင်ပွဲဝင်မယ့် ၂၅ ဦးစာရင်းကို ထုတ်ပြန်တော့ ပြင်သစ်နည်းပြဒက်စ်ချမ့်က ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ထည့်သွင်းထားပါတယ်။ ၃၃ နှစ်အရွယ် ကန်တီဟာ ၂၀၁၈ က ပြင်သစ်ရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုမှာ အဓိကကျသူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ […]

အာဂျင်တီးနားက အဂူရိုရဲ့နှစ် ၂၀ ကျော်ကြာစံချိန်ကို ချိုးလိုက်တဲ့ ၁၄ နှစ်သား

May 17, 2024 Nan Da 0

အသက် ၁၄ နှစ်နဲ့ ၂၉ ရက်သာရှိသေးတဲ့ ဒီပို့တီဗို ရီစတာ ကွင်းလယ်လူ မာတီယိုအပိုလိုနီယိုဟာ အာဂျင်တီးနားဘောလုံးမှာ သမိုင်းဝင်စံချိန်သစ်တင်လိုက်ပါတယ်။ အဲဒီကောင်လေးက အာဂျင်တီးနားဘောလုံးသမိုင်းမှာ ာ ပြိုင်ပွဲကြီးတစ်ခုအတွင်း ဝင်ရောက်ကစားခဲ့တဲ့ အသက်အငယ်ဆုံးကစားသမား ဖြစ်လာခဲ့တာပါ။ အပိုလိုနီယိုဟာ ယခင်စံချိန်ရှင်ဖြစ်တဲ့ မန်စီးတီးကြယ်ပွင့်ဟောင်းအဂူရိုထက် တစ်နှစ်ကျော် ငယ်ပြီး ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ […]

ချန်ပီယံလိဂ်မှာ မန်ယူဗိုလ်စွဲဖို့ဆို ၁၅ နှစ်လောက် အချိန်ယူရနိုင်ကြောင်း ဝိန်းရွန်နီသတိပေး

May 16, 2024 Nan Da 0

မန်ယူဂန္ထဝင်တိုက်စစ်မှုးဟောင်းဝိန်းရွန်နီဟာ သူ့အသင်းဟောင်းရဲ့လူစာရင်းနဲ့ပတ်သက်လို့ အရှိအတိုင်းသုံးသပ်လိုက်ပြီး ကလပ်အနေနဲ့ အများစုကို ရောင်းထုတ်သင့်ကြောင်းယုံကြည်နေပါတယ်။ မန်ယူအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူဟာ မန်ယူရဲ့နယူးကာဆယ်နိုင်ပွဲကို Sky Sports ရုပ်သံမှာ ဝေဖန်သုံးသပ်ခဲ့တာပါ။ အဲဒီပွဲပြီးတော့ ယူနိုက်တက်ရဲ့လက်ရှိလူစာရင်းနဲ့ပတ်သက်လို့ မညှာမတာဝေဖန်သုံးသပ်ခဲပါတယ်။ ”ဘရူနိုကို ဝန်းရံပြီး အသင်းကိုတည်ဆောက်ရမှာပါ။ သူ့မှာ အရည်အသွေးရှိပါတယ်။ ကျန်တဲ့ ပလေယာတွေအားလုံးကတော့ ထုတ်ပစ်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ […]

လာမယ့်ရာသီမှာ VAR ကို ဖျက်သိမ်းဖို့ မဲပေးဆုံးဖြတ်ကြမယ့် ပရီးမီးယားလိဂ်ကလပ်တွေ

May 16, 2024 Nan Da 0

” ပရီးမီးယားလိဂ်မှာ VAR ကို ဖျက်သိမ်းဖို့ မဲပေးနေကြပြီတဲ့လား…? ” ဖြစ်အောင် လုပ်ပေးကြစမ်းပါဗျာ…ဒီဟာကိုဖျက်သိမ်းဖို့လိုတယ်ဆိုတဲ့ အတွေးရှိလာတာနဲ့တင် ကျွန်တော် ကျေးဇူးတင်နေပြီ။ VAR စနစ်ကို ကျွန်တော်တော့ တစ်စက်လေးမှ မကြိုက်ဘူး။ အဲ့ဒါက ဘောလုံးပွဲရဲ့ခံစားချက်ရသတွေကို ပျက်ဆီးစေတယ်။ ကစားသမားတစ်ယောက်က ဂိုးသွင်းနိုင်လိုက်ပြီ ဆိုရင်တောင် သူ့မှာ အောင်ပွဲခံဖို့ကို […]

၁၀ ပွဲကြာအောင် ဂိုးပေါက်ပျောက်နေမှု အဆုံးသတ်နိုင်ခဲ့တဲ့ ဟွိုင်လန်း

May 16, 2024 Nan Da 0

ပြီးခဲ့တဲ့ညပွဲမှာ နယူးကာဆယ်ဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့ မန်ယူ တိုက်စစ်မှူး ရာမတ်စ်ဟွိုင် လန်းဟာ ၁၀ ပွဲကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး မန်ယူဟာလည်း ဥရောပကွန်းဖရန့်လိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် ရာသီပိတ်ပွဲစဉ်အထိ မျှော်လင့်ချက်ရှိနေ ပါတယ်။ ဒီရာသီ အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ နောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် (၃၄) မှာ […]

ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရှိတဲ့ အတ္တလန္တာကို အနိုင်ရခဲ့တဲ့ ဂျူဗင်တပ်

May 16, 2024 Nan Da 0

ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲမှာ အတ္တလန္တာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး နဲ့ ကစားနိုင်ခဲ့ပေမဲ့လည်း ဂျူဗင်တပ်က ဒူရှန်ဗလာဟိုဗစ်ရဲ့ ပွဲချိန်အစောပိုင်း သွင်းဂိုးကြောင့် အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ ဂက်စ်ပါရီနီရဲ့အသင်းဟာ ဂိုးပေါက် တည့်ကန်ချက် တစ်ကြိမ်မှ မရှိဘဲ အရှုံးပေးခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်ကလည်း ပွဲချိန် ၄ မိ […]