ဂရီယာလစ်ရှ်ကို ဒီလထဲမှာဘဲ သဘောတူညီချက်ရအောင်လုပ်ဖို့ မန်ယူကြိုးစားနေ

February 26, 2020 kyaw kyaw Han 0

မန်ယူအသင်းဟာ အက်စ်တွန်ဗီလာအသင်းကွင်းလယ်ဖန်တီးရှင် ဂျက်ဂရီယာလစ်ရှ်ကိုပေါင် ၄၅ သန်းနဲ့ခေါ်ယူဖို့ အခုလထဲမှာဘဲ ဗီလာနဲ့ သဘောတူညီချက်ရရှိအောင်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဒါမှသာလာမယ့်နွေရာသီအစောပိုင်းကာလမှာကတည်းက သူ့ကိုခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိတဲ့ ဂရီယာလစ်ရှ်ဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူဟာအင်္ဂလန်အသင်းနဲ့အတူ လာမယ့်ယူရို ၂၀၂၀ မှာပါဝင်ဖို့ရှိပြီး အဲဒီပြိုင်ပွဲမှာခြေစွမ်းပြခဲ့ရင် တန်ကြေးမြင့်တက်လာမှာစိုးလို့ အခုကတည်းက သဘောတူညီချက်ရရှိအောင် […]

ဘိုင်ယန်က ရက်စက်လွန်းတဲ့သင်ခန်းစာပေးသွားတယ်လို့ လမ်းပတ်ဝန်ခံ

February 26, 2020 kyaw kyaw Han 0

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က သူတို့ကိုဘိုင်ယန်မြူးနစ်က ရက်စက်လွန်းတဲ့သင်ခန်းစာပေးသွားတယ်လို့ ဝန်ခံလိုက်ပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်ကို ၃-၀ နဲ့မရူှုမလှရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါဟာချဲလ်ဆီးအတွက်တော့ ဥရောပအဆင့်မှာအဆိုးဆုံးအိမ်ကွင်းရှုံးပွဲလည်းဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒုတိယအကျော့ ဂျာမန်မြေမှာသွားကစားရမှာဖြစ်လို့ ဒီရလဒ်ကိုပြန်ပြောင်းစေဖို့ လွယ်ကူမှာမဟုတ်တော့လို့ သူတို့ရဲ့ချန်ပီယံလိဂ်ခရီးဟာ ၁၆ သင်းအဆင့်နဲ့တင်ရပ်တန့်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ […]

ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့စိုးမိုးမှု အဆုံးသတ်ပြီလား

February 26, 2020 Zayar Phyo Han 0

photo-gettyimages photo-gettyimages လွန်ခဲ့တဲ့ ၁၂ လကပဲ ဥရောပဘောလုံးရပ်ဝန်းမှာ အင်္ဂလိပ်ကလပ်တွေရဲ့စိုးမိုးမှုအကြောင်းကို လူတွေပြောနေကြတာပါ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကိုယ်စားပြု ၄ သင်းစလုံးဟာ ၁၆ သင်းအဆင့်တင်မဟုတ်ဘဲ ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။ အဲဒီထဲက ပရီးမီးယားလိဂ် ၂ သင်းဟာ ဆီမီးဖိုင်နယ်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြလို့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ All English […]

ဘာစီလိုနာကွင်းမှာ အမာစားခေါင်းဆောင်းနဲ့ ချပ်ဝတ်တန်ဆာတွေလိုလိမ့်မယ်လို့ ဆိုလိုက်တဲ့ဂတ်တူဆို

February 26, 2020 Zayar Phyo Han 0

photo-gettyimages photo-gettyimages ဘာစီလိုနာနဲ့ဒုတိယအကျော့အတွက် သူ့အသင်းဟာ အမာစားခေါင်းဆောင်းနဲ့ ချပ်ဝတ်တန်ဆာတွေ ဝယ်ရလိမ့်မယ်လို့ နာပိုလီနည်းပြဂတ်တူဆိုက ပြောကြားလိုက်ပါတယ်။ နာပိုလီဟာ အိမ်ကွင်းက ပထမအကျော့ပွဲစဉ်မှာ မာတန်းစ်ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘာစီလိုနာဘက်က ဂရစ်ဇ်မန်းရဲ့ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး သရေရလဒ်နဲ့အတူ အဝေးဂိုးတစ်ဂိုးပါ ပေးလိုက်ရပါတယ်။ photo-gettyimages ဒါကြောင့် နာပိုလီဟာ ဘာစီလိုနာအိမ်ကွင်း နူးကမ့်က ဒုတိယအကျော့မှာလည်း […]

နာပိုလီဂိုးသမားအော့စ်ပီနာရဲ့ဘော်ဒီဖိန့်မှာ မျောသွားတဲ့ မက်ဆီ

February 26, 2020 Zayar Phyo Han 0

photo-sport bible photo-gettyimages လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ မက်ဆီလိုကြယ်ပွင့်မျိုးကို မျောသွားအောင် လုပ်ဖို့ဆိုတာက တကယ်တမ်းမှာ အရမ်းကို ခက်ခဲလှမှာပါ။ အဲဒီအာဂျင်တီးနားသားဟာ ပြိုင်ဘက်တွေကို သူ့ရဲ့ကိုယ်ယောင်ပြမှုတွေနဲ့ ပြိုင်ဘက်တွေကို မျောသွားအောင် အမြဲလုပ်နေကျပါ။ ဒါပေမဲ့ နာပိုလီနဲ့ဘာစီလိုနာတို့ရဲ့ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ နာပိုလီဂိုးသမားအော့စ်ပီနာရဲ့ဘော်ဒီဖိန့်ကြောင့် မက်ဆီတစ်ယောက် မျောသွားခဲ့ရပါတယ်။ photo-gettyimages နာပိုလီက မာတန်းစ်ရဲ့ဂိုးနဲ့ စတင်ဦးမဆောင်ခင်မှာ […]

အရပ်အရှည်ဆုံး mascot နဲ့မှ လာတွေ့ရတဲ့ နာပိုလီရဲ့အပုဆုံး အင်ဆစ်ဂ်နီ

February 26, 2020 Zayar Phyo Han 0

photo-sport bible photo-sky sports နာပိုလီနဲ့ဘာစီလိုနာတို့ရဲ့မနေ့ညချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်လေးမှာပါ။ နှစ်ဖက်ကစားသမားတွေ ကွင်းထဲဝင်လာတော့ နာပိုလီတိုက်စစ်မှုးအင်ဆစ်ဂ်နီဟာ ရယ်စရာကောင်းလောက်အောင်ပဲ အရပ်အရည်ဆုံး mascot နဲ့လာတွဲကျပါတယ်။ နာပိုလီရဲ့အရပ်အပုဆုံးကစားသမားဖြစ်တဲ့အင်ဆစ်ဂ်နီအတွက် ဘယ်လောက်တောင် ကသိကအောက် ဖြစ်လိုက်လိမ့်မလဲ။ KKKKKKKK… O Insigne do tamanho do mascote da Champions está […]

ချဲလ်ဆီးနိုင်ပွဲအပြီး လန်ဒန်ဟာ အနီရောင်ပါဆိုပြီး အာဆင်နယ်ပရိသတ်တွေကို ဝမ်းမြောက်စေတဲ့ဂနာဘရီ

February 26, 2020 Zayar Phyo Han 0

photo-the sun photo-gettyimages အာဆင်နယ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရခြင်း မရှိပါဘူး။ ဒါပေမဲ့ အသင်းကစားသမားဟောင်းဂနာဘရီကနေတစ်ဆင့် သူတို့ဟာ အခုရာသီချန်ပီယံလိဂ်ရဲ့အငွေ့အသက်တွေကို ခံစားရရှိနေပါတယ်။ ဂနာဘရီဟာ အာဆင်နယ်အကယ်ဒမီထွက်မဟုတ်ပေမယ့်လည်း သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမာဘဝအစောပိုင်းကာလတွေကို အာဆင်နယ်မှာ ကုန်ဆုံးဖြတ်သန်းခဲ့တာဖြစ်ပြီး အခုတော့ ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်ရဲ့ကြယ်တစ်ပွင့်ဖြစ်နေပါတယ်။ photo-gettyimages သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက အာဆင်နယ်ရဲ့မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးကို […]

မက်ဆီတိတ်ဆိတ်ခဲ့ရပြီး ဂရစ်ဇ်မန်းရဲ့ချေပဂိုးနဲ့ အီတလီမှာ သရေရခဲ့တဲ့ ဘာစီလိုနာ

February 25, 2020 Zayar Phyo Han 0

photo-daily mail photo-gettyimages အီတလီနိုင်ငံ၊ နေပယ်မြို့က နာပိုလီနဲ့ ဘာစီလိုနာတို့ရဲ့ပထမအကျော့ကတော့ ၁-၁ သရေနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်အသင်းက စတင်ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာက နောက်မှ ချေပဂိုးလိုက်သွင်းနိုင်ခဲ့ကာ သရေရလဒ်နဲ့အတူ အဝေးဂိုးတစ်ဂိုးတော့ ယူနိုင်ခဲ့ပါတယ်။ photo-reuters ဘာစီလိုနာဟာ ပထမပိုင်းမှာကတည်းက စုစုစည်းစည်းကျစ်ကျစ်လစ်လစ်နဲ့ ကစားသွားတဲ့ အိမ်ရှင်အသင်းကို ထိထိရောက်ရောက်ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန်မိနစ် […]

စတမ်းဖို့ဒ်တံတားမှာ ဧည့်သည် ၁၉နှစ်သားလေး ဒေးဗီးစ်ရဲ့တစ်ကိုယ်တော်မျက်လှည့်ပွဲ

February 25, 2020 phyo 0

Photo Credit Photo Credit ဘိုင်ယန်မြူးနစ်ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ချဲလ်ဆီးကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သလို အသင်းအတွက် တတိယမြောက်ဂိုးသွင်းယူနိုင်အောင် ယုံနိုင်စရာမရှိတဲ့ လျင်မြန်မှုနဲ့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Photo Credit ဘိုင်ယန်ဟာ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပ-အကျော့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်တက်ရောက်နိုင်ဖို့ […]

ပထမအကျော့အိမ်ကွင်းမှာတင် ဘိုင်ယန်ကို ခြေပြတ်ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ချဲလ်ဆီး

February 25, 2020 Zayar Phyo Han 0

photo-daily mail photo-gettyimages စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ ဒူးထောက်ခဲ့ရတာကြောင့် ချဲလ်ဆီးရဲ့ချန်ပီယံလိဂ်ကွာတားမျှော်လင့်ချက်ဟာ အဆုံးသတ်သလောက်ဖြစ်သွားခဲ့ပါပြီ။ ဒီရလဒ်ဟာ ဘာကိုဖော်ပြနေသလဲဆိုရင် လမ်းပတ်လက်ထက်ချဲလ်ဆီးဟာ ပြည်တွင်းမှာရော ဥရောပမှာပါ အရင်လိုပြန်ဖြစ်ဖို့အတွက် အများကြီးပြောင်းလဲလျှောက်လှမ်းရဦးမယ်ဆိုတာပါပဲ။ ဘိုင်ယန်ကတော့ သူတို့ရဲ့မြင့်မားတဲ့အရည်အသွေးကို ချဲလ်ဆီးနဲ့ပွဲမှာ ပြနိုင်ခဲ့တာပါ။ photo-reuters ဘိုင်ယန်ဟာ ပထမပိုင်းမှာကတည်းက အိမ်ရှင်အသင်းအပေါ် စိုးမိုးကစားနိုင်ခဲ့ပြီး မူလာရဲ့ခေါင်းတိုက်ချက် […]