မတ်တီလောင်းစတက်ဖ် ကိုအကောင်းဆုံးဆုပေးခဲ့သူက ဘယ်သူလဲ…….

October 8, 2019 kyaw kyaw Han 0

နယူးကာဆယ်က မန်ယူကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တဲ့အပြင် ခြေစွမ်းလည်းပြခဲ့တဲ့ မတ်တီလောင်းစတက်ဖ် ဟာဒီပွဲရဲ့ပွဲစဉ်အလိုက်အကောင်းဆုံးဆု ကိုရရှိခဲ့ပြီး ဒီဆုကို ပွဲအပြီးမှာ သူ့အစ်ကိုဖြစ်တဲ့ ရှိန်လောင်းစတက်ဖ် ကိုယ်တိုင်ပေးအပ်သွားခဲ့တယ်လို့ သိရပါတယ်။ ရှိန်လောင်းစတက်ဖ် ဟာပြီးခဲ့တဲ့နွေရာသီက မန်ယူအသင်းရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ မန်ယူနဲ့ ပွဲမှာ ရှိန်လောင်းရော မတ်တီ ပါပွဲထွက်လူစာရင်းကနေပါဝင်လာခဲ့ပြီး နှစ်ဦးစလုံးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ […]

လီဗာပူးကို ဂိုးပြတ်ရှုံးပြီး အထုတ်ခံရမှာကို နည်းပြ ဆိုးလ်ရှားစိုးရိမ်နေ

October 8, 2019 kyaw kyaw Han 0

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့အိမ်ကွင်းတွေ့မယ့် ပွဲမှာဂိုးမန်ယူဂိုးပြတ်ရှုံးခဲ့ရင် သူ့ရာထူးကနေထုတ်ပယ်ခံရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ နိုင်ငံတကာပွဲတွေပြီးရင် လီဗာပူးကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်ကိုရှုံးခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံးရလဒ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားအပေါ်ဖိအားတွေရှိနေလို့ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ပြီးပြည့်စုံတဲ့ပွဲဖြစ်ရမယ်လို့ ပြောသွားတာပါ။ မန်ယူဟာပရီးမီးယားလိဂ် […]

ဧပြီလကတည်းက မန်ယူအသင်းဖော်ဆီ ဘောလုံးထိုးပေးမှုမလုပ်နိုင်သေးတဲ့ ဖရက်ဒ်

October 8, 2019 Zayar Phyo Han 0

photo-mirror football photo-gettyimages မန်ယူဟာ ကွင်းလယ်လူဖရက်ဒ်အတွက် ပေါင် ၅၂ သန်းပေးခဲ့စဉ်တုန်းက အများကြီးမျှော်လင့်ထားခဲ့တာပါ။ အဲဒီအချိန်တုန်းက အရင်မန်ယူနည်းပြမော်ရင်ဟိုကလည်း ဖရက်ဒ်ရဲ့ဖန်တီးမှုနဲ့ပေးပို့မှုအမြင်က အသင်းရဲ့ကစားပုံအတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့ ပြောခဲ့တာပါ။ ဖရက်ဒ်ဟာလည်း ပေါ့ဂ်ဘာနဲ့ လူကာကူတို့ပြီးနောက် မန်ယူရဲ့တတိယဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့တာပါ။ photo-gettyimages ဒါ့ပေမဲ့ တစ်ရာသီနဲ့နောက်ထပ်နည်းပြတစ်ယောက်သာပြောင်းသွားပေမယ့် အဲဒီဘရာဇီးသားကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာသေးပါဘူး။ မန်ယူမှာ ပွဲထွက်နေရာအတွက်တောင် ရုန်းကန်နေရကာ အခုချိန်အထိ အသင်းအတွက် […]

မေလအတွင်း ကျင်းပမယ့် ယူနိုက်တက်ရဲ့ ‘Relegation Party’ ကို တုံ့ပြန်သူ ၅၀၀၀၀ ကျော်အထိရှိ

October 7, 2019 phyo 0

Photo Credit Photo Credit လူမှုမီဒီယာတစ်ခုမှာ တစ်ယောက်ယောက်က မေလအတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ‘Relegation Party’ အတွက် Event တစ်ခု ဖန်တီးခဲ့ရာမှာ အဲဒီ Event က ပရိသတ်တွေကြား အတော်လေးရေပန်းစားသွားပြီး အဲဒီ Event ကို စိတ်ပါဝင်စားစွာ ပြန်လည်တုံ့ပြန်သူက ၅၀၀၀၀ […]

တော့တင်ဟမ်ကနေ ထွက်ခွာဖို့ ဟယ်ရီကိန်းကို တိုက်တွန်းပြောဆိုလိုက်တဲ့ ဂလင်းဂျွန်ဆင်

October 7, 2019 phyo 0

Photo Credit Photo Credit အင်္ဂလန်နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က တော့တင်ဟမ်ကြယ်ပွင့် ဟယ်ရီကိန်းကို လက်ရှိအသင်းကနေ ထွက်ခွာပြီး ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ Photo Credit ကိန်းဟာ ပြီးခဲ့တဲ့စနေနေ့ကကစားခဲ့တဲ့ ဘရိုက်တန်အသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ဂျွန်ဆင်ကတော့ ကိန်းဟာ […]

ဘာစီလိုနာ ယူ-၁၉ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဗဲလ်ဒက်စ်

October 7, 2019 phyo 0

Photo Credit Photo Credit ဘာစီလိုနာအသင်းဟာ ယူ-၁၉ နည်းပြဖြစ်တဲ့ ဂန္ထဝင်ဂိုးသမား ဗစ်တာဗဲလ်ဒက်စ်ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ပါတယ်။ ဘာစီလိုနာဂိုးသမားဟောင်းဗဲလ်ဒက်စ်ဟာ အဆိုပါနည်းပြရာထူးကို ဇူလိုင်လက စတင်ရယူခဲ့တာဖြစ်ပြီး ဂျူဗန်နယ်အေအသင်းကို ကိုင်တွယ်တာ ၃ လခန့်သာရှိသေးတာ ဖြစ်ပါတယ်။ Photo Credit သတင်းတွေရဲ့အဆိုအရ ယခုလိုထုတ်ပယ်မခံရခင် […]

မန်ယူပရိသတ်တွေဟာ အသင်းရဲ့လက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်မှုနဲ့သာ ထိုက်တန်တာပါ…

October 7, 2019 admin 0

မန်ယူပရိသတ်တွေဟာ အသင်းရဲ့လက်ရှိဆိုးရွားတဲ့ခြေစွမ်းထက် ပိုမိုကောင်းမွန်မှုတွေနဲ့သာ ထိုက်တန်သူတွေဖြစ်တယ်လို့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၂နေရာအထိရောက်ရှိသွားသလို တန်းဆင်းဇုန်နဲ့လည်း ၂မှတ်သာကွာပါတော့တယ်။ ဒါဟာ ၂၀၁၁ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်ကို သူ စတင်ရောက်ရှိလာချိန်ကတည်းက အခက်ခဲဆုံးအချိန်တွေဖြစ်နေသလို လက်မခံနိုင်စရာစွမ်းဆောင်မှုလို့ ဂိုးသမားဒီဂီယာက Sky Sports ကို ထုတ်ပြောထားသလို […]

ထူးခြားတဲ့စံချိန်တွေနဲ့ မေဂျာလိဂ်ရွှေဖိနပ်ဆုရှင် ကားလို့စ်ဗီလာ

October 7, 2019 admin 0

၂၀၁၉ မေဂျာလိဂ်ဘောလုံးရာသီရဲ့ပုံမှန်ရာသီကတော့ ပြီးဆုံးသွားခဲ့ပါပြီ။မတ်လ ၂ရက်နေ့ကနေ အောက်တိုဘာလ ၆ရက်နေ့အထိကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ မေဂျာလိဂ်အမှတ်ပေးစည်းမျဉ်းအရ အကောင်းဆုံးမှတ်တမ်းတွေနဲ့အတူ Supporters’ Shield ဆုကို ဆွတ်ခူးနိုင်ခဲ့တာက လော့စ်အိန်ဂျယ်လိစ်အက်ဖ်စီအသင်းပါ။ သူတို့အတွက် နောက်ထပ်ဂုဏ်ယူစရာတစ်ခုကတော့ တိုက်စစ်မှူးကားလို့စ်ဗီလာကလည်း ၂၀၁၉ မေဂျာလိဂ်ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါပဲ။Audi ကချီးမြှင့်တဲ့ဒီဆုကို ကားလို့စ်ဗီလာဟာ သွင်းဂိုး ၃၄ဂိုးနဲ့ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာ မနှစ်ကရွှေဖိနပ်ဆုရှင် […]

ဇယားထိပ်လွှဲပေးရအပြီးမှာ ဂျူဗင်တပ်နဲ့နှိုင်းယှဉ်လု့ိမရသေးဘူးဆိုတာ ဝန်ခံခဲ့တဲ့ကွန်တီ

October 7, 2019 Zayar Phyo Han 0

photo-social media photo-gettyimages တနင်္ဂနွေညစီးရီးအေအိမ်ကွင်းပွဲစဉ်မှာ ဂျူဗင်တပ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အင်တာမီလန်နည်းပြကွန်တီက သူ့ရဲ့အသင်းဟာ လက်ရှိချန်ပီယံနဲ့ နှိုင်းယှဉ်လို့မရသေးဘူးဆိုတာ ဝန်ခံလိုက်ပါတယ်။ အဲဒီရှုံးပွဲကြောင့်လည်း အင်တာမီလန်ဟာ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဂျူဗင်တပ်ထံလွှဲပြောင်းပေးလိုက်ရပါတယ်။ ဂျူဗင်တပ်နဲ့ မတွေ့ခင်တုန်းက အင်တာဟာ စီးရီးအေမှာ ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တာပါ။ photo-gettyimages ”ရှုံးနိမ့်မှုအတွက် စိတ်ပျက်ရပါတယ်။ ဂျူဗင်တပ်ဖြစ်နေလို့တော့ […]

ကိုယ်လုံးကိုယ်ပေါက်အရ ပိုပြီးလေ့ကျင့်ရမယ်လို့ လူကာကူကို ကွန်တီသတိပေး

October 7, 2019 admin 0

လက်ရှိကိုယ်လုံးကိုယ်ပေါက်အရ ကောင်းမွန်တဲ့ပုံစံဖြစ်ဖို့ ပိုပြီးလေ့ကျင့်မှဖြစ်မယ်လို့ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်နည်းပြကွန်တီက သတိပေးလိုက်ပါတယ်။နွေဈေးကွက်မပိတ်ခင် မန်ယူကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဘာစီလိုနာကိုရှုံးတဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်နဲ့အီတလီဒါဘီပွဲမှာတော့ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ စီးရီးအေပြိုင်ဘက်ကြီးကို ၂-၁ဂိုးနဲ့အရှုံးပေးခဲ့ရတဲ့ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့သလို ကစားပုံလေးလံနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ အင်တာနည်းပြကွန်တီကလည်း သူ့ရဲ့တိုက်စစ်မှူးနဲ့ပတ်သက်ပြီး “ သူဟာ ဒီထက်ပိုပြီး သေချာပေါက်လေ့ကျင့်ရမယ့် […]