အင်္ဂလန်အမျိုးသမီးအသင်း အိုလံပစ်ခြေစစ်ပွဲမအောင်ဖို့ အညစ်ခံခဲ့ရတာဖြစ်တယ်လို့ အင်္ဂလန်ပရိသတ်တွေ စွပ်စွဲ . .

December 6, 2023 Nan Da 0

၂၀၂၃-၂၄ UEFA Women’s Nations League အုပ်စု A နောက်ဆုံးပွဲမှာ အင်္ဂလန်အမျိုးသမီးအသင်းဟာ စကော့တလန်ကို ၆-၀ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ထိပ်ဆုံးက နယ်သာလန်နဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာသာရခဲ့ပြီး ၂၀၂၄ အိုလံပစ်ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ အုပ်စု A နောက်ဆုံးပွဲမတိုင်ခင် နယ်သာလန်နဲ့အင်္ဂလန်အသင်းတို့ဟာ […]

ပထမဆုံးအကြိမ်ရဖူးတဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုနဲ့အတူ ဂေါင်းကြီးပြန်လာပြီ

December 6, 2023 Nan Da 0

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မန်ယူနောက်ခံလူမက်ဂွိုင်းယားက ဆွတ်ခူးသွားပါတယ်။ အဲဒီအင်္ဂလန်နောက်ခံလူဟာ တန်ဟက်လက်ထက် အနာဂါတ်မရှိတော့ဘူးလို့ ထင်ခဲ့ရပေမယ့် ဒီရာသီမန်ယူမှာ နေရာပြန်ရပြီး ခြေစွမ်းပြနေတာပါ။ သူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကို ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှုမရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကပ္ပတိန်လက်ပတ်လည်း ရုပ်သိမ်းခံခဲ့ရတဲ့ မက်ဂွိုင်းယားကို အတော်တော်များများက […]

နည်းပြရာထူးကနေ မထုတ်ဘဲ အချိန်ပေးဖို့ ယူနိုက်တက်ဘုတ်အဖွဲ့ကို အဲရစ်တန်ဟက် တောင်းဆို . .

December 6, 2023 author one 0

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က သူ့ကို ရာထူးမထုတ်ဘဲ အချိန်ပေးဖို့ အသင်းဘုတ်အဖွဲ့ကို တောင်းဆိုခဲ့ပြီး ထိပ်ဆုံးပြန်ရောက်အောင် ကြိုးစားပြမယ်လို့ ကတိပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲကစားအပြီးမှာပဲ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဒီညမှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲကျပ်ကစားရမှာဖြစ်ပါတယ်။ အခုလောလောဆယ် ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဆင့် ၇ […]

‘Time’ မဂ္ဂဇင်းရဲ့ Athlete Of The Year အဖြစ် ရွေးချယ်ခံရတဲ့ ပထမဆုံး အမျိုးသားဘောလုံးသမားဖြစ်လာသူ မက်ဆီ

December 6, 2023 author one 0

အာဂျင်တီးနားဂန္ထဝင်ကစားသမား မက်ဆီဟာ နာမည်ကျော် Time မဂ္ဂဇင်းရဲ့ ၂၀၂၃ Athlete Of The Year အဖြစ် သတ်မှတ်ခံခဲ့ရပြီး အမျိုးသားဘောလုံးသမားထဲမှာ ဒီဆုဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းရေးထိုးခဲ့ပါတယ်။ Time မဂ္ဂဇင်းဟာ ၁၉၂၇ ခုနှစ်က စတင်ပြီး ကဏ္ဍအသီးသီးက နာမည်ကျော် လူပုဂ္ဂိုလ်တွေကို နှစ်စဉ်ရွေးချယ်ခဲ့သလို […]

ဂွါကြီးနာမည်မေ့နေတဲ့ ကိုရီးယားကောင်က EPL ဂိုးအများဆုံးစာရင်းမှာ စတုတ္ထနေရာရောက်လပြီ

December 6, 2023 Nan Da 0

ပြီးခဲ့တဲ့အင်္ဂါည ပရီးမီးယားလိဂ်မှာ ဝုဗ်က အိမ်ကွင်းမှာ ဘန်လေကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ အဲဒီပွဲက ၄၂ မိနစ်မှာ ဝုဗ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တိုက်စစ်မှုးဟွမ်ဟီချန်က သွင်းယူပေးခဲ့တာပါ။ ကိုရီးယားကြယ်ပွင့်အတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၈ ဂိုးမြောက်သွင်းဂိုးဖြစ်လာပါတယ်။ အဲဒါကြောင့်လည်း ဒီရာသီပရီးမီးယားလိဂ်မှာ ဝုဗ်တိုက်စစ်မှုးထက် ဂိုးများတာဆိုလို့ ၃ ယောက်ပဲ […]

CR7 နဲ့ပြိုင်ဆိုင်ခဲ့ရတဲ့လာလီဂါရွှေဖိနပ်ဆုကို မက်ဆီနဲ့နေမာတို့ ကူညီပေးလို့ သူရခဲ့ကြောင်း ဆွာရက်ဇ်ဖွင့်ဟ

December 6, 2023 Nan Da 0

ဘောလုံးသမိုင်းမှာ စတုတ္ထဂိုးအများဆုံးသွင်းသူဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်ဟာ လာလီဂါမှာ ၈ နှစ်ကြာကစားဖူးပေမယ့် လာလီဂါဂိုးအများဆုံးသွင်းသူဖြစ်တဲ့ ပီချီချီဆုကိုတော့ ၂၀၁၅-၁၆ ရာသီက တစ်ကြိမ်သာ ရဖူးပါတယ်။ အဲဒီရခဲ့တဲ့တစ်ကြိမ်ကလည်း စီရော်နယ်ဒိုနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာပါ။ လာလီဂါရာသီမကုန်ခင် ၄ ပွဲအလိုမှာဆို စီရော်နယ်ဒိုဟာ ဆွာရက်ဇ်ထက် ၃ ဂိုးပိုများနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ် […]

မန်ယူကစားသမားတွေနဲ့ပက်သက်ပီး ပြောချင်ရာပြောတော့ဆိုပီး လျစ်လျူရှူ့ထားတော့တဲ့ တန်ဟတ်

December 6, 2023 Nan Da 0

လက်ရှိ မန်ယူအသင်းမှာ ကစားသမားတွေ မကျေမချမ်း ဖြစ်နေတဲ့ ကိစ္စတွေအတွက် လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားပြီး ဒါဟာ ပုံမှန်ပဲဖြစ်တယ်လို့ နည်းပြအဲရစ် တန်ဟတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကစားခဲ့တဲ့ နယူးကာဆယ်ကို ၁-၀ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်တစ်ယောက် စိတ်နဲ့ ကိုယ်နဲ့ မကပ် […]

မှတ်တမ်းတွေကို တစ်ချက်ရှိုးလိုက်ဆိုတဲ့ တန်ဟတ်

December 6, 2023 Nan Da 0

မန်ယူနည်းပြရာထူးကနေ သူ့ကို မဖယ်ရှားဖို့အဓိပ္ပာယ်ဆောင်တဲ့ စကားတွေကို နည်းပြ အဲရစ်တန်ဟတ်က ပြောဆိုလိုက်ပြီး တစ်သင်းလုံး စုစုစည်းစည်းရှိနေရင် ဘာမှမဖြစ်ဘူး လို့ ဆိုပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၁၀ ပွဲအထိ ရှုံးထားမန်ယူကြောင့် တန်ဟတ်ရဲ့ နည်းပြထိုင်ခုံဟာ ခပ်လှုပ်လှုပ်ဖြစ်လာပြီး ယူနိုက်တက်ကလည်း ပရီးမီးယားလိဂ်အမှတ် ပေးဇယားမှာ […]

လိမ္မာပါးနပ်ဖို့လိုနေပြီဆိုတဲ့ ချဲလ်ဆီးနည်းပြ

December 6, 2023 Nan Da 0

သူ့အမှားကနေ ကိုယ့်အမှား ဖြစ်နေတဲ့ကိစ္စတွေကို မန်ယူနဲ့ပွဲကစပြီး မမြင်ချင်တော့ဘူး လို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောလိုက်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယား လိဂ်မှာ ထိန်းမရသိမ်းမရ အဆိုးရွားဆုံးဖြစ်နေပြီး အဝါကတ် ၄၇ ကတ်နဲ့ အနီကတ် တစ်ကြိမ် ထိထားတဲ့ အသင်းဖြစ်ပါတယ်။ လန်ဒန်ကလပ်ရဲ့ အဓိက အားနည်းချက်က […]

အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ထားလိုက်တဲ့ ဂန်းနား

December 6, 2023 Nan Da 0

အင်္ဂါညနှောင်းပိုင်း ကစားခဲ့တဲ့ လူတန်တောင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်ဟာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ရဲ့ ၉၇ မိနစ် သွင်းဂိုးနဲ့အတူ နိုင်ပွဲရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ်ပြတ် ဦးဆောင်လိုက်ပါပြီ။ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ဒီကလန်ရိုက်စ်ဟာ ပွဲချိန် ၉၇ မိနစ်မှာ အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ […]