မန်ယူနဲ့ဟာလန်း ရေစက်ဆုံကြမလား…

September 25, 2019 admin 0

ဆဲလ်ဘတ်တိုက်စစ်မှူးဟာလန်းဟာ ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကစားသမားတစ်ယောက်ပါ။အထူးသဖြင့် အသက် ၁၉နှစ်သားဟာ ဂျန့်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ ဆဲလ်ဘတ်အတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့နောက်ပိုင်း ထိပ်တန်းအသင်းတွေ မျက်စိကျမှုကိုခံလာခဲ့ရပါတယ်။ဒီအထဲမှာ ပရီးမီးယားလိဂ်ကလပ် မန်ယူလည်းပါနေတယ်လို့ သတင်းတွေထွက်နေပါတယ်။လက်ရှိအချိန်မှာတော့ ကာယကံရှင်ကိုယ်တိုင်က နည်းပြဆိုးလ်ရှားကိုချီးကျူးလိုက်သလို အင်္ဂလန်ဘောလုံးလောကကိုလည်း သဘောကျတယ်လို့ ဖွင့်ဟလာတာကြောင့် အိပ်မက်ကဇာတ်ခုံမှာ နော်ဝေသားကိုမြင်ရတော့မလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် […]

၃၅ ကိုက်အကွာကနေ သူမသန်တဲ့ဘယ်ခြေနဲ့အတူ အံ့ဖွယ်သွင်းဂိုးဖန်တီးရင်း အသက်အရွယ်က ကိန်းဂဏန်းတစ်ခုဆိုတာကို လက်တွေ့သက်သေပြနေတဲ့ ကာဇိုလာ

September 25, 2019 phyo 0

Photo Credit Photo Credit ဆန်တီကာဇိုလာဆိုတာ စပိန်နိုင်ငံသားဖြစ်တာနဲ့အညီ စကေးကောင်းတယ်။ မထင်မှတ်တဲ့လှည့်ကွက်တွေနဲ့အတူ ကွင်းလယ်မှာ စိုးမိုးကစားနိုင်တယ်။ အာဆင်နယ်ကစားသမားဘ၀နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာတွေက နှိပ်စက်ခဲ့လို့သာ အသင်းနဲ့လမ်းခွဲခဲ့ရတာ။ တကယ်တမ်း အာဆင်နယ်ပရိသတ်တွေလည်း ကာဇိုလာကို လက်လွှတ်လိုက်ရလို့ နှမျောတသသဖြစ်နေတာ။ Photo Credit အခု လာလီဂါကို ဗီလာရီးရဲလ်နဲ့အတူ ပြန်ရောက်လာတော့ […]

၁၀ မိနစ်သာကစားရသေးတဲ့ဆန်းချက်ဇ် ပွဲထွက်ဖို့အသင့်မဖြစ်သေးကြောင်း ကွန်တီဖွင့်ဟ

September 25, 2019 Zayar Phyo Han 0

photo-gettyimages pholto-gettyimages တိုက်စစ်မှုးအလက်ဆစ်ဆန်းချက်ဇ်ဟာ ကလပ်အတွက် ပွဲထွက်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း အင်တာမီလန်နည်းပြကွန်တီက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီချီလီသားဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက မန်ယူကို အင်တာကို တစ်ရာသီအငှားနဲ့သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စီးရီးအေတစ်ကျော့ပြန်ကစားသမားဘ၀ဟာ ထင်ထားသလောက် မချောမွေ့သေးဘဲ ဒီရာသီမှာ အင်တာအတွက် ၁၀ မိနစ်သာ ကစားခွင့်ရပါသေးတယ်။ photo-gettyimages ဆန်းချက်ဇ်ဟာ ကြားဖြတ်နိုင်ငံတကာပွဲတွေအပြီး ကစားခဲ့တဲ့အူဒီးနိစ်နဲ့ပွဲမှာ နောက်ဆုံး […]

ဖီဖာအကောင်းဆုံးဆုကို မက်ဆီမရသင့်ဘဲ ရော်နယ်ဒိုသာ ရရှိသင့်တယ်လို့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူ ဆို

September 25, 2019 phyo 0

Photo Credit Photo Credit မက်ဆီထက် ခရစ္စတီယာနို ရော်နယ်ဒိုကသာ ဖီဖာအကောင်းဆုံးကစားသမားဆုကို ရခဲ့သင့်တယ်လို့ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာဖာဘီယိုပါရာတီချီကဆိုပါတယ်။ ဘာစီလိုနာကြယ်ပွင့် လီယိုနယ်မက်ဆီဟာ ယမန်နေ့က မီလန်မြို့မှာ ကျင်းပခဲ့တဲ့ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ Photo Credit ; Getty Images လီဗာပူးနောက်ခံလူဗာဂျယ်ဗန်ဒိုက်က ဒုတိယနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး […]

ဒဏ်ရာပြသနာကြောင့် မက်ဆီအတွက် အဆိုးရွားဆုံးရာသီတာထွက်ဖြစ်နေ

September 25, 2019 Zayar Phyo Han 0

photo-gettyimages photo-gettyimages မက်ဆီဟာ သူ့ကစားသမားဘ၀ရဲ့အဆိုးဆုံးရာသီတာထွက်နဲ့ကြုံတွေ့နေရပေမယ့် ကွင်းထဲက သူ့စွမ်းဆောင်မှုကြောင့် မဟုတ်ဘဲ ဒဏ်ရာပြသနာရှိနေလို့ ကစားနိုင်ခြင်းမရှိတာကြောင့်ပါ။ အဲဒီဘာစီလိုနာအသင်းခေါင်းဆောင်ဟာ အခုရာသီမှာ ၉ ရက်သာကြံ့ခိုင်မှုရှိခဲ့ပြီး ခြေသလုံးကြွက်သားဒဏ်ရာကြောင့်လည်း ရာသီကြိုကာလကို လုံးလုံးလျားလျားလွဲချော်ခဲ့ရပါတယ်။ အခုတော့ သူဟာ အင်္ဂါညကစားခဲ့တဲ့ဗီလာရီးရဲလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဘယ်လောက်ထပ်နားရမလဲ မသိသေးပါဘူး။ photo-gettyimages နွေရာသီကာလမှာ ရရှိခဲ့တဲ့ခြေသလုံးဒဏ်ရာကြောင့် မက်ဆီဟာ […]

နူအာကိုမရွေးရင် ကစားသမားပို့မှာမဟုတ်ဘူးလို့ ဂျာမနီအသင်းကို ဘိုင်ယန်ဥက္ကဌသတိပေး

September 25, 2019 Zayar Phyo Han 0

photo-daily mail photo-EPA ဂိုးသမားနူအာနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ဂျာမနီလက်ရွေးစင်အသင်းတို့ကြားက ပြည်တွင်းစစ်ဟာ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဂိုးသမားနူအာသာ နိုင်ငံအသင်းမှာ ပွဲထွက်နေရာဆုံးရှုံးရမယ်ဆိုရင် သူ့ရဲ့ကလပ်ဖြစ်တဲ့ဘိုင်ယန်မြူးနစ်ဟာ လက်ရွေးစင်အသင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်လိုက်တာပါပဲ။ ဘိုင်ယန်ဂိုးသမားနူအာနဲ့ ဘာစီလိုနာဂိုးသမားတာစတီဂန်တို့ဟာ လက်ရွေးစင်အသင်းရဲ့နံပါတ် ၁ ဂိုးသမားနေရာအတွက် မကြာသေးခင်တုန်းက လူသိရှင်ကြား အပြန်အလှန်စကားများခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ထဲမှာ တာစတီဂန်က ပွဲကစားခွင့်သိပ်မရလို့ […]

စစ်တမ်းအရ ၂၀၁၉ အတွင်း လေးစားအခံရဆုံးအားကစားသမားမှာ စီရော်နယ်ဒိုဖြစ်

September 25, 2019 Zayar Phyo Han 0

photo-sportbible photo-gettyimages ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုဟာ ဒီနှစ်ရဲ့လေးစားအခံရဆုံးအားကစားသမားဖြစ်နေကြောင်း စစ်တမ်းတစ်ခုအရ သိရှိရပါတယ်။ အဲဒီစစ်တမ်းကို ဗြိတိန်အခြေစိုက်အင်တာနက်အခြေပြုဈေးကွက်သုတေသနနဲ့ အချက်အလက်သရုပ်ခွဲတဲ့အဖွဲ့အစည်းဖြစ်တဲ့ YouGov ကပြုလုပ်ခဲ့တာပါ။ YouGov ဟာ နိုင်ငံပေါင်း ၄၁ နိုင်ငံက လူပေါင်း ၄၂၀၀၀ ကျော်ကို စစ်တမ်းကောက်ယူပြီး ကမ္ဘာပေါ်မှာ လေးစားအခံရဆုံးလူပုဂ္ဂိုလ်စာရင်းကို ဖော်ပြခဲ့တာပါ။ photo-gettyimages အဲဒီစာရင်းမှာ Ballond’Or ၅ ဆုရှင် […]

အမုန်းတရားတွေ ပိုမိုတောက်လောက်အောင် မီဒီယာတွေ မီးထိုးပေးနေကြတယ်…

September 25, 2019 admin 0

အင်တာမီလန်နည်းပြကွန်တီကတော့ အီတလီမီဒီယာတွေကို အတော်လေးဒေါသထွက်နေပြီး သူနဲ့အသင်းဟောင်းဂျူဗင်တပ်ကြားမှာ အမုန်းတရားတွေအတောမသတ်နိုင်အောင်မီးထိုးပေးနေကြတယ်လို့ တိုက်ခိုက်စွပ်စွဲလိုက်ပါတယ်။ကွန်တီဟာ အိုးလ်လေဒီတွေရဲ့ပြိုင်ဘက် အင်တာမီလန်ကိုတာဝန်ယူပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျူဗင်တပ်နဲ့ ဒါဘီအီတာလီယာပွဲစဉ်ကိုနွှဲရဖို့ရှိနေပါတယ်။အဲဒီပွဲဟာ အောက်တိုဘာလ ၇ရက်နေ့မှ ကစားရမှာဖြစ်ပေမယ့် အီတလီမီဒီယာတွေကတော့ အခုချိန်ကတည်းက စိတ်ဝင်စားစရာကောင်းအောင် သတင်းအချက်အလက်တွေနဲ့တည်ဆောက်နေကြပါပြီ။ဒါပေမဲ့ တချို့မီဒီယာတွေရဲ့ရေးသားမှုတွေဟာ သူ့ကို တာဝန်မဲ့သူတစ်ယောက်လို့ ယုံမှားသံသယရှိစေနိုင်တဲ့ ရည်ရွယ်ချက်မျိုးတွေပါနေတယ်လို့ ကွန်တီက ယူဆပြီးပေါက်ကွဲခဲ့တာပါ။ […]

ဆံပင် ပုံစံသစ်ကို အင်စတာဂရမ်ပေါ်တင်ခဲ့လို့ ပေါ့ဂ်ဘာကို ဒေါသထွက်နေကြ

September 25, 2019 kyaw kyaw Han 0

မန်ယူဟာ ဒီကနေ့ညမှာ လိဂ်ဖလား(Carabao Cup) ပွဲစဉ်အဖြစ် ရို့ခ်ျဒါလီနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဒဏ်ရာရလို့ အနားယူနေရတဲ့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ဆံပင်ပုံစံသစ်ကို အင်စတာဂရမ်ပေါ်မှာတင်ခဲ့တဲ့အတွက် သူ့လုပ်ရပ်ကို ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။ ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် မန်ယူရဲ့နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရို့ခ်ျဒါလီနဲ့ ပွဲမှာပါဝင်ဖို့အတွက် ကြံခိုင်မှုပြည့်ဝဖွယ်ရှိလို့ ပရိသတ်တွေကမျှော်လင့်နေချိန်မှာ ဆံပင်ညှပ်တာကိုဘဲ အလေးထားနေတဲ့အတွက် […]

ဆုပေးပွဲမတက်ခဲ့လို့ စီရော်နယ်ဒိုကို ဖီဖာဒေါသထွက်ပြီး သူ့နာမည်ကိုကြေညာခဲ့ခြင်းမရှိ

September 25, 2019 kyaw kyaw Han 0

ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဖီဖာရဲ့ The Best ဆုပေးပွဲကို စီရော်နယ်ဒိုတက်ရောက်ခဲ့ခြင်းမရှိမှုအပေါ် ဖီဖာကဒေါသထွက်နေပြီး အကောင်းဆုံးအသင်းမှာပါခဲ့တဲ့ သူ့နာမည်ကိုထုတ်ပြန်ကြေညာပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဂျူ ဗင်တပ်နဲ့  ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူဆုမရမှန်းသိလို့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ စီရော်နယ်ဒိုဟာ သူ့အိမ်မှာရှိနေပြီး စာအုပ်ဖတ်နေတဲ့ ပုံကို […]