ပြင်သစ်သားတွေအတွက် အောင်မြေလိုဖြစ်နေတဲ့ ဂျူဗင်တပ်နဲ့ သတင်းထွက်လာတဲ့ ဂီရော့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ဟာ အီတလီ စီးရီးအေ ထိပ်သီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ဂျူဗီအနေနဲ့ သူတို့အသင်းရဲ့ အထောင်တိုက်စစ်မှူး စစ်စစ် ဖြစ်တဲ့ ဟီဂူအင်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီးနောက်မှာ ကာဗာနီ၊ ဆွာရက်ဇ်၊မိုရာတာ တို့ကို ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။ အခုနှစ် နွေရာသီ ဈေးကွက် အတွင်းမှာ အထောင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ အတွက် ကြိုးစားနေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါ။

ဂျူဗင်တပ်အသင်းဟာ ဆွာရက်ဇ်နဲ့ မိုရာတာကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းက မိုရာတာကို ရောင်းချဖို့ ဆန္ဒမရှိသလို ဆွာရက်ဇ်ဟာလည်း အီတလီနိုင်ငံမှာ နေထိုင်ခွင့် ရရှိဖို့ ခက်ခဲနေတာကြောင့် ဂီရော့ဒ်ကို ခေါ်ယူဖို့ ပြန်ပြောင်း ကြိုးစားလာတာ ဖြစ်ကြောင်း အီတလီ သတင်းဌာနတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ဂီရော့ဒ် နဲ့ ချယ်လ်ဆီးတို့က စာချုပ်သစ်ချုပ်ဆိုထားခဲ့ပြီး ကစားသမားကလည်း အသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။ မနှစ်ကတည်းက ချယ်လ်ဆီးက နေထွက်ခွာဖို့သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားဝယ်ယူခွင့်ပိတ်ပင်ခံထားရချိန်မှာ တိုက်စစ်ပိုင်းအခက်အခဲတွေရှိနေတဲ့ လမ်းပတ်က ဂီရော့ဒ်ကို ရောင်းထုတ်ခဲ့ခြင်းမရှိဘဲ ခံစစ်ပိတ်ကစားတာကောင်းမွန်တဲ့ အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ ဂီရော့ဒ်ကို အားကိုးခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂီရော့ဒ်ဟာ ချယ်လ်ဆီးအတွက် ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းဟာ ပုံမှန်ဂိုးသွင်းနိုင်စွမ်းမရှိပေမယ့်လည်း တိုက်စစ်ပိုင်းမှာ သူ့ရဲ့ကစားပုံတွေက ထိရောက်ပြီး အသင်းဖော်တွေအတွက် အခွင့်အလမ်းဖြစ်စေသလို ကိုယ်တိုင်ကလည်း ကျဉ်းထဲကျပ်ထဲကနေ ဂိုးသွင်းယူနိုင်တဲ့ အထောင်တိုက်စစ်မှူး စစ်စစ် ဖြစ်ပါတယ်။ ဂီရော့ဒ်ဟာ မကြာသေးမီက ချယ်လ်ဆီးအသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်သွားမယ် လို့ ဆိုခဲ့ပေမယ့် ဂျူဗင်တပ်အသင်းဘက်က ကမ်းလှမ်းလာချိန်မှာတော့ မငြင်းဆန်နိုင်ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

ပြင်သစ်ကစားသမားတွေအများစုဟာ ဂျူဗင်တပ်အသင်း မှာအောင်မြင်မှု မှတ်တိုင်တွေများစွာ စိုက်ထူထားနိုင်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ပလာတီနီ၊ ဇီဒန်း၊ ဒီဒီယာဒေ့ရှန်၊ ထရေစီဂေး၊ အွန်နရီ၊ သူရမ် ၊ ပေါ့ဘာတို့တွေဟာ ဂျူဗင်တပ်အသင်းမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ကစားသမားတွေပါ။

ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဂီရော့ဒ် နဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာ ဖြစ်ပေါ်လာဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂျူဗင်တပ်အသင်းအနေနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ဂီရော့ဒ်အတွက် ပေါင်၄.၁၅သန်း သာအကုန်ကျခံမယ် လို့လည်း ဆိုပါတယ်။ ချယ်ဆီးအသင်းဘက်ကတော့ ဂီရော့ဒ် ပြောင်းရွေ့ကြေးကို ပေါင် ၄.၆သန်းရယူလိုနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ ဒီပြောင်းရွှေ့ကြေးတွေဟာ ဂီရော့ဒ် နဲ့ ချယ်ဆီးအသင်းတို့အတွက်ညှိနှိုင်းရခက်တဲ့အနေအထားမှာ မရှိတာကြောင့် ပြင်သစ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကိုစွန့်ခွာပြီး နယ်မြေသစ်တစ်ခုမှာ ကျင်လည်ရတော့မှာလည်းဖြစ်ပါတယ်။ ဒါဟာ ပြင်သစ်မြေကိုစွန်ခွာခဲ့အပြီး ၈နှစ်အကြာမှာ နာမည်ကျော် ပြင်သစ်ကစားသမားတွေရဲ့အောင်မြေလိုဖြစ်နေတဲ့ တူရင်မြို့ဆီကို ပြောင်းရွေ့ဖို့ဖြစ်လာခဲ့တာဟာ ဂီရော့ဒ် အတွက်ကတော့ ဂုဏ်ယူ ဝမ်းသာစရာဖြစ်နေမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ျပင္သစ္သားေတြအတြက္ ေအာင္ေျမလိုျဖစ္ေနတဲ့ ဂ်ဴဗင္တပ္နဲ႔ သတင္းထြက္လာတဲ့ ဂီေရာ့ဒ္

ခ်ယ္လ္ဆီးအသင္းရဲ႕ ဝါရင့္ ျပင္သစ္တိုက္စစ္မႉး ဂီေရာ့ဒ္ဟာ အီတလီ စီးရီးေအ ထိပ္သီးအသင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ေၾကာင္း အီတလီ သတင္းဌာနေတြက ေဖာ္ျပေနၾကပါတယ္။ ဂ်ဴဗီအေနနဲ႔ သူတို႔အသင္းရဲ႕ အေထာင္တိုက္စစ္မႉး စစ္စစ္ ျဖစ္တဲ့ ဟီဂူအင္ကို အသင္းကေန ထြက္ခြာခြင့္ ေပးခဲ့ၿပီးေနာက္မွာ ကာဗာနီ၊ ဆြာရက္ဇ္၊မိုရာတာ တို႔ကို ခ်ိတ္ဆက္မႈေတြရွိခဲ့ပါတယ္။ အခုႏွစ္ ေႏြရာသီ ေဈးကြက္ အတြင္းမွာ အေထာင္ တိုက္စစ္မႉးတစ္ဦးကို ေခၚယူဖို႔ အတြက္ ႀကိဳးစားေနတဲ့ အသင္းတစ္သင္းလည္းျဖစ္ပါ။

ဂ်ဴဗင္တပ္အသင္းဟာ ဆြာရက္ဇ္နဲ႔ မိုရာတာကို ေခၚယူဖို႔ အတြက္ ကမ္းလွမ္းခဲ့ေပမယ့္ အက္သလက္တီကို မက္ဒရစ္အသင္းက မိုရာတာကို ေရာင္းခ်ဖို႔ ဆႏၵမရွိသလို ဆြာရက္ဇ္ဟာလည္း အီတလီႏိုင္ငံမွာ ေနထိုင္ခြင့္ ရရွိဖို႔ ခက္ခဲေနတာေၾကာင့္ ဂီေရာ့ဒ္ကို ေခၚယူဖို႔ ျပန္ေျပာင္း ႀကိဳးစားလာတာ ျဖစ္ေၾကာင္း အီတလီ သတင္းဌာနေတြက ဆိုပါတယ္။ ၿပီးခဲ့တဲ့ရာသီကမွ ဂီေရာ့ဒ္ နဲ႔ ခ်ယ္လ္ဆီးတို႔က စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားခဲ့ၿပီး ကစားသမားကလည္း အသင္းအတြက္ ေျခစြမ္းျပကစားေပးႏိုင္ခဲ့ပါတယ္။ မႏွစ္ကတည္းက ခ်ယ္လ္ဆီးက ေနထြက္ခြာဖို႔သတင္းေတြ ထြက္ခဲ့ေပမယ့္ ကစားသမားဝယ္ယူခြင့္ပိတ္ပင္ခံထားရခ်ိန္မွာ တိုက္စစ္ပိုင္းအခက္အခဲေတြရွိေနတဲ့ လမ္းပတ္က ဂီေရာ့ဒ္ကို ေရာင္းထုတ္ခဲ့ျခင္းမရွိဘဲ ခံစစ္ပိတ္ကစားတာေကာင္းမြန္တဲ့ အသင္းေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ပြဲေတြမွာ ဂီေရာ့ဒ္ကို အားကိုးခဲ့ရပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဂီေရာ့ဒ္ဟာ ခ်ယ္လ္ဆီးအတြက္ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ ၂၅ ပြဲကစားၿပီး ၁၀ ဂိုးသြင္းယူေပးခဲ့ပါတယ္။ သူ႔ရဲ႕ေျခစြမ္းဟာ ပုံမွန္ဂိုးသြင္းႏိုင္စြမ္းမရွိေပမယ့္လည္း တိုက္စစ္ပိုင္းမွာ သူ႔ရဲ႕ကစားပုံေတြက ထိေရာက္ၿပီး အသင္းေဖာ္ေတြအတြက္ အခြင့္အလမ္းျဖစ္ေစသလို ကိုယ္တိုင္ကလည္း က်ဥ္းထဲက်ပ္ထဲကေန ဂိုးသြင္းယူႏိုင္တဲ့ အေထာင္တိုက္စစ္မႉး စစ္စစ္ ျဖစ္ပါတယ္။ ဂီေရာ့ဒ္ဟာ မၾကာေသးမီက ခ်ယ္လ္ဆီးအသင္းမွာ ေနရာရဖို႔ တိုက္ပြဲဝင္သြားမယ္ လို႔ ဆိုခဲ့ေပမယ့္ ဂ်ဴဗင္တပ္အသင္းဘက္က ကမ္းလွမ္းလာခ်ိန္မွာေတာ့ မျငင္းဆန္ႏိုင္ပဲ အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တဲ့ သတင္းေတြထြက္ေပၚလာပါတယ္။ ျပင္သစ္ကစားသမားေတြအမ်ားစုဟာ ဂ်ဴဗင္တပ္အသင္း မွာေအာင္ျမင္မႈ မွတ္တိုင္ေတြမ်ားစြာ စိုက္ထူထားႏိုင္ခဲ့တဲ့ေနရာလည္းျဖစ္ပါတယ္။ ပလာတီနီ၊ ဇီဒန္း၊ ဒီဒီယာေဒ့ရွန္၊ ထေရစီေဂး၊ အြန္နရီ၊ သူရမ္ ၊ ေပါ့ဘာတို႕ေတြဟာ ဂ်ဴဗင္တပ္အသင္းမွာ ေအာင္ျမင္ခဲ့တဲ့ ျပင္သစ္ကစားသမားေတြပါ။

ဥေရာပ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြကေတာ့ ဂီေရာ့ဒ္ နဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ မၾကာမီမွာ ျဖစ္ေပၚလာဖြယ္ ရွိတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဂ်ဴဗင္တပ္အသင္းအေနနဲ႔ ၂ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ဂီေရာ့ဒ္အတြက္ ေပါင္၄.၁၅သန္း သာအကုန္က်ခံမယ္ လို႔လည္း ဆိုပါတယ္။ ခ်ယ္ဆီးအသင္းဘက္ကေတာ့ ဂီေရာ့ဒ္ ေျပာင္းေရြ႕ေၾကးကို ေပါင္ ၄.၆သန္းရယူလိုေနတယ္လို႔လည္းသတင္းေတြထြက္ေပၚေနပါတယ္။ ဒီေျပာင္းေ႐ႊ႕ေၾကးေတြဟာ ဂီေရာ့ဒ္ နဲ႔ ခ်ယ္ဆီးအသင္းတို႔အတြက္ညႇိႏႈိင္းရခက္တဲ့အေနအထားမွာ မရွိတာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ကိုစြန႔္ခြာၿပီး နယ္ေျမသစ္တစ္ခုမွာ က်င္လည္ရေတာ့မွာလည္းျဖစ္ပါတယ္။ ဒါဟာ ျပင္သစ္ေျမကိုစြန္ခြာခဲ့အၿပီး ၈ႏွစ္အၾကာမွာ နာမည္ေက်ာ္ ျပင္သစ္ကစားသမားေတြရဲ႕ေအာင္ေျမလိုျဖစ္ေနတဲ့ တူရင္ၿမိဳ႕ဆီကို ေျပာင္းေ႐ြ႕ဖို႔ျဖစ္လာခဲ့တာဟာ ဂီေရာ့ဒ္ အတြက္ကေတာ့ ဂုဏ္ယူ ဝမ္းသာစရာျဖစ္ေနမွာပါ။