Officials ; လက္စတာေနာက္ခံလူ မက္ဂြိဳင္းယားကို စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ယူႏိုက္တက္ေခၚယူ

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းဟာ လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကို ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ နဲ႔ တရား၀င္ေခၚယူႏုိင္ခဲ့ၿပီျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ ယူႏုိက္တက္နဲ႔ ၆ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး သက္တမ္းကုန္ဆုံးရင္ ေနာက္ထပ္ ၁ႏွစ္သက္တမ္းတုိးႏိုင္မယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆုိခဲ့ပါတယ္။

Photo Credit ; Getty Images

သူဟာ ယူႏုိက္တက္နဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၀၀၀၀၀ တန္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ကို ေျပာင္းေရႊ႕ခြင့္ရခဲ့လုိ႔ ၀မ္းသာမိေၾကာင္း ဆုိပါတယ္။ ”ဒီလုိႀကီးက်ယ္တဲ့ကလပ္နဲ႔ ပူးေပါင္းခြင့္ရရွိလုိ႔ ကၽြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္။ လက္စတာအသင္းမွာ ကစားခဲ့တဲ့ကာလေတြကိုပဲ ေပ်ာ္ရႊင္စြာျဖတ္သန္းခဲ့ရၿပီး ဒီအတြက္လည္း အားလုံးကို ေက်းဇူးတင္ပါတယ္”

Photo Credit ; Getty Images

”ဒါေပမဲ့ ယူႏုိက္တက္လုိအသင္းႀကီးတစ္သင္းက ကိုယ့္အိမ္တံခါးကို လာေခါက္တဲ့အခါ အဲဒါက တကယ့္ကိုမယုံႏိုင္စရာေကာင္းတဲ့အခြင့္အေရးျဖစ္ပါတယ္။ နည္းျပဆုိးလ္ရွားနဲ႔ စကားေျပာၾကည့္တဲ့အခါ အသင္းအတြက္ သူ႕ရဲ႕အျမင္နဲ႔ Plans ေတြကို စိတ္လႈပ္ရွားမိပါတယ္။ ဆုိးလ္ရွားဟာ ဆုဖလားေတြရယူႏုိင္မယ့္အသင္းတစ္သင္း တည္ေဆာက္ေနတယ္လုိ႔ ရွင္းေနပါတယ္”လုိ႔ မက္ဂြိဳင္းယားက ေျပာပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ ယခုေႏြရာသီအေျပာင္းအေရႊ႕စတင္ခ်ိန္ကတည္းက ဗဟိုခံစစ္ပိုင္းကို ျပင္ဆင္ႏိုင္ဖို႔အတြက္ အဓိကဦးစားေပးပစ္မွတ္အျဖစ္ ႀကိဳးစားခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ရာသီႀကိဳေျခစမ္းပြဲမွာ ဒူးဒဏ္ရာရရွိခဲ့လုိ႔ ေနာက္ခံလူ ဘုိင္လီ အနည္းဆုံး ၄လအနားယူရတဲ့အခါ ေနာက္ခံလူလိုအပ္ခ်က္က ပိုမုိျပင္းထန္ခဲ့ပါတယ္။

Photo Credit ; AP

အဆုိပါအေျပာင္းအေရႊ႕က လက္စတာအသင္းအတြက္လည္း အေတာ္ေလးအျမတ္ေပၚခဲ့ၿပီး ၂၀၁၇ ေႏြရာသီက ဟားလ္စီးတီးအသင္းကေန မက္ဂြိဳင္းယားကို ေခၚယူခဲ့စဥ္က ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၁၂သန္းသာရွိခဲ့ကာ အပိုဆုေၾကးေတြထည့္ေပါင္းပါမွ ေပါင္ ၁၇သန္းအထိပဲရွိပါတယ္။

Photo Credit ; Getty Images

ၿပီးခဲ့တဲ့ေသာၾကာေန႔က ႏွစ္ဘက္အသင္းတာ၀န္ရွိသူေတြၾကားေဆြးေႏြးညႇိဳႏႈိင္းမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ ေနာက္ခံလူတစ္ဦးအတြက္ ကမၻာ့စံခ်ိန္သစ္ျဖစ္တဲ့ ေပါင္သန္း ၈၀ ေပးေခ်ဖို႔ ယူႏုိက္တက္က သေဘာတူညီခဲ့ပါတယ္။ ဒါဟာ ၂၀၁၈ ဇန္န၀ါရီလက ေဆာက္သမ္တန္ကေန လီဗာပူးကို ေပါင္ ၇၅သန္းနဲ႔ေရာက္ရွိလာတဲ့ ေနာက္ခံလူ ဗန္ဒိုက္ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

Photo Credit

Unicode

Officials ; လက်စတာနောက်ခံလူ မက်ဂွိုင်းယားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ခေါ်ယူ

ယူနိုက်တက်အသင်းဟာ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ယူနိုက်တက်နဲ့ ၆နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သက်တမ်းကုန်ဆုံးရင် နောက်ထပ် ၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
သူဟာ ယူနိုက်တက်နဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၀၀၀၀၀ တန်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ ဝမ်းသာမိကြောင်း ဆိုပါတယ်။ ”ဒီလိုကြီးကျယ်တဲ့ကလပ်နဲ့ ပူးပေါင်းခွင့်ရရှိလို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ လက်စတာအသင်းမှာ ကစားခဲ့တဲ့ကာလတွေကိုပဲ ပျော်ရွှင်စွာဖြတ်သန်းခဲ့ရပြီး ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်”
”ဒါပေမဲ့ ယူနိုက်တက်လိုအသင်းကြီးတစ်သင်းက ကိုယ့်အိမ်တံခါးကို လာခေါက်တဲ့အခါ အဲဒါက တကယ့်ကိုမယုံနိုင်စရာကောင်းတဲ့အခွင့်အရေးဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားနဲ့ စကားပြောကြည့်တဲ့အခါ အသင်းအတွက် သူ့ရဲ့အမြင်နဲ့ Plans တွေကို စိတ်လှုပ်ရှားမိပါတယ်။ ဆိုးလ်ရှားဟာ ဆုဖလားတွေရယူနိုင်မယ့်အသင်းတစ်သင်း တည်ဆောက်နေတယ်လို့ ရှင်းနေပါတယ်”လို့ မက်ဂွိုင်းယားက ပြောပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့စတင်ချိန်ကတည်းက ဗဟိုခံစစ်ပိုင်းကို ပြင်ဆင်နိုင်ဖို့အတွက် အဓိကဦးစားပေးပစ်မှတ်အဖြစ် ကြိုးစားခဲ့တာဖြစ်ပြီး အထူးသဖြင့် ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိခဲ့လို့ နောက်ခံလူ ဘိုင်လီ အနည်းဆုံး ၄လအနားယူရတဲ့အခါ နောက်ခံလူလိုအပ်ချက်က ပိုမိုပြင်းထန်ခဲ့ပါတယ်။
အဆိုပါအပြောင်းအရွှေ့က လက်စတာအသင်းအတွက်လည်း အတော်လေးအမြတ်ပေါ်ခဲ့ပြီး ၂၀၁၇ နွေရာသီက ဟားလ်စီးတီးအသင်းကနေ မက်ဂွိုင်းယားကို ခေါ်ယူခဲ့စဉ်က ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၂သန်းသာရှိခဲ့ကာ အပိုဆုကြေးတွေထည့်ပေါင်းပါမှ ပေါင် ၁၇သန်းအထိပဲရှိပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က နှစ်ဘက်အသင်းတာဝန်ရှိသူတွေကြားဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်သစ်ဖြစ်တဲ့ ပေါင်သန်း ၈၀ ပေးချေဖို့ ယူနိုက်တက်က သဘောတူညီခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်ကနေ လီဗာပူးကို ပေါင် ၇၅သန်းနဲ့ရောက်ရှိလာတဲ့ နောက်ခံလူ ဗန်ဒိုက်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။