OFFICIAL ; ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ အင္တာေခၚယူ

Photo Credit

Photo Credit

အင္တာမီလန္အသင္းဟာ ယူႏိုက္တက္တိုက္စစ္မွဴးလူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၈၀ (ေပါင္ ၇၄သန္း)နဲ႔ ေခၚယူခဲ့ၿပီး ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရပါတယ္။

Photo Credit

အသက္ ၂၆ႏွစ္အရြယ္ရွိ ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူဟာ ယူႏုိက္တက္အတြက္ ၉၆ပြဲမွာ ၄၂ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမယ့္ အုိးလ္ထရက္ဖို႔ဒ္အေျခစုိက္အသင္းမွာ ၂ႏွစ္သာကစားခဲ့ၿပီး ၂၀၁၇ ေႏြရာသီက အဲဗာတန္အသင္းကေန ေပါင္ ၇၅သန္းနဲ႔ ယူႏုိက္တက္ထံ ေရာက္ရွိလာခဲ့တာပါ။

Photo Credit

သူဟာ စီးရီးေအကလပ္အသင္းတစ္သင္းက ေခၚယူတဲ့ကစားသမားေတြအနက္ တတိယေျမာက္ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားျဖစ္လာၿပီး ယမန္ႏွစ္ရာသီက ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၉၉.၂သန္းနဲ႔ ေရာက္ရွိလာတဲ့ ေရာ္နယ္ဒိုနဲ႔ နာပိုလီကေန ဂ်ဴဗင္တပ္စ္ကို ေပါင္ ၇၅.၃သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့တုိက္စစ္မွဴး ဟီဂူအင္တုိ႔က လူကာကူရဲ႕အထက္မွာ ရပ္တည္ေနပါတယ္။

Photo Credit ; AP

”အင္တာမီလန္က ကၽြန္ေတာ္ေျပာင္းေရႊ႕ခ်င္တဲ့တစ္သင္းတည္းေသာကလပ္ျဖစ္ပါတယ္။ အသင္းကို အရင္လိုဥေရာပအသင္းႀကီးတစ္သင္းအျဖစ္ ျပန္လည္ရပ္တည္ႏိုင္ေအာင္ ကူညီေပးဖုိ႔ ဒီကိုေရာက္လာခဲ့တာပါ”လု႔ိ လူကာကူက ေျပာၾကားခဲ့ပါတယ္။

Photo Credit ; PA

လူကာကူဟာ ၿပီးခ့ဲတဲ့ရာသီက ယူႏုိက္တက္အတြက္ ၿပိဳင္ပြဲစုံ ၄၅ပဲြမွာ ၁၅ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ လက္ရွိနည္းျပဆုိးလ္ရွားရဲ႕လက္ေအာက္မွာ ဦးစားေပးတုိက္စစ္မွဴးအျဖစ္ကေန ေလ်ာ့က်သြားကာ ဆုိးလ္ရွားက ရက္ရွ္ဖို႔ဒ္ကိုပဲ ဦးစားေပးအသုံးျပဳခဲ့ပါတယ္။

Photo Credit

သူဟာ ယခုႏွစ္ရာသီႀကိဳေျခစမ္းပြဲမွာ တစ္ပြဲမွပါ၀င္မကစားခဲ့ဘဲ ဆုိးလ္ရွားက ေျခက်င္း၀တ္ဒဏ္ရာရရွိေနတာေၾကာင့္ မပါ၀င္ႏိုင္တာျဖစ္ေၾကာင္း ရွင္းျပခ့ဲေပမယ့္ ကစားသမားကေတာ့ အသင္းသစ္ေရာက္ရင္ ႀကံ့ခုိင္မႈျပည့္၀ေနေစေရးအတြက္ အသင္းေဟာင္း အန္ဒါလက္ရွ္မွာ လူငယ္အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။


အခုလို လူကာကူထြက္ခြာသြားတာေၾကာင့္ ယူႏုိက္တက္အသင္းမွာ တုိက္စစ္မွဴးဆုိလုိ႔ ရက္ရွ္ဖုိ႔ဒ္၊ မာရွယ္နဲ႔ ဆန္းခ်က္ဇ္တုိ႔ပဲ က်န္ေတာ့ၿပီး လူငယ္ကစားသမားေတြျဖစ္တဲ့ အိန္ဂ်ယ္ဂုိမက္စ္၊ ေမဆင္ဂရင္း၀ုဒ္နဲ႔ တာဟစ္ေခ်ာင္တုိ႔ကို ေနရာေပးဖို႔မ်ားေနပါတယ္။

Photo Credit

Unicode

OFFICIAL ; ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ အင်တာခေါ်ယူ

အင်တာမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူးလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ (ပေါင် ၇၄သန်း)နဲ့ ခေါ်ယူခဲ့ပြီး ၅နှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
အသက် ၂၆နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူဟာ ယူနိုက်တက်အတွက် ၉၆ပွဲမှာ ၄၂ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှာ ၂နှစ်သာကစားခဲ့ပြီး ၂၀၁၇ နွေရာသီက အဲဗာတန်အသင်းကနေ ပေါင် ၇၅သန်းနဲ့ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တာပါ။
သူဟာ စီးရီးအေကလပ်အသင်းတစ်သင်းက ခေါ်ယူတဲ့ကစားသမားတွေအနက် တတိယမြောက်ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာပြီး ယမန်နှစ်ရာသီက ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပေါင် ၉၉.၂သန်းနဲ့ ရောက်ရှိလာတဲ့ ရော်နယ်ဒိုနဲ့ နာပိုလီကနေ ဂျူဗင်တပ်စ်ကို ပေါင် ၇၅.၃သန်းနဲ့ ရောက်ရှိလာခဲ့တဲ့တိုက်စစ်မှူး ဟီဂူအင်တို့က လူကာကူရဲ့အထက်မှာ ရပ်တည်နေပါတယ်။
”အင်တာမီလန်က ကျွန်တော်ပြောင်းရွှေ့ချင်တဲ့တစ်သင်းတည်းသောကလပ်ဖြစ်ပါတယ်။ အသင်းကို အရင်လိုဥရောပအသင်းကြီးတစ်သင်းအဖြစ် ပြန်လည်ရပ်တည်နိုင်အောင် ကူညီပေးဖို့ ဒီကိုရောက်လာခဲ့တာပါ”လု့ိ လူကာကူက ပြောကြားခဲ့ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၅ပွဲမှာ ၁၅ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိနည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ ဦးစားပေးတိုက်စစ်မှူးအဖြစ်ကနေ လျော့ကျသွားကာ ဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ကိုပဲ ဦးစားပေးအသုံးပြုခဲ့ပါတယ်။
သူဟာ ယခုနှစ်ရာသီကြိုခြေစမ်းပွဲမှာ တစ်ပွဲမှပါဝင်မကစားခဲ့ဘဲ ဆိုးလ်ရှားက ခြေကျင်းဝတ်ဒဏ်ရာရရှိနေတာကြောင့် မပါဝင်နိုင်တာဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့် ကစားသမားကတော့ အသင်းသစ်ရောက်ရင် ကြံ့ခိုင်မှုပြည့်ဝနေစေရေးအတွက် အသင်းဟောင်း အန်ဒါလက်ရှ်မှာ လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။
အခုလို လူကာကူထွက်ခွာသွားတာကြောင့် ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူးဆိုလို့ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဆန်းချက်ဇ်တို့ပဲ ကျန်တော့ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ အိန်ဂျယ်ဂိုမက်စ်၊ မေဆင်ဂရင်းဝုဒ်နဲ့ တာဟစ်ချောင်တို့ကို နေရာပေးဖို့များနေပါတယ်။