
Photo Credit
Photo Credit ; Getty Images / AFP
အာဆင္နယ္အသင္းနည္းျပ အူႏိုင္းအမ္မရီက တနဂၤေႏြေန႔မွာ ကစားမယ့္ ေျမာက္လန္ဒန္ဒါဘီပြဲ(NLD)က ယခုရက္သတၱပတ္ကုန္အတြင္း ေဘာလုံးပရိသတ္ေတြအတြက္ ကမၻာ့အေကာင္းဆုံးပြဲျဖစ္ေၾကာင္း ေႂကြးေၾကာ္လုိက္ပါတယ္။ အမ္းမရိတ္စ္မွာ အိမ္ရွင္အာဆင္နယ္နဲ႔ ဧည့္သည္ေတာ့တင္ဟမ္တုိ႔အားၿပိဳင္မယ့္ ေျမာက္လန္ဒန္ဒါဘီပြဲက လန္ဒန္အေျခစုိက္ဒါဘီပြဲေတြအနက္ အခါးသီးဆုံး၊ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးဒါဘီပြဲအျဖစ္ သတ္မွတ္ခံထားရၿပီး ယခုရာသီ စိတ္၀င္စားစရာအေကာင္းဆုံးပြဲတစ္ပြဲအျဖစ္လည္း ကၽြမ္းက်င္သူေတြက သတ္မွတ္ထားပါတယ္။
Photo Credit ; Sky Sports
ၿပီးခဲ့တဲ့ရာသီက အခုလိုအိမ္ကြင္းပြဲမွာ အာဆင္နယ္က ဂိုးေတြအျပန္အလွန္သြင္းကာ ၄-၂ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး စပိန္ႏိုင္ငံသား အမ္မရီက ယခုရက္သတၱပတ္အကုန္မွာကစားရမယ့္ပြဲကလည္း ပရိသတ္ေတြအတြက္ မျဖစ္မေနေစာင့္ၾကည့္ရမယ့္ပြဲျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
Photo Credit ; Sky Sports
”ၿပီးခဲ့တဲ့ရက္သတၱပတ္က လီဗာပူး၊ ဒီတစ္ပတ္မွာ ေတာ့တင္ဟမ္တို႔နဲ႔ကစားရတဲ့ပြဲေတြက စိတ္၀င္စားစရာပါပဲ။ အဲဒီအသင္းေတြက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ထားတဲ့အသင္းေတြျဖစ္ၿပီး သူတို႔နဲ႔ကစားရတာက တကယ့္ကိုအ့ံအားသင့္စရာေကာင္းပါတယ္။ အထူးသျဖင့္ ကုိယ့္အသင္းပရိသတ္ေတြေရွ႕ေမွာက္မွာကစားရတာက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ေကာင္းပါတယ္”
Photo Credit ; Getty Images
”တနဂၤေႏြေန႔မွာကစားရမယ့္ပြဲက ေဘာလုံးပရိသတ္ေတြအားလုံးအတြက္ ကမၻာ့အေကာင္းဆုံးပဲြလို႔ဆုိႏိုင္ပါတယ္။ ကၽြန္ေတာ္တုိ႔အသင္းအတြက္ ဒါဘီပြဲအသစ္၊ ကာလအသစ္ေတြ ဖန္တီးခ်င္ပါတယ္။ အိမ္ကြင္းမွာ ပရိသတ္ေတြနဲ႔အတူ ေမ့မရႏိုင္တဲ့ေန႔ေလးတစ္ေန႔ ဖန္တီးခ်င္ပါတယ္”လုိ႔ အမ္မရီက ေျပာပါတယ္။
Photo Credit ; Getty Images
ဒါ့အျပင္ အမ္မရီက ေတာ့တင္ဟမ္နဲ႔ပြဲမွာ ယခုရာသီအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ကြင္းလယ္လူအိုေဇးလ္အေနနဲ႔ ပါ၀င္ကစားဖုိ႔ အသင့္ရိွေနၿပီလုိ႔ အတည္ျပဳခဲ့ၿပီး ဥေရာပေႏြရာသီေစ်းကြက္ပိတ္သိမ္းမယ့္ တနလၤာေန႔မတုိင္ခင္ အသင္းကေန အိုေဇးလ္ထြက္ခြာဖြယ္ရွိေနတယ္ဆုိတဲ့သတင္းေတြကိုလည္း ပယ္ခ်သြားပါတယ္။
Photo Credit ; Sky Sports
Unicode
NLD ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ကြောင်း အမ်မရီ ကြွေးကြော်
အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက တနင်္ဂနွေနေ့မှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲ(NLD)က ယခုရက်သတ္တပတ်ကုန်အတွင်း ဘောလုံးပရိသတ်တွေအတွက် ကမ္ဘာ့အကောင်းဆုံးပွဲဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။ အမ်းမရိတ်စ်မှာ အိမ်ရှင်အာဆင်နယ်နဲ့ ဧည့်သည်တော့တင်ဟမ်တို့အားပြိုင်မယ့် မြောက်လန်ဒန်ဒါဘီပွဲက လန်ဒန်အခြေစိုက်ဒါဘီပွဲတွေအနက် အခါးသီးဆုံး၊ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဒါဘီပွဲအဖြစ် သတ်မှတ်ခံထားရပြီး ယခုရာသီ စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲအဖြစ်လည်း ကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ရာသီက အခုလိုအိမ်ကွင်းပွဲမှာ အာဆင်နယ်က ဂိုးတွေအပြန်အလှန်သွင်းကာ ၄-၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး စပိန်နိုင်ငံသား အမ်မရီက ယခုရက်သတ္တပတ်အကုန်မှာကစားရမယ့်ပွဲကလည်း ပရိသတ်တွေအတွက် မဖြစ်မနေစောင့်ကြည့်ရမယ့်ပွဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
”ပြီးခဲ့တဲ့ရက်သတ္တပတ်က လီဗာပူး၊ ဒီတစ်ပတ်မှာ တော့တင်ဟမ်တို့နဲ့ကစားရတဲ့ပွဲတွေက စိတ်ဝင်စားစရာပါပဲ။ အဲဒီအသင်းတွေက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ထားတဲ့အသင်းတွေဖြစ်ပြီး သူတို့နဲ့ကစားရတာက တကယ့်ကိုအံ့အားသင့်စရာကောင်းပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းပရိသတ်တွေရှေ့မှောက်မှာကစားရတာက ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းပါတယ်”
”တနင်္ဂနွေနေ့မှာကစားရမယ့်ပွဲက ဘောလုံးပရိသတ်တွေအားလုံးအတွက် ကမ္ဘာ့အကောင်းဆုံးပွဲလို့ဆိုနိုင်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် ဒါဘီပွဲအသစ်၊ ကာလအသစ်တွေ ဖန်တီးချင်ပါတယ်။ အိမ်ကွင်းမှာ ပရိသတ်တွေနဲ့အတူ မေ့မရနိုင်တဲ့နေ့လေးတစ်နေ့ ဖန်တီးချင်ပါတယ်”လို့ အမ်မရီက ပြောပါတယ်။
ဒါ့အပြင် အမ်မရီက တော့တင်ဟမ်နဲ့ပွဲမှာ ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် ကွင်းလယ်လူအိုဇေးလ်အနေနဲ့ ပါဝင်ကစားဖို့ အသင့်ရှိနေပြီလို့ အတည်ပြုခဲ့ပြီး ဥရောပနွေရာသီဈေးကွက်ပိတ်သိမ်းမယ့် တနင်္လာနေ့မတိုင်ခင် အသင်းကနေ အိုဇေးလ်ထွက်ခွာဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကိုလည်း ပယ်ချသွားပါတယ်။