Never-say-die စိတ်ဓါတ်နဲ့ အရှုံးကနေအနိုင်ရအောင်ယူမှုမှာ အမှတ်အများဆုံးဖြစ်နေတဲ့ မန်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးနေရာကနေ နိုင်ပွဲပြန်ယူတဲ့နေရာမှာ သိပ်ကောင်းနေပြီး စုစု ပေါင်း ၂၁ မှတ်ရယူနိုင်ခဲ့တာကြောင့် အနီးစပ်ဆုံးပြိုင်ဘက်ထက်တောင် ၂ ဆပိုများနေတယ်လို့ သိရပါတယ်။ မနေ့ညက ဖူလ်ဟမ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ အဝေးကနေကစ်ချက်နဲ့ မန်ယူဟာ ၂-၁ နဲ့အနိုင်ရ ပြီး အရှုံးကနေ အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့ပြန်ပါတယ်။

အဝးကွင်းမှာ ဖူလ်ဟမ်ဘက်က ဦးဆောင်ဂိုးသွင်း ပြီးမှ မန်ယူဘက်က ကာဗာနီနဲ့ ပေါ့ဂ်ဘာ တို့က ချေပဂိုးနဲ့အနိုင်ဂိုးတွေပြန်ယူပေးနိုင်ခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် မန်ယူဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ မန်ယူဟာ ဒီရာသီအဝေးကွင်း ၁၀ ပွဲ မှာ ၈ ပွဲနိုင်ပြီး ၂ ပွဲသရေကျခဲ့ပါတယ်။ သူတို့ဟာ ရှုံးနေရာကနေပြန်ပြီးနိုင်ခဲ့မှုမှာ ၂၁ မှတ်ရခဲ့လို့ အနီးစပ်ဆုံးအ သင်းဖြစ်တဲ့ လီဗာပူးထက်တောင် ၂ ဆပိုများခဲ့တာပါ။

လီဗာပူးက ၁၀ မှတ်နဲ့ အမှတ်ပြန်ရမှုမှာ ဒုတိယနေရာက နေ ရပ်တည်နေတာဖြစ်ပါတယ်။ တတိယနေရာမှာ လက်စတာက ၈ မှတ်၊ စတုတ္ထနေရာမှာ ချဲလ်ဆီးက ၇ မှတ်၊ ပဥ္စမနေရာမှာ ဝက်စ်ဘရွန်းက ၆ မှတ်နဲ့ ထိပ်ဆုံး ၅ သင်းထဲမှာပါဝင်နေပါတယ်။ အဝေးကွင်းမှာ မန်ယူသရေကျခဲ့တဲ့ ၂ သင်းက လီဗာပူးနဲ့ လက်စတာ တို့ဖြစ်ပြီး ၀-၀ နဲ့ ၂-၂ သရေကျခဲ့တာပါ။ ဒီရာသီအဝေးကွင်းမှာ အရှုံးကနေအမှတ်လုံးဝပြန်ပြီး မယူနိုင်သေးတဲ့အသင်းကတော့ ဘန်လေဘဲဖြစ်ပါတယ်။

မန်ယူဟာ နောက်ပိုင်းပွဲတွေမှာ အဓိကကျတဲ့ကွင်းလယ်လူ ဖာနန်ဒက်စ် ခြေစွမ်းအနည်းငယ်ပြန်ကျသွားပေ မယ့် ပေါ့ဂ်ဘာက ပြန်လည်ခြေစွမ်းပြနေပြီး ကြားရက် ၂ ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူကို ဘယ်တော့မှအရှုံးမပေးတဲ့ စိတ်ဓါတ်(never-say-die attitude) နဲ့အသင်းလို့ မီဒီယာတွေက ခေါ်ဆို နေကြတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာခြေစွမ်းပြနေလို့ အရင်ကသူ့ကိုဝေဖန်ခဲ့ကြသူတွေဟာလည်း ပြန်လည်ချီးကျူး လာခဲ့ကြရပြီး မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကဆိုရင် ပေါ့ဂ်ဘာဟာအကောင်းဆုံးခြေစွမ်းရနေရင် ကမ္ဘာ့ အဆင့်ရှိတဲ့ ကွင်းလယ်လူဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

Never-say-die စိတ္ဓါတ္နဲ႔ အရႈံးကေနအႏိုင္ရေအာင္ယူမႈမွာ အမွတ္အမ်ားဆုံးျဖစ္ေနတဲ့ မန္ယူ

မန္ယူအသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ရႈံးေနရာကေန ႏိုင္ပြဲျပန္ယူတဲ့ေနရာမွာ သိပ္ေကာင္းေနၿပီး စုစု ေပါင္း ၂၁ မွတ္ရယူႏိုင္ခဲ့တာေၾကာင့္ အနီးစပ္ဆုံးၿပိဳင္ဘက္ထက္ေတာင္ ၂ ဆပိုမ်ားေနတယ္လို႔ သိရပါတယ္။ မေန႔ညက ဖူလ္ဟမ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ေပါ့ဂ္ဘာရဲ႕ အေဝးကေနကစ္ခ်က္နဲ႔ မန္ယူဟာ ၂-၁ နဲ႔အႏိုင္ရ ၿပီး အရႈံးကေန အႏိုင္ရလဒ္ကိုေဖာ္ေဆာင္ႏိုင္ခဲ့ျပန္ပါတယ္။ အဝးကြင္းမွာ ဖူလ္ဟမ္ဘက္က ဦးေဆာင္ဂိုးသြင္း ၿပီးမွ မန္ယူဘက္က ကာဗာနီနဲ႔ ေပါ့ဂ္ဘာ တို႔က ေခ်ပဂိုးနဲ႔အႏိုင္ဂိုးေတြျပန္ယူေပးႏိုင္ခဲ့တာပါ။ ဒီႏိုင္ပြဲေၾကာင့္ မန္ယူဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ မန္ယူဟာ ဒီရာသီအေဝးကြင္း ၁၀ ပြဲ မွာ ၈ ပြဲႏိုင္ၿပီး ၂ ပြဲသေရက်ခဲ့ပါတယ္။ သူတို႔ဟာ ရႈံးေနရာကေနျပန္ၿပီးႏိုင္ခဲ့မႈမွာ ၂၁ မွတ္ရခဲ့လို႔ အနီးစပ္ဆုံးအ သင္းျဖစ္တဲ့ လီဗာပူးထက္ေတာင္ ၂ ဆပိုမ်ားခဲ့တာပါ။

လီဗာပူးက ၁၀ မွတ္နဲ႔ အမွတ္ျပန္ရမႈမွာ ဒုတိယေနရာက ေန ရပ္တည္ေနတာျဖစ္ပါတယ္။ တတိယေနရာမွာ လက္စတာက ၈ မွတ္၊ စတုတၳေနရာမွာ ခ်ဲလ္ဆီးက ၇ မွတ္၊ ပၪၥမေနရာမွာ ဝက္စ္ဘ႐ြန္းက ၆ မွတ္နဲ႔ ထိပ္ဆုံး ၅ သင္းထဲမွာပါဝင္ေနပါတယ္။ အေဝးကြင္းမွာ မန္ယူသေရက်ခဲ့တဲ့ ၂ သင္းက လီဗာပူးနဲ႔ လက္စတာ တို႔ျဖစ္ၿပီး ၀-၀ နဲ႔ ၂-၂ သေရက်ခဲ့တာပါ။ ဒီရာသီအေဝးကြင္းမွာ အရႈံးကေနအမွတ္လုံးဝျပန္ၿပီး မယူႏိုင္ေသးတဲ့အသင္းကေတာ့ ဘန္ေလဘဲျဖစ္ပါတယ္။

မန္ယူဟာ ေနာက္ပိုင္းပြဲေတြမွာ အဓိကက်တဲ့ကြင္းလယ္လူ ဖာနန္ဒက္စ္ ေျခစြမ္းအနည္းငယ္ျပန္က်သြားေပ မယ့္ ေပါ့ဂ္ဘာက ျပန္လည္ေျခစြမ္းျပေနၿပီး ၾကားရက္ ၂ ပြဲဆက္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္ယူကို ဘယ္ေတာ့မွအရႈံးမေပးတဲ့ စိတ္ဓါတ္(never-say-die attitude) နဲ႔အသင္းလို႔ မီဒီယာေတြက ေခၚဆို ေနၾကတာျဖစ္ပါတယ္။ ေပါ့ဂ္ဘာေျခစြမ္းျပေနလို႔ အရင္ကသူ႔ကိုေဝဖန္ခဲ့ၾကသူေတြဟာလည္း ျပန္လည္ခ်ီးက်ဴး လာခဲ့ၾကရၿပီး မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ကဆိုရင္ ေပါ့ဂ္ဘာဟာအေကာင္းဆုံးေျခစြမ္းရေနရင္ ကမာၻ႔ အဆင့္ရွိတဲ့ ကြင္းလယ္လူျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။