MUTV က တိုက်ရိုက်ထုတ်လွှင့်တဲ့အစီအစဉ်မှာ အင်တာဗျူးတဲ့သူတောင် ရှော့ရသွား ခဲ့ရပြီး ကလေးနှစ်ယောက်က ဆိုးလ်ရှား out လို့ တောင်းဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပရိသတ်ငယ်နှစ်ဦးဟာ မနေ့တုန်းက ယူနိုက်တက်နဲ့ အဲဗာတန်တို့တစ်ဂိုးစီ သရေကျတဲ့ပွဲအပြီး MUTV ကတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ

ဆိုးလ်ရှားကိုအသင်းကနေ ထွက်သွားဖို့ တောင်းဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်က ပထမပိုင်းမှာ မာစီရယ်လ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်

ဒုတိယပိုင်းမှာ အဲဗာတန် ကစားသမား တောင်းဆန့်ရဲ့ချေပဂိုးကြောင့် (၁-၁)ရလဒ်နဲ့ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံးခဲ့ရတာပါ။

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့သေးတာကြောင့်

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အိမ်ကွင်း (၂) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ဆိုးလ်ရှားရဲ့ ပွဲပေါ်သုံးသပ်နိုင်စွမ်းအားနည်းမှုဟာလည်း သိသာခဲ့သလို ခြေစွမ်းပြနိုင်နေတဲ့ပွဲရောက်မှ

မာစီရယ်လ်ကို ဆန်ချိုနဲ့ လူစားလဲခဲ့တဲ့လုပ်ရပ်ကိုလည်း ပရိသတ်တွေက သဘောမကျဖြစ်နေခဲ့ပါတယ်။

MUTVက ဆမ်ဟုမ်းဝုဒ်ဟာ ပွဲအပြီးမှာ ပရိသတ်တွေရဲ့အသင်းခြေစွမ်းအပေါ်အမြင်တွေကို မေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။

ဒီမေးမြန်းမှုဟာလည်း တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်နေခဲ့ပြီး သူက လူကြီးပရိသတ်တွေအပြင် ပွဲလာကြည့်တဲ့ ကလေးလေးကိုပါမေးမြန်မိခဲ့ရာမှာတော့

ကလေးလေးရဲ့ ဒုတ်ထိုးအိုးပေါက်ပြောလိုက်တဲ့စကားဟာ ရုပ်သံထုတ်လွင့်မှုမှာ ဒဲ့ကြီးပါဝင်သွားခဲ့ပါတယ်။

ဟုမ်းဝုဒ်က ကလေးပရိသတ်တစ်ဦးကို “ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲခင်ဗျ”လို့မေးမြန်းခဲ့ရာ

ကလေးလေးက ချက်ချင်းပင် “အိုလီ ထွက်သွားစမ်း”လို့ချက်ချင်းကို ပြောပြီး သူ့ရှေ့ကနေ ထွက်သွားခဲ့ပါတယ်။

ဒီအချိန်မှာ ဟုမ်းဝုဒ်က အဲ့သည့်ကလေးငယ်ရဲ့သူငယ်ချင်းကိုလည်း အလားတူမေးခွန်းမျိုးမေးမြန်းခံရချိန်မှာလည်း

“ကျွန်တော့်သူငယ်ချင်းဖြေခဲ့သလိုပါပဲ။ အိုလီထွက်သွား။ ဆန်ချိုချေးထုတ်”ဆိုပြီးပြောကြားသွားကာ သူ့ရှေ့ကနေ ထွက်ခွာသွားပါတယ်။

အင်တာဗျူးဖြေဆိုသွားခဲ့တဲ့ ပရိသတ်ငယ်နှစ်ဦးဟာယူနိုက်တက်နဲ့ အဲဗာတန်တံဆိပ်တစ်ခြမ်းစီပါတဲ့ အမှတ်တရ လည်စည်းပတ်ထားကြပြီး

သူတို့နှစ်ဦးဟာ ယူနိုက်တက် ပရိသတ်အစစ်ဟုတ်မဟုတ်ဆိုတာကိုတော့ အတိအကျပြောဖို့တော့ ခက်ပါတယ်။

MUTV ရဲ့အစီအစဉ်တင်ဆက်သူဟုမ်းဝုဒ်ကတော့ ကင်မရာကိုကြည့်ရင်း “တကယ်တော့ ကလေးတွေဆီက ဒီထက်ပို ကောင်းတာတွေကြားရဖို့မျှော်လင့်ခဲ့တာပါ။

ဒီဖြစ်ရပ်ကတော့ ကျွန်တော့်အတွက်သင်ခန်းစာတစ်ခုပါပဲ။ နောင်များ ကလေးတွေကိုအင်တာဗျူးတော့မယ်ဆိုရင်

ကျွန်တော်တော့ အတော့်ကိုလန်နေပြီ…တစ်ကယ်မလွယ်တဲ့ ကလေးတွေပါပဲ”လို့ဆိုသွားပါတယ်။

ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေကတော့ ကလေးနှစ်ဦးရဲ့ဖြေကြားမှုဟာ MUTV ကထုတ်လွှင့်ခဲ့သမျှအရာတွေထဲမှာအကောင်းဆုံးထုတ်လွှင့် ပြသမှုတစ်ခုလို့ဆိုနေကြပါတယ်။

 

zawgyi

MUTV က တိုက္႐ိုက္ထုတ္လႊင့္တဲ့အစီအစဥ္မွာ အင္တာဗ်ဴးတဲ့သူေတာင္ ေရွာ့ရသြား ခဲ့ရၿပီး ကေလးႏွစ္ေယာက္က ဆိုးလ္ရွား out လို႕ ေတာင္းဆိုသြားခဲ့ပါတယ္။

ေဘာလုံးပရိသတ္ငယ္ႏွစ္ဦးဟာ မေန႔တုန္းက ယူႏိုက္တက္နဲ႕ အဲဗာတန္တို႔တစ္ဂိုးစီ သေရက်တဲ့ပြဲအၿပီး MUTV ကတိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္မွာ ဆိုးလ္ရွားကိုအသင္းကေန ထြက္သြားဖို႕ ေတာင္းဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

ယူႏိုက္တက္ဟာ အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္က ပထမပိုင္းမွာ မာစီရယ္လ္ရဲ႕ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ အဲဗာတန္ ကစားသမား ေတာင္းဆန႔္ရဲ႕ေခ်ပဂိုးေၾကာင့္ (၁-၁)ရလဒ္နဲ႔ သေရက်ခဲ့ၿပီး အိမ္ကြင္းမွာ ရသင့္တဲ့ အမွတ္ေတြ ဆုံးရႈံးခဲ့ရတာပါ။ ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ဗီလာနဲ႔ပြဲမွာလည္း ယူႏိုက္တက္အသင္းဟာ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေသးတာေၾကာင့္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ အိမ္ကြင္း (၂) ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးခဲ့သြားခဲ့တာလည္းျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ ဆိုးလ္ရွားရဲ႕ ပြဲေပၚသံုးသပ္ႏိုင္စြမ္းအားနည္းမႈဟာလည္း သိသာခဲ့သလို ေျခစြမ္းျပႏိုင္ေနတဲ့ပြဲေရာက္မွ မာစီရယ္လ္ကို ဆန္ခ်ိဳနဲ႕ လူစားလဲခဲ့တဲ့လုပ္ရပ္ကိုလည္း ပရိသတ္ေတြက သေဘာမက်ျဖစ္ေနခဲ့ပါတယ္။

MUTVက ဆမ္ဟုမ္းဝုဒ္ဟာ ပြဲအၿပီးမွာ ပရိသတ္ေတြရဲ႕အသင္းေျခစြမ္းအေပၚအျမင္ေတြကို ေမးျမန္းမႈျပဳလုပ္ခဲ့ပါတယ္။ ဒီေမးျမန္းမႈဟာလည္း တိုက္႐ိုက္ထုတ္လႊင့္မႈျဖစ္ေနခဲ့ၿပီး သူက လူၾကီးပရိသတ္ေတြအျပင္ ပြဲလာၾကည့္တဲ့ ကေလးေလးကိုပါေမးျမန္မိခဲ့ရာမွာေတာ့ ကေလးေလးရဲ႕ ဒုတ္ထိုးအိုးေပါက္ေျပာလိုက္တဲ့စကားဟာ ရုပ္သံထုတ္လြင့္မႈမွာ ဒဲ့ၾကီးပါဝင္သြားခဲ့ပါတယ္။

ဟုမ္းဝုဒ္က ကေလးပရိသတ္တစ္ဦးကို “ဒီပြဲနဲ႔ပတ္သက္ၿပီးဘယ္လိုျမင္သလဲခင္ဗ်”လို႔ေမးျမန္းခဲ့ရာ ကေလးေလးက ခ်က္ခ်င္းပင္ “အိုလီ ထြက္သြားစမ္း”လို႔ခ်က္ခ်င္းကို ေျပာျပီး သူ႕ေရွ႕ကေန ထြက္သြားခဲ့ပါတယ္။

ဒီအခ်ိန္မွာ ဟုမ္းဝုဒ္က အဲ့သည့္ကေလးငယ္ရဲ႕သူငယ္ခ်င္းကိုလည္း အလားတူေမးခြန္းမ်ိဳးေမးျမန္းခံရခ်ိန္မွာလည္း “ကၽြန္ေတာ့္သူငယ္ခ်င္းေျဖခဲ့သလိုပါပဲ။ အိုလီထြက္သြား။ ဆန္ခ်ိဳေခ်းထုတ္”ဆိုၿပီးေျပာၾကားသြားကာ သူ႕ေရွ႕ကေန ထြက္ခြာသြားပါတယ္။

အင္တာဗ်ဴးေျဖဆိုသြားခဲ့တဲ့ ပရိသတ္ငယ္ႏွစ္ဦးဟာယူႏိုက္တက္နဲ႕ အဲဗာတန္တံဆိပ္တစ္ျခမ္းစီပါတဲ့ အမွတ္တရ လည္စည္းပတ္ထားၾကၿပီး သူတို႕ႏွစ္ဦးဟာ ယူႏိုက္တက္ ပရိသတ္အစစ္ဟုတ္မဟုတ္ဆိုတာကိုေတာ့ အတိအက်ေျပာဖို႔ေတာ့ ခက္ပါတယ္။

MUTV ရဲ႕အစီအစဥ္တင္ဆက္သူဟုမ္းဝုဒ္ကေတာ့ ကင္မရာကိုၾကည့္ရင္း “တကယ္ေတာ့ ကေလးေတြဆီက ဒီထက္ပို ေကာင္းတာေတြၾကားရဖို႔ေမွ်ာ္လင့္ခဲ့တာပါ။ ဒီျဖစ္ရပ္ကေတာ့ ကြၽန္ေတာ့္အတြက္သင္ခန္းစာတစ္ခုပါပဲ။ ေနာင္မ်ား ကေလးေတြကိုအင္တာဗ်ဴးေတာ့မယ္ဆိုရင္ ကၽြန္ေတာ္ေတာ့ အေတာ့္ကိုလန္ေနၿပီ…တစ္ကယ္မလြယ္တဲ့ ကေလးေတြပါပဲ”လို႔ဆိုသြားပါတယ္။

ဒါေပမယ့္ ယူႏိုက္တက္ ပရိသတ္ေတြကေတာ့ ကေလးႏွစ္ဦးရဲ႕ေျဖၾကားမႈဟာ MUTV ကထုတ္လႊင့္ခဲ့သမွ်အရာေတြထဲမွာအေကာင္းဆုံးထုတ္လႊင့္ ျပသမႈတစ္ခုလို႔ဆိုေနၾကပါတယ္။