MSG တိုက်စစ်တွဲလုံး စတင်အသက်ဝင်လာပြီဖြစ်တဲ့ ဘာစီလိုနာရဲ့ ၅ပွဲဆက်အနိုင်

Photo Credit

Photo Credit

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက MSN တြိဂံတိုက်စစ်တွဲလုံး ပြန်လည်အသက်မသွင်းနိုင်ခဲ့ပေမယ့် MSG တိုက်စစ်တွဲလုံးစတင်အလုပ်ဖြစ်လာပြီဖြစ်ကာ ကစားရခက်တဲ့အီဘာကို အဝေးကွင်းမှာ မက်ဆီ၊ ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ရဲ့ခြေစွမ်းပြသွင်းဂိုးတွေနဲ့အတူ အနိုင်ယူကာ ၅ပွဲဆက်နိုင်ပွဲရရှိသွားခဲ့ပါတယ်။

Photo Credit

ဒီရက်သတ္တပတ်အတွင်း ဘာစီလိုနာမြို့မှာ နိုင်ငံရေးတင်းမာမှုတွေရှိနေခဲ့ပြီး ကာတာလိုနီးယားဒေသခွဲထွက်ရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေသူထဲက ၉ဦး ထောင်ဒဏ်ချမှတ်ခံရတဲ့အထိ ဆန္ဒပြမှုတွေ ပြင်းထန်နေပေမယ့် ဘာစီလိုနာကတော့ အဲဒီကွင်းပြင်ပပြဿနာတွေကို အပြင်မှာပဲထားခဲ့ပြီး အကောင်းဆုံးပုံစံနဲ့အတူ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

ပွဲအစ ၁၃ မိနစ်မှာပဲ နောက်ခံလူ လန်ဂလက်ရဲ့အဝေးပေးပို့မှုကနေ ဂရစ်ဇ်မန်း ရသွားပြီး ဂိုးသမားနဲ့တစ်ယောက်ချင်းအတွေ့ ဂိုးသမားရဲ့အနီးတိုင်ထောင့်ထဲ ဘယ်ခြေနဲ့ကန်သွင်းနိုင်ခဲ့လို့ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ အီဘာနောက်ခံလူ ဒီဘလာဆစ် ချော်သွားတာကလည်း ဂရစ်ဇ်မန်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ ပိုမိုလွယ်ကူသွားစေပါတယ်။

Photo Credit

ဂရစ်ဇ်မန်းဟာ ဒီပွဲမှာ ဘယ်တောင်ပံတိုက်စစ်နေရာကနေ ကစားသွားခဲ့ပြီး ဆွာရက်ဇ်က အထောင်တိုက်စစ်၊ မက်ဆီက ညာတောင်ပံတိုက်စစ်ကနေ ကစားသွားခဲ့ပါတယ်။ မက်ဆီရဲ့ဂိုးကတော့ သူတို့ ၃ယောက်ရဲ့နားလည်မှုကနေ ရရှိသွားခဲ့တာဖြစ်ပြီး ဆွာရက်ဇ် တစ်ချက်ခေါက်လိုက်တာကို ဂရစ်ဇ်မန်းက သူ့ဘေးမှာရှိနေတဲ့ မက်ဆီထံ အသာလေးမျှောပေးလိုက်တာဖြစ်ပါတယ်။

Photo Credit

မက်ဆီကလည်း ဂိုးသမားရဲ့ဘယ်ဘက်အောက်ထောင့်ထဲ မြေလှိမ့်ဘောကန်သွင်းကာ ဘာစီလိုနာအတွက် ဒုတိယမြောက်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မက်ဆီဂိုးသွင်းအပြီး ၈မိနစ်အကြာ ပွဲချိန် ၆၆မိနစ်မှာ ကွင်းလယ်ကနေ ဂရစ်ဇ်မန်း ထိုးပေးလိုက်တာကို မက်ဆီ တစ်ယောက်တည်းဆွဲပြေးကာ ဂိုးသမားနဲ့ရင်ဆိုင်အတွေ့ တစ်ခါတည်းကန်မသွင်းဘဲ သူနဲ့အတူ လိုက်ပါလာတဲ့ ဆွာရက်ဇ်ကို ထိုးပေးလိုက်ပါတယ်။

Photo Credit

ဆွာရက်ဇ်ကလည်း အီဘာနောက်ခံလူ တားဆီးဖို့ကြိုးစားမှုကို အရာမထင်စေအောင် ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ မက်ဆီ အသာမတင်ပေးလိုက်တာကို ဆွာရက်ဇ် မဆိုင်းဘဲ မနားတမ်းကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားပါတယ်။

Photo Credit

Zawgyi

MSG တိုက္စစ္တြဲလုံး စတင္အသက္၀င္လာၿပီျဖစ္တဲ့ ဘာစီလုိနာရဲ႕ ၅ပဲြဆက္အႏိုင္

ဘာစီလုိနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက MSN ႀတိဂံတုိက္စစ္တြဲလုံး ျပန္လည္အသက္မသြင္းႏိုင္ခဲ့ေပမယ့္ MSG တုိက္စစ္တြဲလုံးစတင္အလုပ္ျဖစ္လာၿပီျဖစ္ကာ ကစားရခက္တဲ့အီဘာကို အေ၀းကြင္းမွာ မက္ဆီ၊ ဆြာရက္ဇ္နဲ႔ ဂရစ္ဇ္မန္းတုိ႔ရဲ႕ေျခစြမ္းျပသြင္းဂိုးေတြနဲ႔အတူ အႏိုင္ယူကာ ၅ပဲြဆက္ႏိုင္ပဲြရရွိသြားခဲ့ပါတယ္။
ဒီရက္သတၱပတ္အတြင္း ဘာစီလုိနာၿမိဳ႕မွာ ႏိုင္ငံေရးတင္းမာမႈေတြရွိေနခဲ့ၿပီး ကာတာလုိနီးယားေဒသခြဲထြက္ေရးအတြက္ ဦးေဆာင္တိုက္ပြဲ၀င္ေနသူထဲက ၉ဦး ေထာင္ဒဏ္ခ်မွတ္ခံရတဲ့အထိ ဆႏၵျပမႈေတြ ျပင္းထန္ေနေပမယ့္ ဘာစီလုိနာကေတာ့ အဲဒီကြင္းျပင္ပျပႆနာေတြကို အျပင္မွာပဲထားခဲ့ၿပီး အေကာင္းဆုံးပုံစံနဲ႔အတူ ဂိုးျပတ္အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။
ပြဲအစ ၁၃ မိနစ္မွာပဲ ေနာက္ခံလူ လန္ဂလက္ရဲ႕အေ၀းေပးပုိ႔မႈကေန ဂရစ္ဇ္မန္း ရသြားၿပီး ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအေတြ႕ ဂိုးသမားရဲ႕အနီးတုိင္ေထာင့္ထဲ ဘယ္ေျခနဲ႔ကန္သြင္းႏိုင္ခဲ့လို႔ ဘာစီလုိနာအသင္း ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ အီဘာေနာက္ခံလူ ဒီဘလာဆစ္ ေခ်ာ္သြားတာကလည္း ဂရစ္ဇ္မန္းအတြက္ ဦးေဆာင္ဂိုးသြင္းယူႏုိင္ဖို႔ ပိုမိုလြယ္ကူသြားေစပါတယ္။
ဂရစ္ဇ္မန္းဟာ ဒီပဲြမွာ ဘယ္ေတာင္ပံတုိက္စစ္ေနရာကေန ကစားသြားခဲ့ၿပီး ဆြာရက္ဇ္က အေထာင္တုိက္စစ္၊ မက္ဆီက ညာေတာင္ပံတုိက္စစ္ကေန ကစားသြားခဲ့ပါတယ္။ မက္ဆီရဲ႕ဂိုးကေတာ့ သူတုိ႔ ၃ေယာက္ရဲ႕နားလည္မႈကေန ရရွိသြားခဲ့တာျဖစ္ၿပီး ဆြာရက္ဇ္ တစ္ခ်က္ေခါက္လုိက္တာကို ဂရစ္ဇ္မန္းက သူ႕ေဘးမွာရွိေနတဲ့ မက္ဆီထံ အသာေလးေမွ်ာေပးလုိက္တာျဖစ္ပါတယ္။
မက္ဆီကလည္း ဂိုးသမားရဲ႕ဘယ္ဘက္ေအာက္ေထာင့္ထဲ ေျမလွိမ့္ေဘာကန္သြင္းကာ ဘာစီလုိနာအတြက္ ဒုတိယေျမာက္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ မက္ဆီဂိုးသြင္းအၿပီး ၈မိနစ္အၾကာ ပြဲခ်ိန္ ၆၆မိနစ္မွာ ကြင္းလယ္ကေန ဂရစ္ဇ္မန္း ထိုးေပးလုိက္တာကို မက္ဆီ တစ္ေယာက္တည္းဆြဲေျပးကာ ဂိုးသမားနဲ႔ရင္ဆုိင္အေတြ႕ တစ္ခါတည္းကန္မသြင္းဘဲ သူနဲ႔အတူ လုိက္ပါလာတဲ့ ဆြာရက္ဇ္ကို ထိုးေပးလုိက္ပါတယ္။
ဆြာရက္ဇ္ကလည္း အီဘာေနာက္ခံလူ တားဆီးဖို႔ႀကိဳးစားမႈကို အရာမထင္ေစေအာင္ ဂိုးသမားမရွိေတာ့တဲ့ဂိုးေပါက္ထဲ ကန္သြင္းယူႏိုင္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ မက္ဆီ အသာမတင္ေပးလုိက္တာကို ဆြာရက္ဇ္ မဆုိင္းဘဲ မနားတမ္းကန္သြင္းခဲ့ေပမယ့္ ဂိုးတုိင္ေဘးကေန ကပ္ထြက္သြားပါတယ္။