Mini Final ဗိုလ်လုပွဲ အသေးစားအဖြစ် ထိပ်တိုက်တွေ့မယ့် ဘယ်ဂျီယံနဲ့ အီတလီ

100%Bonusရရှိရန် ပရိုမိုကုတ်: 90minutes https://invite.viber.com/?g=qPR2iHpbbE0RgLWtMhyJgr3VuWzfjOHE

ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်မစွဲဖူးတဲ့ ဘယ်ဂျီယံက လောလောဆယ်မှာ ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ဒီနှစ်ယူရိုပြိုင်ပွဲမှာ ဘယ်ဂျီယံက အုပ်စုချောင်ခဲ့ပြီး ပြီးခဲ့တဲ့ ရှုံးထွက်အဆင့်မှာတော့ လက်ရှိချန်ပီယံ ပေါ်တူဂီနဲ့ တွေ့ခဲ့တာကမှ သူတို့အတွက် ပြိုင်ပွဲ အစစ်ပါ။

ဘယ်ဂျီယံရဲ့ ခံစစ်အားက အတော်လေး ကောင်းမွန်နေတာကို တွေ့ရပါတယ်။

ဂိုးသမား ကော်တွိုက်စ် လက်စွမ်းပြနေသလို ဗာမေလန်၊ ဗန်တွန်ဂန်နဲ့ အဲလ်ဒါဝီလ်တို့ရဲ့ ခံစစ်ကြောင်းအထိုင်က ၄ပွဲ ကစားပြီးချိန်မှာ ၁ဂိုးပဲ ပေးရပါသေးတယ်။

တိုက်စစ်ပိုင်းမှာ လူကာကူ၊ မာတန်းစ်နဲ့ ရီးရဲလ်မှာ အလုပ်မဖြစ်တဲ့ ဟာဇက်တို့က ခြေစွမ်းကောင်းနေသလို

ဒေါ့မန်က သောဂန်ဟာဇက်ကလည်း ဂိုးသွင်းတဲ့နေရာမှာ နေရာယူတတ်ပြီး ဂိုးတွေ ရနေတယ်။

ဒါပေမယ့် သူတို့ ရင်ဆိုင်ရမယ့် အီတလီကို ကြည့်ရင် ပြိုင်ပွဲတစ်လျှောက် ခြေမှန်တဲ့ အသင်းဖြစ်သလို တစ်သင်းလုံး ရစ်သမ်မိနေတယ်။

နောက်တန်းမှာ အမာခံတွေဖြစ်တဲ့ ဘိုနူချီနဲ့ ချီရယ်လီနီတို့ကလည်း အသက်အရွယ်အရ သူတို့အတွက် နောက်ဆုံးယူရိုပြိုင်ပွဲသဘော ဖြစ်နေတာကြောင့် စိတ်ဓါတ်ပြင်းပြင်းနဲ့ ကစားနေတာပါ။

ရှေ့တန်းမှာ လာဇီယိုက အမ်မိုဘီလီနဲ့ ဂျူဗင်တပ်က ချီယေဆာတို့ကလည်း ပုံစံကောင်းရနေပါတယ်။

တစ်ခုရှိတာက ဘယ်ဂျီယံရဲ့ အားထားရတဲ့ တိုက်စစ်မှုး ၂ယောက်ဖြစ်တဲ့

လူကာကူနဲ့ မာတန်းစ်တို့ရဲ့ အထာကို အီတလီနောက်တန်းကစားသမားတွေ နပ်နေတာပါပဲ။

ဒါကြောင့် ဘယ်ဂျီယံဟာ အီတလီစီးရီးအေ နောက်တန်းတွေကို မရှိန်တဲ့ ဒီဘရိုငိးနဲ့ ဟာဇက်တိုကို အားကိုးရမယ့် သဘောရှိတယ်။

အီတလီဖက်ကကြည့်ရင်တော့ ယူရိုပြိုင်ပွဲက အခုမှ စတာပါပဲ။

အုပ်စုတွင်းမှာ ဝေးလ်၊ ဆွစ်ဇာလန်၊ တူရကီတို့ကို အသာအယာကျော်ဖြတ်လာသလို ရှုံးထွက်မှာ သြစတြီးယားကို အချိန်ပိုအထိရောက်ခဲ့ပေမယ့် ခြေကကွာပါတယ်။

ဘယ်ဂျီယံအတွက် ပေါ်တူဂီ၊ အီတလီတို့လို အသင်းကြီးတွေနဲ့ဆက်တိုက် ရင်ဆိုင်ရတဲ့အတွက် တကယ့်ကို စိန်ခေါ်မှုအပြည့်ပါပဲ။

ဒီနှစ်သင်းက လက်ရှိခြေစွမ်းအရ ဗိုလ်လုပွဲမှ တွေ့သင့်တဲ့ အသင်းတွေဖြစ်ပြီး အခုကွာတားဖိုင်နယ်မှာ တွေ့တဲ့အတွက် ဗိုလ်လုပွဲအသေးစားပါပဲ။

100%Bonusရရှိရန် ပရိုမိုကုတ်: 90minutes https://invite.viber.com/?g=qPR2iHpbbE0RgLWtMhyJgr3VuWzfjOHE

zawgyi

Mini Final ဗိုလ္လုပြဲ အေသးစားအျဖစ္ ထိပ္တိုက္ေတြ႕မယ့္ ဘယ္ဂ်ီယံနဲ႔ အီတလီ

ကမာၻ႔ဖလားနဲ႔ ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္မစြဲဖူးတဲ့ ဘယ္ဂ်ီယံက ေလာေလာဆယ္မွာ ကမာၻ႔အဆင့္ ၁ ေနရာမွာ ရပ္တည္ေနပါတယ္။ ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ ဘယ္ဂ်ီယံက အုပ္စုေခ်ာင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရႈံးထြက္အဆင့္မွာေတာ့
လက္ရွိခ်န္ပီယံ ေပၚတူဂီနဲ႔ ေတြ႕ခဲ့တာကမွ သူတို႔အတြက္ ၿပိဳင္ပြဲ အစစ္ပါ။ ဘယ္ဂ်ီယံရဲ႕ ခံစစ္အားက အေတာ္ေလး ေကာင္းမြန္ေနတာကို ေတြ႕ရပါတယ္။

ဂိုးသမား ေကာ္တြိဳက္စ္ လက္စြမ္းျပေနသလို ဗာေမလန္၊ ဗန္တြန္ဂန္နဲ႔ အဲလ္ဒါဝီလ္တို႔ရဲ႕ ခံစစ္ေၾကာင္းအထိုင္က ၄ပြဲ ကစားၿပီးခ်ိန္မွာ ၁ဂိုးပဲ ေပးရပါေသးတယ္။ တိုက္စစ္ပိုင္းမွာ လူကာကူ၊ မာတန္းစ္နဲ႔ ရီးရဲလ္မွာ အလုပ္မျဖစ္တဲ့ ဟာဇက္တို႔က ေျခစြမ္းေကာင္းေနသလို ေဒါ့မန္က ေသာဂန္ဟာဇက္ကလည္း ဂိုးသြင္းတဲ့ေနရာမွာ ေနရာယူတတ္ၿပီး ဂိုးေတြ ရေနတယ္။ ဒါေပမယ့္ သူတို႔ ရင္ဆိုင္ရမယ့္ အီတလီကို ၾကည့္ရင္ ၿပိဳင္ပြဲတစ္ေလွ်ာက္ ေျခမွန္တဲ့ အသင္းျဖစ္သလို တစ္သင္းလုံး ရစ္သမ္မိေနတယ္။

ေနာက္တန္းမွာ အမာခံေတြျဖစ္တဲ့ ဘိုႏူခ်ီနဲ႔ ခ်ီရယ္လီနီတို႔ကလည္း အသက္အ႐ြယ္အရ သူတို႔အတြက္ ေနာက္ဆုံးယူ႐ိုၿပိဳင္ပြဲသေဘာ ျဖစ္ေနတာေၾကာင့္ စိတ္ဓါတ္ျပင္းျပင္းနဲ႔ ကစားေနတာပါ။ ေရွ႕တန္းမွာ လာဇီယိုက အမ္မိုဘီလီနဲ႔ ဂ်ဴဗင္တပ္က ခ်ီေယဆာတို႔ကလည္း ပုံစံေကာင္းရေနပါတယ္။ တစ္ခုရွိတာက ဘယ္ဂ်ီယံရဲ႕ အားထားရတဲ့ တိုက္စစ္မႈး ၂ေယာက္ျဖစ္တဲ့ လူကာကူနဲ႔ မာတန္းစ္တို႔ရဲ႕ အထာကို အီတလီေနာက္တန္းကစားသမားေတြ နပ္ေနတာပါပဲ။ ဒါေၾကာင့္ ဘယ္ဂ်ီယံဟာ အီတလီစီးရီးေအ ေနာက္တန္းေတြကို မရွိန္တဲ့ ဒီဘ႐ိုငိးနဲ႔ ဟာဇက္တိုကို အားကိုးရမယ့္ သေဘာရွိတယ္။

အီတလီဖက္ကၾကည့္ရင္ေတာ့ ယူ႐ိုၿပိဳင္ပြဲက အခုမွ စတာပါပဲ။ အုပ္စုတြင္းမွာ ေဝးလ္၊ ဆြစ္ဇာလန္၊ တူရကီတို႔ကို အသာအယာေက်ာ္ျဖတ္လာသလို ရႈံးထြက္မွာ ၾသစႀတီးယားကို အခ်ိန္ပိုအထိေရာက္ခဲ့ေပမယ့္ ေျခကကြာပါတယ္။ ဘယ္ဂ်ီယံအတြက္ ေပၚတူဂီ၊ အီတလီတို႔လို အသင္းႀကီးေတြနဲ႔ဆက္တိုက္ ရင္ဆိုင္ရတဲ့အတြက္ တကယ့္ကို စိန္ေခၚမႈအျပည့္ပါပဲ။ ဒီႏွစ္သင္းက လက္ရွိေျခစြမ္းအရ ဗိုလ္လုပြဲမွ ေတြ႕သင့္တဲ့ အသင္းေတြျဖစ္ၿပီး အခုကြာတားဖိုင္နယ္မွာ ေတြ႕တဲ့အတြက္ ဗိုလ္လုပြဲအေသးစားပါပဲ။