Mini Cristiano ဆိုတဲ့ နာမည်နဲ့ Instagram အကောင့်စဖွင့်လိုက်တဲ့ စီရော်နယ်ဒိုရဲ့သား

photo-social media

photo-en24 news

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုရဲ့သားကြီးသြရသဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာဟာ ပရိသတ်တွေနဲ့ထိတွေ့နိုင်ဖို့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ official အကောင့်စဖွင့်လိုက်ပြီဖြစ်ပါတယ်။ အသက် ၉ နှစ်သာရှိသေးတဲ့ ဂျူနီယာလေးဟာ ဖခင်ဖြစ်သူရဲ့အရှိန်အဝါနဲ့ နာမည်ကြီးလာခဲ့တာမှန်ပေမယ့်လည်း ဂျူဗင်တပ်ယူ-၉ အသင်းမှာ ဂိုးသွင်းခြေစွမ်းပြနေသူပါ။ ဒီလိုမျိုး အဖေဖြစ်သူရဲ့သွေးပါတာကြောင့် တစ်ချိန်မှာ စီရော်နယ်ဒိုရဲ့ခြေရာကို နင်းနိုင်မယ့်သူအဖြစ်လည်း ထင်ကြေးပေးခြင်း ခံထားရပါတယ်။

photo-social media

အဖေဖြစ်သူက Instagram ပေါ်မှာ Follower အများဆုံးနဲ့ ဝင်ငွေအကောင်းဆုံးသူဖြစ်နေတာကြောင့် ဂျူနီယာလေးဟာ ပရိသတ်တွေနဲ့ထိတွေ့ရာမှာ တခြားဆိုရှယ်မီဒီယာတွေထက် Instagram ကိုသာ ရွေးချယ်လိုက်ပုံရပါတယ်။ သူ့ရဲ့ Instagram အကောင့် user နာမည်အပြည့်အစုံကတော့ minicristianoronaldo2010 ဖြစ်ပါတယ်။

photo-social media

အဲဒီအကောင့်က စစချင်းပို့စ်မှာ သူ့ရဲ့ပရိသတ်တွေကို နှုတ်ဆက်တဲ့ ဗီဒီယိုဖိုင်တစ်ခုတင်ထားပါတယ်။ အဲဒီဗီဒီယိုဖိုင်မှာ ဂျူနီယာလေးက အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ ဘာသာစကား ၄ မျိုးနဲ့ သူ့ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူ၊ညီအစ်ကိုမောင်နှမတွေနဲ့ ဓာတ်ပုံအပြင် မိခင်တစ်ယောက်လို သူ့ကိုစောင့်ရှောက်ပေးနေတဲ့ စီရော်နယ်ဒိုရဲ့လက်တွဲဖော်ဂျော်ဂျီနာနဲ့ မီလန်ဖက်ရှင်ပွဲက ဓာတ်ပုံကိုလည်း သူ့ရဲ့Instagram အကောင့်မှာ ပြန်လည်မျှဝေထားပါတယ်။ အဲဒီအကောင့်စဖွင့်ဖွင့်ချင်း တစ်နာရီအတွင်းမှာ ဂျူနီယာလေးရဲ့ follower ပရိသတ်အရေအတွက်ဟာ ၂ သိန်းနီးပါးဖြစ်သွားပြီး အခုတော့ ၄ သိန်း ၆ သောင်းကျော်တောင် ဖြစ်နေပါတယ်။

[Zawgyi]

Mini Cristiano ဆိုတဲ့ နာမည္နဲ႔ Instagram အေကာင့္စဖြင့္လိုက္တဲ့ စီေရာ္နယ္ဒိုရဲ႕သား

ဂ်ဴဗင္တပ္တုိက္္စစ္မႈးစီေရာ္နယ္ဒိုရဲ႕သားႀကီးၾသရသျဖစ္တဲ့ ခရစၥတီယာႏိုဂ်ဴနီယာဟာ ပရိသတ္ေတြနဲ႔ထိေတြ႕ႏုိင္ဖို႔ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ official အေကာင့္စဖြင့္လိုက္ၿပီျဖစ္ပါတယ္။ အသက္ ၉ ႏွစ္သာရွိေသးတဲ့ ဂ်ဴနီယာေလးဟာ ဖခင္ျဖစ္သူရဲ႕အရွိန္အ၀ါနဲ႔ နာမည္ႀကီးလာခဲ့တာမွန္ေပမယ့္လည္း ဂ်ဴဗင္တပ္ယူ-၉ အသင္းမွာ ဂိုးသြင္းေျခစြမ္းျပေနသူပါ။ ဒီလိုမ်ိဳး အေဖျဖစ္သူရဲ႕ေသြးပါတာေၾကာင့္ တစ္ခ်ိန္မွာ စီေရာ္နယ္ဒိုရဲ႕ေျခရာကို နင္းႏိုင္မယ့္သူအျဖစ္လည္း ထင္ေၾကးေပးျခင္း ခံထားရပါတယ္။

အေဖျဖစ္သူက Instagram ေပၚမွာ Follower အမ်ားဆုံးနဲ႔ ၀င္ေငြအေကာင္းဆုံးသူျဖစ္ေနတာေၾကာင့္ ဂ်ဴနီယာေလးဟာ ပရိသတ္ေတြနဲ႔ထိေတြ႕ရာမွာ တျခားဆုိရွယ္မီဒီယာေတြထက္ Instagram ကိုသာ ေရြးခ်ယ္လုိက္ပုံရပါတယ္။ သူ႔ရဲ႕ Instagram အေကာင့္ user နာမည္အျပည့္အစုံကေတာ့ minicristianoronaldo2010 ျဖစ္ပါတယ္။

အဲဒီအေကာင့္က စစခ်င္းပုိ႔စ္မွာ သူ႔ရဲ႕ပရိသတ္ေတြကို ႏႈတ္ဆက္တဲ့ ဗီဒီယိုဖိုင္တစ္ခုတင္ထားပါတယ္။ အဲဒီဗီဒီယုိဖိုင္မွာ ဂ်ဴနီယာေလးက အဂၤလိပ္၊ စပိန္၊ ေပၚတူဂီ၊ အီတလီ ဘာသာစကား ၄ မ်ိဳးနဲ႔ သူ႔ပရိသတ္ေတြကို ႏႈတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးေတာ့ ဖခင္ျဖစ္သူ၊ညီအစ္ကိုေမာင္ႏွမေတြနဲ႔ ဓာတ္ပုံအျပင္ မိခင္တစ္ေယာက္လို သူ႔ကိုေစာင့္ေရွာက္ေပးေနတဲ့ စီေရာ္နယ္ဒိုရဲ႕လက္တြဲေဖာ္ေဂ်ာ္ဂ်ီနာနဲ႔ မီလန္ဖက္ရွင္ပြဲက ဓာတ္ပုံကိုလည္း သူ႔ရဲ႕Instagram အေကာင့္မွာ ျပန္လည္မွ်ေ၀ထားပါတယ္။ အဲဒီအေကာင့္စဖြင့္ဖြင့္ခ်င္း တစ္နာရီအတြင္းမွာ ဂ်ဴနီယာေလးရဲ႕ follower ပရိသတ္အေရအတြက္ဟာ ၂ သိန္းနီးပါးျဖစ္သြားၿပီး အခုေတာ့ ၄ သိန္း ၆ ေသာင္းေက်ာ္ေတာင္ ျဖစ္ေနပါတယ္။