
Photo Credit

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ ယနေ့ည လိုကိုမိုတစ်မော်စကိုအသင်းနဲ့ကစားရမယ့်ပွဲမှာ နောက်ထပ်ချန်ပီယံလိဂ်စံချိန်သစ်တစ်ခုတင်နိုင်ဖို့ ကြိုးစားလာမှာဖြစ်ပြီး ယနေ့ညချန်ပီယံလိဂ်ပွဲတွေကလည်း စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေပါတယ်။ အတ္တလန္တာအသင်းက အိမ်ကွင်းမှာ စီးတီးကို ဧည့်မခံနိုင်ဘဲ အေစီမီလန်နဲ့အင်တာမီလန်တို့ရဲ့ဆန်စီရိုကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမှာဖြစ်ပါတယ်။ ဒီညကစားမယ့် ၈ပွဲထဲကနေ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၄ – ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေဟာ ပွဲစဉ် ၃တုန်းက ဘရုဂျက်နဲ့ပွဲမှာ လူစားဝင်အဖြစ် ၃ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ လူစားဝင်လာပြီးနောက် ဟက်ထရစ်ရယူနိုင်တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။ သူဟာ ဘရုဂျက်နဲ့ကစားခဲ့တဲ့ ၃ပွဲမှာ ပျမ်းမျှ ၂၈မိနစ်ရောက်တိုင်း ၁ဂိုးသွင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

၅၀ – ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားဟာ မက်ဒရစ်အခြေစိုက်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး ၅၀ပြည့်ဖို့ ၂ဂိုးပဲလိုတော့ပြီး မက်ဆီ(ဘာစီလိုနာအတွက် ၁၁၃ဂိုး)၊ ရော်နယ်ဒို(ရီးရဲလ်အတွက် ၁၀၅ဂိုး)နဲ့ ရာအူးလ်(ရီးရဲလ်အတွက် ၆၆ဂိုး)တို့ပဲ တစ်သင်းတည်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအနည်းဆုံး ဂိုး ၅၀ပြည့်ထားတာပါ။ ဘန်ဇီးမားဟာ ချန်ပီယံလိဂ်နောက်ဆုံး ၄ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၆ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်နေပါတယ်။

၁၃ – ဘိုင်ယန်မြူးနစ်ဟာ ဒီရာသီချန်ပီယံလိဂ် ၃ပွဲကစားပြီးချိန်မှာ ၁၃ဂိုးအထိသွင်းယူထားပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အဖွင့် ၃ပွဲအပြီး ဘိုင်ယန်ထက် ဂိုးပိုသွင်းနိုင်တဲ့အသင်းဆိုလို့ ၂၀၁၀-၁၁ ရာသီက အာဆင်နယ်(၁၄ဂိုး)တစ်သင်းတည်းရှိပါတယ်။

၁၈ – စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ် ၂၂ပွဲမှာ ၁၈ဂိုးအထိသွင်းယူထားပြီး အဲဒီအထဲမှာ ယခုရာသီကစားပြီးတဲ့ ၃ပွဲအနက် သွင်းယူထားတဲ့ ၄ဂိုးလည်း ပါဝင်ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုး ၂၀ကို ပွဲအနည်းဆုံးနဲ့ပြည့်မြောက်ခဲ့တာက ဂျူဗင်တပ်စ်ဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုဖြစ်ပြီး ၁၉၉၈ ဧပြီလက ၂၆ပွဲနဲ့ မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

၁၁ – အတ္တလန္တာဟာ ယခုရာသီချန်ပီယံလိဂ်မှာ ပေးဂိုးအများဆုံးအသင်းအြဖြစ် ၁၁ဂိုးနဲ့ရပ်တည်နေပါတယ်။ နောက်ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၃ပွဲအပြီး အတ္တလန္တာထက် ပေးဂိုးပိုများခဲ့တဲ့အသင်းတွေဆိုလို့ ပရာဟာ (၁၂ဂိုး)နဲ့ ဟယ်လ်ဆင်ဘော့(၁၃ဂိုး)တို့ပဲရှိပါတယ်။

၅ – တိုက်စစ်မှူး အဂွဲရိုးဟာ စီးတီးအတွက် နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိဂ်အဝေးကွင်းနောက်ဆုံး ၅ပွဲဆက်ဂိုးသွင်းယူထားနိုင်ပြီး ၂၀၁၇ စက်တင်ဘာလကတည်းကဖြစ်ပါတယ်။

၃ – အက်သလက်တီကိုဟာ လေဗာကူဆင်ကို ချန်ပီယံလိဂ်မှာ စုစုပေါင်း ၃ကြိမ်အထိအနိုင်ရရှိထားရာ ချန်ပီယံလိဂ်မှာ အသင်းတစ်သင်းတည်းအပေါ် အက်သလက်တီကိုအသင်း အနိုင်ရတဲ့ပွဲအရေအတွက် အများဆုံးအသင်းထက် (ပီအက်စ်ဗွီ၊ ၄ပွဲ) ၁ပွဲပဲ ပိုနည်းနေပါတယ်။

၃၃ – ရော်နယ်ဒိုဟာ ပွဲစဉ် ၃အဖြစ် လိုကိုမိုတစ်မော်စကိုအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၈ကြိမ်ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုဟာ ဒီပွဲမှာသာဂိုးသွင်းနိုင်ရင် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်းအများဆုံးဘက်ကို ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရာအူးလ်၊ မက်ဆီတို့နဲ့အတူ ၃၃သင်းနဲ့ ပူးတွဲစံချိန်တင်ထားပါတယ်။

Zawgyi
မက္ဆီကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားမယ့္ေရာ္နယ္ဒိုနဲ႔ ခ်န္ပီယံလိဂ္အခ်က္အလက္မ်ား
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴးေရာ္နယ္ဒိုဟာ ယေန႔ည လိုကုိမုိတစ္ေမာ္စကိုအသင္းနဲ႔ကစားရမယ့္ပြဲမွာ ေနာက္ထပ္ခ်န္ပီယံလိဂ္စံခ်ိန္သစ္တစ္ခုတင္ႏုိင္ဖို႔ ႀကိဳးစားလာမွာျဖစ္ၿပီး ယေန႔ညခ်န္ပီယံလိဂ္ပြဲေတြကလည္း စိတ္၀င္စားစရာေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ အတၱလႏၱာအသင္းက အိမ္ကြင္းမွာ စီးတီးကို ဧည့္မခံႏုိင္ဘဲ ေအစီမီလန္နဲ႔အင္တာမီလန္တုိ႔ရဲ႕ဆန္စီ႐ိုကြင္းကို အိမ္ကြင္းအျဖစ္ အသုံးျပဳမွာျဖစ္ပါတယ္။ ဒီညကစားမယ့္ ၈ပြဲထဲကေန စိတ္၀င္စားစရာေကာင္းတဲ့အခ်က္အလက္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။
၄ – ပီအက္စ္ဂ်ီတုိက္စစ္မွဴး ဘာေပဟာ ပြဲစဥ္ ၃တုန္းက ဘ႐ုဂ်က္နဲ႔ပြဲမွာ လူစား၀င္အျဖစ္ ၃ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ လူစား၀င္လာၿပီးေနာက္ ဟက္ထရစ္ရယူႏုိင္တဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာပါတယ္။ သူဟာ ဘ႐ုဂ်က္နဲ႔ကစားခဲ့တဲ့ ၃ပြဲမွာ ပ်မ္းမွ် ၂၈မိနစ္ေရာက္တုိင္း ၁ဂိုးသြင္း ဒါမွမဟုတ္ ဂိုးဖန္တီးမႈ ၁ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
၅၀ – ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီးမားဟာ မက္ဒရစ္အေျခစိုက္အသင္းအတြက္ ခ်န္ပီယံလိဂ္ဂိုး ၅၀ျပည့္ဖို႔ ၂ဂိုးပဲလိုေတာ့ၿပီး မက္ဆီ(ဘာစီလုိနာအတြက္ ၁၁၃ဂိုး)၊ ေရာ္နယ္ဒို(ရီးရဲလ္အတြက္ ၁၀၅ဂိုး)နဲ႔ ရာအူးလ္(ရီးရဲလ္အတြက္ ၆၆ဂိုး)တို႔ပဲ တစ္သင္းတည္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုးအနည္းဆုံး ဂိုး ၅၀ျပည့္ထားတာပါ။ ဘန္ဇီးမားဟာ ခ်န္ပီယံလိဂ္ေနာက္ဆုံး ၄ပဲြမွာ ဂိုးေပါက္ကန္သြင္းမႈ ၁၆ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္ေပ်ာက္ေနပါတယ္။
၁၃ – ဘိုင္ယန္ျမဴးနစ္ဟာ ဒီရာသီခ်န္ပီယံလိဂ္ ၃ပြဲကစားၿပီးခ်ိန္မွာ ၁၃ဂိုးအထိသြင္းယူထားပါတယ္။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အဖြင့္ ၃ပြဲအၿပီး ဘုိင္ယန္ထက္ ဂိုးပိုသြင္းႏိုင္တ့ဲအသင္းဆုိလုိ႔ ၂၀၁၀-၁၁ ရာသီက အာဆင္နယ္(၁၄ဂိုး)တစ္သင္းတည္းရွိပါတယ္။
၁၈ – စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းဟာ ခ်န္ပီယံလိဂ္ ၂၂ပြဲမွာ ၁၈ဂိုးအထိသြင္းယူထားၿပီး အဲဒီအထဲမွာ ယခုရာသီကစားၿပီးတဲ့ ၃ပဲြအနက္ သြင္းယူထားတ့ဲ ၄ဂိုးလည္း ပါ၀င္ပါတယ္။ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ သြင္းဂိုး ၂၀ကို ပြဲအနည္းဆုံးနဲ႔ျပည့္ေျမာက္ခ့ဲတာက ဂ်ဴဗင္တပ္စ္ဂႏၳ၀င္တုိက္စစ္မွဴး ဒယ္လ္ပီယာ႐ိုျဖစ္ၿပီး ၁၉၉၈ ဧၿပီလက ၂၆ပဲြနဲ႔ မွတ္တမ္းတင္ခဲ့တာျဖစ္ပါတယ္။
၁၁ – အတၱလႏၱာဟာ ယခုရာသီခ်န္ပီယံလိဂ္မွာ ေပးဂိုးအမ်ားဆုံးအသင္းအျျဖစ္ ၁၁ဂိုးနဲ႔ရပ္တည္ေနပါတယ္။ ေနာက္ၿပီး ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ ၃ပြဲအၿပီး အတၱလႏၱာထက္ ေပးဂုိးပိုမ်ားခ့ဲတဲ့အသင္းေတြဆုိလုိ႔ ပရာဟာ (၁၂ဂိုး)နဲ႔ ဟယ္လ္ဆင္ေဘာ့(၁၃ဂိုး)တို႔ပဲရွိပါတယ္။
၅ – တုိက္စစ္မွဴး အဂြဲ႐ိုးဟာ စီးတီးအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ခ်န္ပီယံလိဂ္အေ၀းကြင္းေနာက္ဆုံး ၅ပြဲဆက္ဂိုးသြင္းယူထားႏိုင္ၿပီး ၂၀၁၇ စက္တင္ဘာလကတည္းကျဖစ္ပါတယ္။
၃ – အက္သလက္တီကိုဟာ ေလဗာကူဆင္ကို ခ်န္ပီယံလိဂ္မွာ စုစုေပါင္း ၃ႀကိမ္အထိအႏိုင္ရရွိထားရာ ခ်န္ပီယံလိဂ္မွာ အသင္းတစ္သင္းတည္းအေပၚ အက္သလက္တီကိုအသင္း အႏိုင္ရတဲ့ပြဲအေရအတြက္ အမ်ားဆုံးအသင္းထက္ (ပီအက္စ္ဗြီ၊ ၄ပဲြ) ၁ပြဲပဲ ပိုနည္းေနပါတယ္။
၃၃ – ေရာ္နယ္ဒိုဟာ ပြဲစဥ္ ၃အျဖစ္ လုိကိုမိုတစ္ေမာ္စကိုအသင္းကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ ၈ႀကိမ္ရွိခဲ့ေပမယ့္ ဂိုးမသြင္းႏုိင္ခဲ့ပါဘူး။ ေရာ္နယ္ဒိုဟာ ဒီပြဲမွာသာဂိုးသြင္းႏုိင္ရင္ ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ မတူညီတဲ့အသင္းအမ်ားဆုံးဘက္ကို ဂိုးသြင္းႏုိင္တဲ့ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္မွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ရာအူးလ္၊ မက္ဆီတုိ႔နဲ႔အတူ ၃၃သင္းနဲ႔ ပူးတြဲစံခ်ိန္တင္ထားပါတယ္။