ဘာပေ ဗီလိန်ဖြစ်ခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံပြင်သစ်အသင်းကတော့ ပယ်နယ်တီအဆုံးအဖြတ်မှာ ဆွစ်ဇာလန်ကို ရှုံးနိမ့်ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပြင်သစ်အသင်းနဲ့ အခုလက်ရှိအသင်းကွာခြားချက်ကတော့ ကွင်းလယ်စုဖွဲ့မှု၊ ဘာပေရဲ့စွမ်းဆောင်ရည်၊ ဂျရူးရဲ့အခန်းကဏ္ဍပါဝင်မှု နည်းပါးတာတွေပဲဖြစ်ပါတယ်။

ပြင်သစ်အသင်းကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေ့ါဘာနဲ့ ကွန်တေဟာ တိုက်စစ်လိုက်ပါမှုအားကောင်းပေမယ့် ခံစစ်ကို Recover လုပ်တဲ့အပိုင်းမှာ အားနည်းချက်ရှိပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အဲဒီကွက်လပ်ကို မာတွီဒီ၊ တိုလစ်ဆို၊ အန်ဇွန်ဇီတို့က အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့တယ်။

အဲဒီကစားသမားတွေဟာ Defensive Minded Players တွေဖြစ်လို့ ကွန်တေနဲ့ပေ့ါဘာတို့ရဲ့ အနေအထားကို ချိန်ဆပြီး ကွင်းလယ်နဲ့ ခံစစ်ကို Cover လုပ်ပေးခဲ့တဲ့အတွက်

၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအောင်မြင်မှုရခဲ့တယ်လို့ပြောရမယ်။

အခု သူတို့နဲ့တွဲကစားတဲ့ ရာဘီယူက ခံစစ်ထက် တိုက်စစ်လိုက်ဖို့အားသန်နေတာကြောင့် ပြင်သစ်ကွင်းလယ်မှာ Holding Midfielder မရှိတော့ဘဲ

ကွင်းလယ်လူ (၃)ဦးစလုံးက တိုက်စစ်ကို လိုက်ပါသွားလေ့ရှိလို့ ဆွစ်ဇာလန်အသင်း Counter ပြန်ပေါက်ရင်

ကွင်းလယ်မှာ တားဆီးမယ့်သူမရှိဘဲ ပြင်သစ်ခံစစ်နဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့အကြိမ်ပိုများခဲ့တယ်။

နောက်ပြီး နာမည်ကျော်ကစားသမားဘာပေဟာ အခုယူရိုပြိုင်ပွဲတစ်လျှောက်လုံး စွမ်းဆောင်ရည်ကောင်းပျောက်ဆုံးခဲ့ပြီး တစ်ဂိုးမှမသွင်းနိုင်တဲ့အထိ ဆိုးရွားလွန်းခဲ့တယ်။

ပြင်သစ်တိုက်စစ်မှာ ဝါရင့်ကစားသမားဘန်ဇီမာ ပြန်ပါလာတာက အသင်းတိုက်စစ်ကို ပိုအားကောင်းလာလိမ့်မယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့်

ဘန်ဇီမာဟာ ဂျရူးလောက် အသင်းဖော်တွေကို အထောက်အပံ့မပေးနိုင်ခဲ့ဘူး။

ဂျရူးဟာ Finishing ပိုင်းအားနည်းပေမယ့် သူ့ရဲ့တိုးအား၊ ရုန်းအားတွေကြောင့် ဘာပေ၊ ဂရစ်ဇ်မန်းတို့အတွက် Space တွေဖြစ်စေသလို၊ သူက ဂိုးသွင်းဖို့ထက်

တောင်ပံတိုက်စစ်ကစားသမားတွေ အခွင့်အရေးရအောင် အဓိက ဖန်တီးပေးတဲ့သူလည်းဖြစ်ပါတယ်။

အခု ဘန်ဇီမာဟာ ဂျရူးထက် ဂိုးသွင်းသေချာပေမယ့် ဘာပေ၊ ဂရစ်ဇ်မန်းတို့နဲ့ ချိတ်ဆက်ကစားပုံ အားနည်းလွန်းတယ်။

ဒီပွဲမှာ ပြင်သစ်အသင်း ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ရတယ်ဆိုပေမယ့် သာမန်ပွဲကစားချိန်အတွင်းမှာသာ

ဆွစ်ဇာလန်အသင်း ရခဲ့တဲ့ ပယ်နယ်တီကို ရိုဒရီဂွက်ဇ် ကန်သွင်းနိုင်မယ်ဆိုရင် မိနစ်(၉၀)အတွင်းမှာပဲ အခြေအနေဆိုးသွားမယ့်အနေအထားပါပဲ။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဖျက်မြင်းအသင်းတွေရဲ့စွမ်းဆောင်ရည်နဲ့စိတ်ဓာတ်က မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပြီး ဆွစ်ဇာလန်အသင်းဟာ

ပွဲပြီးခါနီး (၁၀)မိနစ်လောက်အလိုမှာ (၃-၁)ဂိုးနဲ့ရှုံးနေတာကနေ ချေပဂိုးတွေပြန်သွင်း၊ နောက်ဆုံး ပယ်နယ်တီအဆုံးအဖြတ်နဲ့ပါ ကမ္ဘာ့ ချန်ပီယံအသင်းကို အနိုင်ယူပြခဲ့တယ်။

အဖွင့်ဂိုးကို စရခဲ့တာကလည်း ဆွစ်ဇာလန်ဖြစ်ပြီး ပွဲအစ(၁၅)မိနစ်မှာပဲ ဇူဘာရဲ့ ဖြတ်တင်ဘောကို ဝါရင့်တိုက်စစ်မှူး ဆီဖာရိုဗစ်က ခေါင်းတိုက်သွင်းယူခဲ့တယ်။

(၅၅)မိနစ်မှာ ဆွစ်ဇာလန် ပယ်နယ်တီရခဲ့ပေမယ့် ရီကာဒိုရိုဒရီဂွက်ဇ်ရဲ့ကန်ချက်ကို လိုရစ် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့သာ ပြင်သစ်တို့ သက်သာခဲ့ရတာပါ။

ပယ်နယ်တီပေးခဲ့ရပြီးတော့ မိနစ်ပိုင်းအကြာမှာပဲ ဘာပေရဲ့ ပေးပို့မှုကနေ ဘန်ဇီမာက ချေပဂိုးပြန်သွင်းခဲ့ပြီး ချက်ချင်းဆိုသလို ဂရစ်ဇ်မန်းရဲ့ကန်ချက်ကို ဆွန်မာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့်

ဘန်ဇီမာက ခေါင်းတိုက်ပိတ်သွင်းခဲ့တာကြောင့် ပြင်သစ်တို့ ဦးဆောင်ဂိုးပြန်ရခဲ့တယ်။

ဒီပွဲမှာ ပေ့ါဘာရဲ့ ကမ္ဘာ့အဆင့်ကစားပုံကို ထပ်မြင်ခဲ့ရပြီး အကွက်မြင်တဲ့ ပေးပို့မှုတွေပြုလုပ်ခဲ့သလို တတိယဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။

(၃-၁)ဂိုးဆိုတဲ့ရလဒ်ကြောင့် ပွဲပြီးသွားပြီလို့ထင်နေတုန်းမှာပဲ (၈၁)မိနစ်မှာ ညာခြမ်းကနေ အမ်ဘာဘူ တင်ပေးလိုက်တာကို ဆီဖာရိုဗစ်ကပဲ ခေါင်းတိုက်သွင်းယူပြီး

ဆွစ်ဇာလန်အသင်းအတွက် မျှော်လင့်ချက်ဆက်လက်ရှင်သန်အောင် ဖန်တီးပေးနိုင်ခဲ့တယ်။

ပြင်သစ်အသင်းပေးလိုက်ရတဲ့ တတိယဂိုးကတော့ ကွင်းလယ်လူတွေ ခံစစ်ကို အချိန်မီပြန်မဆင်းနိုင်တဲ့အကျိုးဆက်ကြောင့်လို့ ပြောရမှာဖြစ်ပြီး

Marking လွတ်နေတဲ့ ချာကာ ခင်းပေးလိုက်တာနေ ဂါဗရာနိုဗစ်က ပယ်နယ်တီဧရိယာထိပ်နားက အပိုင်ကန်သွင်းယူခဲ့တာပါ။

ဆွစ်ဇာလန်အသင်းနည်းပြပက်ကိုဗစ်ရဲ့ လူစားလဲမှုတွေက ချီးကျူးစရာကောင်းပြီး သူ လူစားထိုးအသုံးပြုခဲ့တဲ့ အမ်ဘာဘူ၊ ဂါဗရာနိုဗစ်တို့ဟာ ပွဲရလဒ်အပြောင်းအလဲကို ဖန်တီးပေးနိုင်ခဲ့တယ်။

ပွဲပြီးခါနီးမှာ ကိုးမန်းရဲ့ကန်ချက် တိုင်ထိထွက်သွားတာက ပြင်သစ်အသင်း အခုလိုကြမ္မာဆိုးနဲ့ရင်ဆိုင်ရဖို့ဖြစ်စေခဲ့တယ်လို့ပြောရမယ်။

အချိန်ပိုမိနစ်(၃၀)ဆက်ကစားချိန်မှာ (၃)ဂိုးစီသရေကျနေဆဲဖြစ်လို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ဆွစ်ဇာလန်အသင်းက (၅)ကြိမ်စလုံး ဂိုးဝင်ပေမယ့်

ပြင်သစ်အသင်းရဲ့ နောက်ဆုံးပယ်နယ်တီမှာ ဘာပေ ကန်ချက်ကို တစ်ပွဲလုံးလက်စွမ်းပြနေတဲ့ ဆွမ်မာက ကာကွယ်နိုင်ခဲ့လို့ ဘာပေဟာ ဗီလိန်ဖြစ်ခဲ့ရတယ်။

ဆွစ်ဇာလန်အသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်၊ ၁၉၅၄ ကမ္ဘာ့ဖလားနောက်ပိုင်း (၆၇)နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ

ပထမဆုံးအဖြစ် ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရရှိခဲ့ပြီး ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ ဆုံတွေ့ရတော့မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဘာေပ ဗီလိန္ျဖစ္ခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရတဲ့ ကမာၻ႔ခ်န္ပီယံျပင္သစ္

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းအစားဆုံးအသင္းျဖစ္တဲ့ ကမာၻ႔ခ်န္ပီယံျပင္သစ္အသင္းကေတာ့ ပယ္နယ္တီအဆုံးအျဖတ္မွာ ဆြစ္ဇာလန္ကို ရႈံးနိမ့္ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ကေန လွည့္ျပန္ခဲ့ရပါၿပီ။

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ျပင္သစ္အသင္းနဲ႔ အခုလက္ရွိအသင္းကြာျခားခ်က္ကေတာ့ ကြင္းလယ္စုဖြဲ႕မႈ၊ ဘာေပရဲ႕စြမ္းေဆာင္ရည္၊ ဂ်႐ူးရဲ႕အခန္းက႑ပါဝင္မႈ နည္းပါးတာေတြပဲျဖစ္ပါတယ္။

ျပင္သစ္အသင္းကြင္းလယ္ကစားသမားေတြျဖစ္တဲ့ ေပ့ါဘာနဲ႔ ကြန္ေတဟာ တိုက္စစ္လိုက္ပါမႈအားေကာင္းေပမယ့္ ခံစစ္ကို Recover လုပ္တဲ့အပိုင္းမွာ အားနည္းခ်က္ရွိၿပီး ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အဲဒီကြက္လပ္ကို မာတြီဒီ၊ တိုလစ္ဆို၊ အန္ဇြန္ဇီတို႔က အေကာင္းဆုံးျဖည့္ဆည္းေပးႏိုင္ခဲ့တယ္။

အဲဒီကစားသမားေတြဟာ Defensive Minded Players ေတြျဖစ္လို႔ ကြန္ေတနဲ႔ေပ့ါဘာတို႔ရဲ႕ အေနအထားကို ခ်ိန္ဆၿပီး ကြင္းလယ္နဲ႔ ခံစစ္ကို Cover လုပ္ေပးခဲ့တဲ့အတြက္ ၂၀၁၈ ကမာၻ႔ဖလားမွာ ျပင္သစ္အသင္းေအာင္ျမင္မႈရခဲ့တယ္လို႔ေျပာရမယ္။

အခု သူတို႔နဲ႔တြဲကစားတဲ့ ရာဘီယူက ခံစစ္ထက္ တိုက္စစ္လိုက္ဖို႔အားသန္ေနတာေၾကာင့္ ျပင္သစ္ကြင္းလယ္မွာ Holding Midfielder မရွိေတာ့ဘဲ ကြင္းလယ္လူ (၃)ဦးစလုံးက တိုက္စစ္ကို လိုက္ပါသြားေလ့ရွိလို႔ ဆြစ္ဇာလန္အသင္း Counter ျပန္ေပါက္ရင္ ကြင္းလယ္မွာ တားဆီးမယ့္သူမရွိဘဲ ျပင္သစ္ခံစစ္နဲ႔ ထိပ္တိုက္ဆုံေတြ႕ခဲ့တဲ့အႀကိမ္ပိုမ်ားခဲ့တယ္။

ေနာက္ၿပီး နာမည္ေက်ာ္ကစားသမားဘာေပဟာ အခုယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္လုံး စြမ္းေဆာင္ရည္ေကာင္းေပ်ာက္ဆုံးခဲ့ၿပီး တစ္ဂိုးမွမသြင္းႏိုင္တဲ့အထိ ဆိုး႐ြားလြန္းခဲ့တယ္။

ျပင္သစ္တိုက္စစ္မွာ ဝါရင့္ကစားသမားဘန္ဇီမာ ျပန္ပါလာတာက အသင္းတိုက္စစ္ကို ပိုအားေကာင္းလာလိမ့္မယ္လို႔ အားလုံးက ယူဆခဲ့ၾကေပမယ့္ ဘန္ဇီမာဟာ ဂ်႐ူးေလာက္ အသင္းေဖာ္ေတြကို အေထာက္အပံ့မေပးႏိုင္ခဲ့ဘူး။

ဂ်႐ူးဟာ Finishing ပိုင္းအားနည္းေပမယ့္ သူ႔ရဲ႕တိုးအား၊ ႐ုန္းအားေတြေၾကာင့္ ဘာေပ၊ ဂရစ္ဇ္မန္းတို႔အတြက္ Space ေတြျဖစ္ေစသလို၊ သူက ဂိုးသြင္းဖို႔ထက္ ေတာင္ပံတိုက္စစ္ကစားသမားေတြ အခြင့္အေရးရေအာင္ အဓိက ဖန္တီးေပးတဲ့သူလည္းျဖစ္ပါတယ္။

အခု ဘန္ဇီမာဟာ ဂ်႐ူးထက္ ဂိုးသြင္းေသခ်ာေပမယ့္ ဘာေပ၊ ဂရစ္ဇ္မန္းတို႔နဲ႔ ခ်ိတ္ဆက္ကစားပုံ အားနည္းလြန္းတယ္။ ဒီပြဲမွာ ျပင္သစ္အသင္း ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးခဲ့ရတယ္ဆိုေပမယ့္ သာမန္ပြဲကစားခ်ိန္အတြင္းမွာသာ ဆြစ္ဇာလန္အသင္း ရခဲ့တဲ့ ပယ္နယ္တီကို ႐ိုဒရီဂြက္ဇ္ ကန္သြင္းႏိုင္မယ္ဆိုရင္ မိနစ္(၉၀)အတြင္းမွာပဲ အေျခအေနဆိုးသြားမယ့္အေနအထားပါပဲ။

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဖ်က္ျမင္းအသင္းေတြရဲ႕စြမ္းေဆာင္ရည္နဲ႔စိတ္ဓာတ္က မယုံႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရၿပီး ဆြစ္ဇာလန္အသင္းဟာ ပြဲၿပီးခါနီး (၁၀)မိနစ္ေလာက္အလိုမွာ (၃-၁)ဂိုးနဲ႔ရႈံးေနတာကေန ေခ်ပဂိုးေတြျပန္သြင္း၊ ေနာက္ဆုံး ပယ္နယ္တီအဆုံးအျဖတ္နဲ႔ပါ ကမၻာ့ ခ်န္ပီယံအသင္းကို အႏိုင္ယူျပခဲ့တယ္။

အဖြင့္ဂိုးကို စရခဲ့တာကလည္း ဆြစ္ဇာလန္ျဖစ္ၿပီး ပြဲအစ(၁၅)မိနစ္မွာပဲ ဇူဘာရဲ႕ ျဖတ္တင္ေဘာကို ဝါရင့္တိုက္စစ္မႉး ဆီဖာ႐ိုဗစ္က ေခါင္းတိုက္သြင္းယူခဲ့တယ္။ (၅၅)မိနစ္မွာ ဆြစ္ဇာလန္ ပယ္နယ္တီရခဲ့ေပမယ့္ ရီကာဒို႐ိုဒရီဂြက္ဇ္ရဲ႕ကန္ခ်က္ကို လိုရစ္ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔သာ ျပင္သစ္တို႔ သက္သာခဲ့ရတာပါ။

ပယ္နယ္တီေပးခဲ့ရၿပီးေတာ့ မိနစ္ပိုင္းအၾကာမွာပဲ ဘာေပရဲ႕ ေပးပို႔မႈကေန ဘန္ဇီမာက ေခ်ပဂိုးျပန္သြင္းခဲ့ၿပီး ခ်က္ခ်င္းဆိုသလို ဂရစ္ဇ္မန္းရဲ႕ကန္ခ်က္ကို ဆြန္မာ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဘန္ဇီမာက ေခါင္းတိုက္ပိတ္သြင္းခဲ့တာေၾကာင့္ ျပင္သစ္တို႔ ဦးေဆာင္ဂိုးျပန္ရခဲ့တယ္။

ဒီပြဲမွာ ေပ့ါဘာရဲ႕ ကမာၻ႔အဆင့္ကစားပုံကို ထပ္ျမင္ခဲ့ရၿပီး အကြက္ျမင္တဲ့ ေပးပို႔မႈေတြျပဳလုပ္ခဲ့သလို တတိယဂိုးကို လွလွပပသြင္းယူခဲ့ပါတယ္။

(၃-၁)ဂိုးဆိုတဲ့ရလဒ္ေၾကာင့္ ပြဲၿပီးသြားၿပီလို႔ထင္ေနတုန္းမွာပဲ (၈၁)မိနစ္မွာ ညာျခမ္းကေန အမ္ဘာဘူ တင္ေပးလိုက္တာကို ဆီဖာ႐ိုဗစ္ကပဲ ေခါင္းတိုက္သြင္းယူၿပီး ဆြစ္ဇာလန္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ဆက္လက္ရွင္သန္ေအာင္ ဖန္တီးေပးႏိုင္ခဲ့တယ္။

ျပင္သစ္အသင္းေပးလိုက္ရတဲ့ တတိယဂိုးကေတာ့ ကြင္းလယ္လူေတြ ခံစစ္ကို အခ်ိန္မီျပန္မဆင္းႏိုင္တဲ့အက်ိဳးဆက္ေၾကာင့္လို႔ ေျပာရမွာျဖစ္ၿပီး Marking လြတ္ေနတဲ့ ခ်ာကာ ခင္းေပးလိုက္တာေန ဂါဗရာႏိုဗစ္က ပယ္နယ္တီဧရိယာထိပ္နားက အပိုင္ကန္သြင္းယူခဲ့တာပါ။

ဆြစ္ဇာလန္အသင္းနည္းျပပက္ကိုဗစ္ရဲ႕ လူစားလဲမႈေတြက ခ်ီးက်ဴးစရာေကာင္းၿပီး သူ လူစားထိုးအသုံးျပဳခဲ့တဲ့ အမ္ဘာဘူ၊ ဂါဗရာႏိုဗစ္တို႔ဟာ ပြဲရလဒ္အေျပာင္းအလဲကို ဖန္တီးေပးႏိုင္ခဲ့တယ္။ ပြဲၿပီးခါနီးမွာ ကိုးမန္းရဲ႕ကန္ခ်က္ တိုင္ထိထြက္သြားတာက ျပင္သစ္အသင္း အခုလိုၾကမၼာဆိုးနဲ႔ရင္ဆိုင္ရဖို႔ျဖစ္ေစခဲ့တယ္လို႔ေျပာရမယ္။

အခ်ိန္ပိုမိနစ္(၃၀)ဆက္ကစားခ်ိန္မွာ (၃)ဂိုးစီသေရက်ေနဆဲျဖစ္လို႔ ပယ္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရၿပီး ဆြစ္ဇာလန္အသင္းက (၅)ႀကိမ္စလုံး ဂိုးဝင္ေပမယ့္ ျပင္သစ္အသင္းရဲ႕ ေနာက္ဆုံးပယ္နယ္တီမွာ ဘာေပ ကန္ခ်က္ကို တစ္ပြဲလုံးလက္စြမ္းျပေနတဲ့ ဆြမ္မာက ကာကြယ္ႏိုင္ခဲ့လို႔ ဘာေပဟာ ဗီလိန္ျဖစ္ခဲ့ရတယ္။

ဆြစ္ဇာလန္အသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္၊ ၁၉၅၄ ကမာၻ႔ဖလားေနာက္ပိုင္း (၆၇)ႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုမွာ ပထမဆုံးအျဖစ္ ကြာတားဖိုင္နယ္တက္ေရာက္ခြင့္ရရွိခဲ့ၿပီး ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ စပိန္အသင္းနဲ႔ ဆုံေတြ႕ရေတာ့မွာပါ။