Masterbate လုပ်တဲ့ပုံစံအောင်ပွဲခံခဲ့တဲ့ နယူးကာဆယ်ပရိသတ်ရဲ့ဗီဒီယိုဖိုင်ပျံနှံနေ

Photo- Internet
Photo- Internet

အက်ဖ်အေဖလားပြန်ကန်ပွဲစဉ်မှာ နယူးကာဆယ်က အောက်စဖို့ဒ်ယူနိုက်တက်ကို အချိန်ပိုသွင်းဂိုးနဲ့အောင်ပွဲခံကာ နောက်တစ်ဆင့်တက်သွားပြီးနောက် နယူးကာဆယ်ပရိသတ်တစ်ဦးဟာ စိတ်လှုပ်ရှားလွန်းပြီး သူ့ရဲ့လိင်တံကို ရမ်းကာအောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့အောင်ပွဲခံပုံကို ရုပ်သံကင်မရာတစ်ခုကနေ အမှတတ်တမဲ့ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။ ရိုက်ကူးမိခဲ့တဲ့ရုပ်သံလိုင်းက BBC One ဖြစ်ပြီးနောက်ပိုင်းမှာ အွန်လိုင်းပေါ်မှာလည်းပျံနှံခဲ့ပါတယ်။ နယူးကာဆယ်ဟာ အိမ်ကွင်းကစားခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် အောက်စ်ဖို့ဒ်ရဲ့ကွင်းမှာတော့ မိနစ် ၉၀ အတွင်း ၂-၂ သရေကျခဲ့တာပါ။

ဒါပေမယ့်အချိန်ပို ၁၁၆ မိနစ်မှာတော့ ပြင်သစ်ကွင်းလယ်လူ စိန့်မက်ဆီမင်က အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီအနိုင်ဂိုးကြောင့် ဧည့်သည်နယူးကာဆယ်ပရိသတ်တွေ အပြင်းအထန်အောင်ပွဲခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တစ်ဦးကတော့ အလွန်ထူးခြားစွာအောင်ပွဲခံခဲ့တာကို ရုပ်သံကနေတစ်ဆင့်တွေ့လိုက်ကြရပါတယ်။

Photo- Internet

သူဟာ ဘေးကအဖော်တွေကို ပွေ့ဖက်နှုတ်ဆက်ရမယ့်အစား လှေကားကနေတစ်ဆင့်ဆင်းလာပြီး သူ့ဘောင်းဘီကိုချွတ်လို့ ငယ်ပါကိုထုတ်ပြကာ Masterbate လုပ်တဲ့ပုံစံနဲ့အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ရုပ်သံပြအနှေးပြန်ပြတော့ အဲဒီသူရဲ့အောင်ပွဲခံပုံကို သတိထားမိတဲ့သူများပြားခဲ့ပြီး ဒါနဲ့ပတ်သက်လို့ အင်စတာဂရမ်ပေါ်မှာဆွေးနွေးမှုတွေပြုလုပ်နေကြတာကိုလည်း တွေ့ရပါတယ်။

Photo- Internet

တချိုု့တွေက ဒါကိုဝေဖန်မှုတွေပြုလုပ်ကြသလို တချို့ကလည်းနောက်ပြောင်တဲ့သဘောနဲ့ပြောဆိုနေကြတာကို တွေ့ရပါတယ်။ နယူးကာဆယ်ဟာ မက်ဆီမင်ရဲ့ဂိုးကြောင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်ကို ၁၄ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် တက်ရောက်သွားခဲ့ပြီး ဝက်စ်ဘရွန်းနဲ့ရင်ဆိုင်ရမယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

Masterbate လုပ္တဲ႔ပုံစံေအာင္ပြဲခံခဲ့တဲ႔ နယူးကာဆယ္ပရိသတ္ရဲ႕ဗီဒီယိုဖိုင္ပ်ံႏွံေန

အက္ဖ္ေအဖလားျပန္ကန္ပြဲစဥ္မွာ နယူးကာဆယ္က ေအာက္စဖို႔ဒ္ယူႏိုက္တက္ကို အခ်ိန္ပိုသြင္းဂိုးနဲ႔ေအာင္ပြဲခံကာ ေနာက္တစ္ဆင့္တက္သြားၿပီးေနာက္ နယူးကာဆယ္ပရိသတ္တစ္ဦးဟာ စိတ္လႈပ္ရွားလြန္းၿပီး သူ႔ရဲ႕လိင္တံကို ရမ္းကာေအာင္ပြဲခံခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ေအာင္ပြဲခံပုံကို ရုပ္သံကင္မရာတစ္ခုကေန အမွတတ္တမဲ႔ရိုက္ကူးမိခဲ့တာျဖစ္ပါတယ္။ ရိုက္ကူးမိခဲ့တဲ႔ရုပ္သံလိုင္းက BBC One ျဖစ္ၿပီးေနာက္ပိုင္းမွာ အြန္လိုင္းေပၚမွာလည္းပ်ံႏွံခဲ့ပါတယ္။ နယူးကာဆယ္ဟာ အိမ္ကြင္းကစားခဲ့တုန္းက ဂိုးမရွိသေရက်ခဲ့ေပမယ္႔ ေအာက္စ္ဖို႔ဒ္ရဲ႕ကြင္းမွာေတာ႔ မိနစ္ ၉၀ အတြင္း ၂-၂ သေရက်ခဲ့တာပါ။

ဒါေပမယ္႔အခ်ိန္ပို ၁၁၆ မိနစ္မွာေတာ႔ ျပင္သစ္ကြင္းလယ္လူ စိန္႔မက္ဆီမင္က အႏိုင္ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဒီအႏိုင္ဂိုးေၾကာင့္ ဧည့္သည္နယူးကာဆယ္ပရိသတ္ေတြ အျပင္းအထန္ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဒါေပမယ္႔လည္း ပရိသတ္တစ္ဦးကေတာ႔ အလြန္ထူးျခားစြာေအာင္ပြဲခံခဲ့တာကို ရုပ္သံကေနတစ္ဆင့္ေတြ႔လိုက္ၾကရပါတယ္။

သူဟာ ေဘးကအေဖာ္ေတြကို ေပြ႔ဖက္ႏႈတ္ဆက္ရမယ္႔အစား ေလွကားကေနတစ္ဆင့္ဆင္းလာၿပီး သူ႔ေဘာင္းဘီကိုခ်ြတ္လို႔ ငယ္ပါကိုထုတ္ျပကာ Masterbate လုပ္တဲ႔ပုံစံနဲ႔ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ ရုပ္သံျပအေႏွးျပန္ျပေတာ႔ အဲဒီသူရဲ႕ေအာင္ပြဲခံပုံကို သတိထားမိတဲ႔သူမ်ားျပားခဲ့ၿပီး ဒါနဲ႔ပတ္သက္လို႔ အင္စတာဂရမ္ေပၚမွာေဆြးေႏြးမႈေတြျပဳလုပ္ေနၾကတာကိုလည္း ေတြ႔ရပါတယ္။

တခ်ုဳိ႕ေတြက ဒါကိုေ၀ဖန္မႈေတြျပဳလုပ္ၾကသလို တခ်ဳိ႕ကလည္းေနာက္ေျပာင္တဲ႔သေဘာနဲ႔ေျပာဆိုေနၾကတာကို ေတြ႔ရပါတယ္။ နယူးကာဆယ္ဟာ မက္ဆီမင္ရဲ႕ဂိုးေၾကာင့္ အက္ဖ္ေအဖလားကြာတားဖိုင္နယ္အဆင့္ကို ၁၄ ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ တက္ေရာက္သြားခဲ့ၿပီး ၀က္စ္ဘရြန္းနဲ႔ရင္ဆိုင္ရမယ္လို႔ သိရပါတယ္။