Mask တပ်ပြီး ကစားဖို့က မဖြစ်နိုင်ကြောင်း ဂျာမန်ဒိုင်လူကြီးဟောင်းပြော

photo-allfootball

photo-the42

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြန်စဖို့စီစဉ်နေတဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကစာသမားတွေဘေးကင်းစေရေးအတွက် ဂျာမနီအလုပ်သမားဝန်ကြီးဌာနက Mask တပ်ပြီးကစားစေချင်တယ်ဆိုတာဟာ ဂျာမန်သတင်းစာတစ်စောင်ကနေတစ်ဆင့် ပေါက်ကြားခဲ့ပါတယ်။ အဲဒီမှာ Mask ကျွတ်ကျတာနဲ့ ပွဲကိုရပ်ဆိုင်းဖို့၊ ၁၅ မိနစ်တစ်ခါ Mask လဲဖို့ စတဲ့အသေးစိတ်အချက်အလက်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ဂျာမန်ဒိုင်လူကြီးဟောင်းတစ်ယောက်ဖြစ်တဲ့ ဘန်းဟေးနီမန်းကတော့ Mask တပ်ပြီးကစားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း ချက်နဲ့လက်နဲ့တကွ ပြောကြားလိုက်ပါတယ်။

photo-mirror

”အဲဒါဟာ မဖြစ်နိုင်ပါဘူး။ တန်ဖိုးရှိတဲ့အိုင်ဒီယာ ဒါမှမဟုတ် ဆီလျော်တဲ့အိုင်ဒီယာတစ်ခုတောင် မဟုတ်ပါဘူး။ ဒီလိုသာ Mask တပ်ပြီးကစားမယ်ဆိုရင် အသေးအမွှားကအစ ကြန့်ကြာမှုတွေကြောင့်  ပွဲတစ်ပွဲဟာ ၉ နာရီအထိ ကြာသွားနိုင်ပါတယ်။ ဒါဟာ လုံးဝကို လက်တွေ့မကျပါဘူး။ ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ်က စမ်းသပ်စစ်ဆေးမှုတွေပါဝင်တဲ့ အစီအစဉ်ကောင်းတစ်ခုတင်ပြထားတယ်လို့ ထင်ပါတယ်”လို့ ဂျာမန်ဒိုင်လူကြီးဟောင်းဟေးနီမန်းက သတင်းစာတစ်စောင်ကို ပြောခဲ့တာပါ။

photo-sportingrave

ပရိသတ်တွေမပါသလို ကစားသမားတွေအတွက် တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ်ကတော့ လာမယ့်မေလ ၉ ရက်နေ့မှာ ဘွန်ဒက်စ်လီဂါပြန်စဖို့ သူတို့အသင့်ဖြစ်နေပြီလို့ အတည်ပြုထားပါတယ်။ နောက်ဆုံးဆုံးဖြတ်မှုကိုတော့ လာမယ့်အပတ် ဘာလင်မြို့မှာတွေ့ဆုံကြမယ့် ဂျာမန်အဓိပတိမာကယ်နဲ့ ပြည်နယ်ခေါင်းဆောင်တွေက ပြုလုပ်ကြမှာပါ။

[Zawgyi]

Mask တပ္ၿပီး ကစားဖို႔က မျဖစ္ႏုိင္ေၾကာင္း ဂ်ာမန္ဒုိင္လူႀကီးေဟာင္းေျပာ

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ျပန္စဖို႔စီစဥ္ေနတဲ့ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲမွာ ကစာသမားေတြေဘးကင္းေစေရးအတြက္ ဂ်ာမနီအလုပ္သမား၀န္ႀကီးဌာနက Mask တပ္ၿပီးကစားေစခ်င္တယ္ဆိုတာဟာ ဂ်ာမန္သတင္းစာတစ္ေစာင္ကေနတစ္ဆင့္ ေပါက္ၾကားခဲ့ပါတယ္။ အဲဒီမွာ Mask ကၽြတ္က်တာနဲ႔ ပြဲကိုရပ္ဆိုင္းဖုိ႔၊ ၁၅ မိနစ္တစ္ခါ Mask လဲဖုိ႔ စတဲ့အေသးစိတ္အခ်က္အလက္ေတြလည္း ပါ၀င္ပါတယ္။ ဒါေပမဲ့ ဂ်ာမန္ဒို္င္လူႀကီးေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဘန္းေဟးနီမန္းကေတာ့ Mask တပ္ၿပီးကစားဖုိ႔ဆိုတာ မျဖစ္ႏိုင္ေၾကာင္း ခ်က္နဲ႔လက္နဲ႔တကြ ေျပာၾကားလိုက္ပါတယ္။

”အဲဒါဟာ မျဖစ္ႏိုင္ပါဘူး။ တန္ဖိုးရွိတဲ့အိုင္ဒီယာ ဒါမွမဟုတ္ ဆီေလ်ာ္တဲ့အိုင္ဒီယာတစ္ခုေတာင္ မဟုတ္ပါဘူး။ ဒီလိုသာ Mask တပ္ၿပီးကစားမယ္ဆုိရင္ အေသးအမႊားကအစ ၾကန္႔ၾကာမႈေတြေၾကာင့္  ပြဲတစ္ပြဲဟာ ၉ နာရီအထိ ၾကာသြားႏိုင္ပါတယ္။ ဒါဟာ လုံး၀ကို လက္ေတြ႕မက်ပါဘူး။ ဂ်ာမန္ေဘာလုံးလိဂ္အဖြဲ႔ခ်ဳပ္က စမ္းသပ္စစ္ေဆးမႈေတြပါ၀င္တဲ့ အစီအစဥ္ေကာင္းတစ္ခုတင္ျပထားတယ္လုိ႔ ထင္ပါတယ္”လုိ႔ ဂ်ာမန္ဒိုင္လူႀကီးေဟာင္းေဟးနီမန္းက သတင္းစာတစ္ေစာင္ကုိ ေျပာခဲ့တာပါ။

ပရိသတ္ေတြမပါသလို ကစားသမားေတြအတြက္ တင္းက်ပ္တဲ့စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အတူ ဂ်ာမန္ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္ကေတာ့ လာမယ့္ေမလ ၉ ရက္ေန႔မွာ ဘြန္ဒက္စ္လီဂါျပန္စဖို႔ သူတုိ႔အသင့္ျဖစ္ေနၿပီလို႔ အတည္ျပဳထားပါတယ္။ ေနာက္ဆုံးဆုံးျဖတ္မႈကိုေတာ့ လာမယ့္အပတ္ ဘာလင္ၿမိဳ႕မွာေတြ႕ဆုံၾကမယ့္ ဂ်ာမန္အဓိပတိမာကယ္နဲ႔ ျပည္နယ္ေခါင္းေဆာင္ေတြက ျပဳလုပ္ၾကမွာပါ။