အယူခံကောင်းလို့ အသက်ရှု ချောင်ခွင့်ရတဲ့ ဆိုးလ်ရှားနဲ့ ဝမ်ဘစ်ဆာကာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်ရဲ့ခံစစ်ပြဿနာမှာအေရွန်ဝမ်ဘစ်ဆာကာရဲ့ပွဲပယ်ပြစ်ဒဏ်လျှော့ချခံရမှုနဲ့အတူအနည်းငယ်လျှော့ပါးသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာဝမ်ဘစ်ဆာကာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်အားယူအီးအက်ဖ်အေထံသို့အယူခံဝင်ခဲ့ရာမှာအောင်မြင်မှုရရှိခဲ့ပြီးတစ်ပွဲပယ်အနေအထားကို လျှော့ချခြင်းခံခဲ့ရပါတယ်။
ယန်းဘွိုင်း ၂-၁ ယူနိုက်တက် ပွဲစဉ်မှာ တစ်ဖက်အသင်းရဲ့ ကစားသမား အပေါ် ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို
နှစ်ပွဲပယ် ပြစ်ဒဏ်ပါ ယူနိုက်တက် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကျခံခဲ့ရတာပါ။
ဝမ်ဘစ်ဆာကာဟာ ကနဦးမှာ တစ်ပွဲပယ်ပြစ်ဒဏ်သာ ကျခံခဲ့ရပေမယ့် ယူအီးအက်ဖ်အေ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဟာ
သူ့ရဲ့ပြစ်ဒဏ်ကျူးလွန်မှုကို ပြန်လည် ကြည့်ရှုပြီး ဘစ်ဆာကာအပေါ် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းက အဆိုပါ ထပ်တိုးပြစ်ဒဏ် အပေါ် ကျေနပ်မှုမရှိတာကြောင့်
ယူအီးအက်ဖ်အေကအေရွန်ဝမ်ဘစ်ဆာကာအားကြမ်းတမ်းစွာကစားတယ်ဆိုပြီးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့်ယူနိုက်တက်ဟာပီအက်စ်ဂျီနှင့်မန်စီးတီးတို့ပွဲတွင်ကီဗင်ဒီဘရိုင်းက ပြိုင်ဘက်ကစားသမားကို
အေဘရွန်ဝမ်ဘစ်ဆာကာ လိုမျိုး ပြိုင်ဘက်ကို နင်းခဲ့ပေမယ့် အဝါကတ်သာပြသခံခဲ့ရပုံနဲ့
ထောက်ပြကာအယူခံဝင်ခဲ့ရာအောင်မြင်မှုရရှိသွားခဲ့ပါတယ်။
ဒါကြောင့် ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းနဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်ကို ပါဝင် ကစားခွင့် ရခဲ့ပါတယ်။
လက်ရှိအချိန်တွင်ယူနိုက်တက်အသင်းဟာအဓိကဗဟိုနောက်ခံလူများဖြစ်တဲ့မက်ဂွိုင်းယားနှင့်ရာဖေးလ်ဗာရန်းတို့အားဆုံးရှုံးထားရကာဗဟိုခံစစ်ပြဿနာကြုံနေရပါတယ်။
ဆိုးလ်ရှားဟာလက်စတာနှင့်ပွဲစဉ်တွင်ဗဟိုခံစစ်မှာအဲရစ်ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ကိုအသုံးပြုသွားမှာဖြစ်ပြီးဖီးလ်ဂျုံးစ်ကိုအရန်စာရင်းမှာထည့်သွင်းလာဖို့ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi