‘ Manchester Is Red ‘ ဆိုတာကို သက်သေပြခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အသင်းက မန်စီးတီးအသင်းကို (၂)ဂိုးပြတ်အနိုင်ယူပြီး “မန်ချက်စတာမြို့ဟာ အနီရောင်တွေ လွှမ်းမိုးထားဆဲ”ဆိုတာ သက်သေပြခဲ့ပါတယ်။

ဒီပွဲမတိုင်ခင် မန်စီးတီးအသင်းက ပြိုင်ပွဲစုံ(၂၁)ပွဲဆက်အနိုင်၊ ပရီးမီးယားလိဂ်(၁၅)ပွဲဆက်အနိုင်၊ နောက်ဆုံး(၂၈)ပွဲဆက်ရှုံးပွဲမရှိတာကြောင့် မန်ချက်စတာဒါဘီပွဲမှာ ရလဒ်ကောင်းတစ်ခုရယူနိုင်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် သရေတောင်မရခဲ့ဘဲ အိမ်ကွင်းမှာ ယူနိုက်တက်အသင်းကို လက်ဆောင်(၃)မှတ်ပေးခဲ့ရတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်အသင်းရဲ့ ခြေစွမ်းပိုင်းကို သုံးသပ်ကြည့်ရင် နှစ်သင်းစလုံး အကောင်းကြီးမဟုတ်ခဲ့ပေမယ့် ယုံကြည်ချက်အပြည့်နဲ့ ကစားနိုင်တဲ့ ယူနိုက်တက်အသင်းက အသာရသွားတယ်လို့ပြောရမယ်။ ယူနိုက်တက်အသင်းဟာ အောက်အသင်းအဖြစ် သတ်မှတ်ခံရရင် အမြဲတမ်း မထင်မှတ်တာတွေလုပ်ပြလေ့ရှိပြီး ကိုယ်ကအပေါ်အသင်းဖြစ်နေရင်တော့ မကြာခဏဆိုသလို အမှတ်တွေ ဆုံးရှုံးလေ့ရှိတဲ့ပြဿနာကို အမြန်ဆုံးပြင်ဆင်သင့်နေပါပြီ။

ဒီပွဲမှာတော့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ခင်းကျင်းခဲ့တဲ့နည်းဗျူဟာကိုတော့ ချီးကျူးရမှာပါ။ ဆိုးလ်ရှားက တစ်ဦးချင်း Skill ကောင်းတဲ့ မန်စီးတီးတိုက်စစ်ကစားသမားတွေကို One By One Marking လုပ်တာထက် သူတို့အချင်းချင်း ချိတ်ဆက်လို့မရအောင် ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်ကစားဖို့ သူ့ကစားသမားတွေကို ညွှန်ကြားထားပုံပါပဲ။

အဲဒါကြောင့် ယူနိုက်တက်ကွင်းဘက်ခြမ်းမှာ မန်စီးတီးကစားသမားတွေ ဘောလုံးပေးပို့မှုလုပ်တဲ့အကြိမ်အများစုက ဂိုးရှေ့ရောက်တာနည်းပြီး ယူနိုက်တက်ကစားသမားတွေ မကြာခဏဖြတ်ယူသွားနိုင်တာကိုလည်း တွေ့ရမှာပါ။

မန်စီးတီးနဲ့တွေ့တိုင်း စတာလင်ကို အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့တဲ့ ဘစ်ဆာကာဟာ အခုပွဲမှာလည်း ထုံးစံအတိုင်း စတာလင်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး တွမ်မီနေး၊ ဖရက်ဒ်တို့ရဲ့ ကစားအားကြောင့် မန်စီးတီးတိုက်စစ်ကစားပုံက အရင်လောက်မထက်မြက်ခဲ့ဘူး။

ပြိုင်ဘက်ခံစစ်မှာ လွတ်နေတဲ့ Channel တွေကနေ Attacking လုပ်ပြီး ဂိုးတွေသွင်းနေတဲ့ ဂွမ်ဒိုဂန်လည်း ယူနိုက်တက်အသင်းရဲ့ Tight Defensive Play ကြောင့် ခြေချုပ်မိသလိုဖြစ်သွားတော့တယ်။ ဒီကြားထဲ တိုက်စစ်အတွက် အဓိကအသက်သွေးကြောလို့ပြောရမယ့် ဒီဘရိုင်းနားက လူပေးမှားတာတွေဖြစ်ခဲ့သလို၊ ပုံမှန်စွမ်းဆောင်ရည်မရှိတဲ့အခါ မန်စီးတီးတိုက်စစ် Frame တစ်ခုလုံး အလွဲလွဲအချော်ချော်ဖြစ်သွားတော့တာပါပဲ။

ယူနိုက်တက်အတွက် ကံကောင်းခဲ့တာတစ်ခုကလည်း ပွဲစလို့ စက္ကန့်ပိုင်းအကြာမှာ ပယ်နယ်တီကနေ ဂိုးရခဲ့တာဖြစ်ပြီး အဲဒီဦးဆောင်ဂိုးကြောင့် ယူနိုက်တက်အသင်း ခံစစ်ကို အသေအချာပြင်ဆင်ခွင့်ရခဲ့သလို မန်စီးတီးအသင်းအတွက်လည်း ချေပဂိုးရမယ်ဖြစ်မယ်ဆိုတဲ့ ဖိအားပါ ဝင်သွားခဲ့တယ်။

ယူနိုက်တက်အသင်းရဲ့ တစ်ပွဲလုံးခြေစွမ်းကို ကြည့်ရင် ခံစစ်မှာ နည်းဗျူဟာမြောက်ကစားနိုင်ခဲ့သလို သူတို့အားသန်တဲ့ Counter Attacking ကို ကောင်းကောင်းအသုံးချနိုင်ခဲ့လို့ အခုလိုနိုင်ပွဲရခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲမှာ ဂွါဒီယိုလာရဲ့ လူထုတ်ပုံက ပုံမှန်အတိုင်းဆိုပေမယ့် ဝေဖန်ချင်စရာတော့ရှိခဲ့တယ်။ ဥပမာ ယူနိုက်တက်အသင်းရဲ့ အားအကောင်းဆုံး ဘယ်ခြမ်းတိုက်စစ်ပိုင်းကို ထိန်းချုပ်ဖို့အတွက် ဝေါ်လ်ကာလို Physically Strong ဖြစ်ပြီး ပြေးအားကောင်း၊ တိုက်စစ်ကိုလည်း ပံ့ပိုးပေးနိုင်တဲ့သူကို စောစောစီးစီး ထည့်မသုံးခဲ့တာပါပဲ။

ထုံးစံအတိုင်း ကန်ဆယ်လိုကို ဦးစားပေးအသုံးပြုခဲ့တာက အပြစ်ပြောစရာမရှိပေမယ့် ကန်ဆယ်လိုဟာ ဒီပွဲမှာခြေစွမ်းပျောက်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ဘယ်ခြမ်းကနေပဲ အဓိကတိုက်စစ်ဆင်ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လျှော့ရမယ့်အနေအထားမျိုးရောက်နေပေမယ့် နိုင်ပွဲဆက်စံချိန်ရနေတဲ့ မန်စီးတီးကို ရပ်တန့်ချင်တဲ့ဆန္ဒပြင်းပြနေတာရယ်၊ ချန်ပီယံဆုကို မန်စီးတီးအသင်း လွယ်လွယ်ကူကူ မရစေရဘူးဆိုတာ သက်သေပြချင်တဲ့စိတ်ဓာတ်တွေကြောင့် အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားသွားခဲ့တာပါပဲ။

ယူနိုက်တက်အသင်းဟာ ပြိုင်ဘက်အသင်းရဲ့ စံချိန်တွေကို ရပ်တန့်နိုင်လေ့ရှိတာက အခုမှမဟုတ်ပါဘူး။ ၂၀၀၄-၀၅ ရာသီတုန်းက အာဆင်နယ်အသင်းရဲ့ လိဂ်ပြိုင်ပွဲ(၄၉)ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းကို ရပ်တန့်နိုင်ခဲ့သလို ၂၀၀၅-၀၆ ရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲ(၄၀)ဆက်တိုက် ရှုံးပွဲမရှိတဲ့ ချယ်လ်ဆီးအသင်းကို ဖလက်ချာရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အနိုင်ယူပြီး ရပ်တန့်နိုင်ခဲ့တယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ ပြဿနာက ပွဲကြီးတွေဆိုရင် စွမ်းဆောင်ရည်ကောင်းပေမယ့် ခံစစ်ကို ပိတ်ကစားတဲ့အသင်းငယ်တွေနဲ့ဆို ရုန်းကန်ရလေ့ရှိပြီး အဲဒီအချက်ကြောင့်ပဲ သူတို့ရဲ့ တစ်ကျော့ပြန်ပရီးမီးယားလိဂ်အိပ်မက်က မသေချာဖြစ်သွားခဲ့တာပါ။

ဒါပေမဲ့လည်း ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်အသင်းစွမ်းဆောင်ရည်က တဖြည်းဖြည်းနဲ့အပေါင်းလက္ခဏာဆောင်လာတာတော့ အမှန်ပဲဖြစ်သလို အရင်လို အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မဝေးတော့ဘူးလို့ ပြောရတော့မှာဖြစ်ပါတယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

‘ Manchester Is Red ‘ ဆိုတာကို သက္ေသျပခဲ့တဲ့ ယူႏိုက္တက္

မေန႔က ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ ယူႏိုက္တက္အသင္းက မန္စီးတီးအသင္းကို (၂)ဂိုးျပတ္အႏိုင္ယူၿပီး “မန္ခ်က္စတာၿမိဳ႕ဟာ အနီေရာင္ေတြ လႊမ္းမိုးထားဆဲ”ဆိုတာ သက္ေသျပခဲ့ပါတယ္။ ဒီပြဲမတိုင္ခင္ မန္စီးတီးအသင္းက ၿပိဳင္ပြဲစုံ(၂၁)ပြဲဆက္အႏိုင္၊ ပရီးမီးယားလိဂ္(၁၅)ပြဲဆက္အႏိုင္၊ ေနာက္ဆုံး(၂၈)ပြဲဆက္ရႈံးပြဲမရွိတာေၾကာင့္ မန္ခ်က္စတာဒါဘီပြဲမွာ ရလဒ္ေကာင္းတစ္ခုရယူႏိုင္မယ္လို႔ ထင္ေၾကးေပးခံခဲ့ရေပမယ့္ သေရေတာင္မရခဲ့ဘဲ အိမ္ကြင္းမွာ ယူႏိုက္တက္အသင္းကို လက္ေဆာင္(၃)မွတ္ေပးခဲ့ရတယ္။ ဒီပြဲနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္အသင္းရဲ႕ ေျခစြမ္းပိုင္းကို သုံးသပ္ၾကည့္ရင္ ႏွစ္သင္းစလုံး အေကာင္းႀကီးမဟုတ္ခဲ့ေပမယ့္ ယုံၾကည္ခ်က္အျပည့္နဲ႔ ကစားႏိုင္တဲ့ ယူႏိုက္တက္အသင္းက အသာရသြားတယ္လို႔ေျပာရမယ္။ ယူႏိုက္တက္အသင္းဟာ ေအာက္အသင္းအျဖစ္ သတ္မွတ္ခံရရင္ အၿမဲတမ္း မထင္မွတ္တာေတြလုပ္ျပေလ့ရွိၿပီး ကိုယ္ကအေပၚအသင္းျဖစ္ေနရင္ေတာ့ မၾကာခဏဆိုသလို အမွတ္ေတြ ဆုံးရႈံးေလ့ရွိတဲ့ျပႆနာကို အျမန္ဆုံးျပင္ဆင္သင့္ေနပါၿပီ။

ဒီပြဲမွာေတာ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား ခင္းက်င္းခဲ့တဲ့နည္းဗ်ဴဟာကိုေတာ့ ခ်ီးက်ဴးရမွာပါ။ ဆိုးလ္ရွားက တစ္ဦးခ်င္း Skill ေကာင္းတဲ့ မန္စီးတီးတိုက္စစ္ကစားသမားေတြကို One By One Marking လုပ္တာထက္ သူတို႔အခ်င္းခ်င္း ခ်ိတ္ဆက္လို႔မရေအာင္ ေဘာလုံးလမ္းေၾကာင္းေတြကို ျဖတ္ေတာက္ကစားဖို႔ သူ႔ကစားသမားေတြကို ၫႊန္ၾကားထားပုံပါပဲ။ အဲဒါေၾကာင့္ ယူႏိုက္တက္ကြင္းဘက္ျခမ္းမွာ မန္စီးတီးကစားသမားေတြ ေဘာလုံးေပးပို႔မႈလုပ္တဲ့အႀကိမ္အမ်ားစုက ဂိုးေရွ႕ေရာက္တာနည္းၿပီး ယူႏိုက္တက္ကစားသမားေတြ မၾကာခဏျဖတ္ယူသြားႏိုင္တာကိုလည္း ေတြ႕ရမွာပါ။ မန္စီးတီးနဲ႔ေတြ႕တိုင္း စတာလင္ကို အိတ္ကပ္ထဲထည့္ထားႏိုင္ခဲ့တဲ့ ဘစ္ဆာကာဟာ အခုပြဲမွာလည္း ထုံးစံအတိုင္း စတာလင္ကို အေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး တြမ္မီေနး၊ ဖရက္ဒ္တို႔ရဲ႕ ကစားအားေၾကာင့္ မန္စီးတီးတိုက္စစ္ကစားပုံက အရင္ေလာက္မထက္ျမက္ခဲ့ဘူး။ ၿပိဳင္ဘက္ခံစစ္မွာ လြတ္ေနတဲ့ Channel ေတြကေန Attacking လုပ္ၿပီး ဂိုးေတြသြင္းေနတဲ့ ဂြမ္ဒိုဂန္လည္း ယူႏိုက္တက္အသင္းရဲ႕ Tight Defensive Play ေၾကာင့္ ေျခခ်ဳပ္မိသလိုျဖစ္သြားေတာ့တယ္။ ဒီၾကားထဲ တိုက္စစ္အတြက္ အဓိကအသက္ေသြးေၾကာလို႔ေျပာရမယ့္ ဒီဘ႐ိုင္းနားက လူေပးမွားတာေတြျဖစ္ခဲ့သလို၊ ပုံမွန္စြမ္းေဆာင္ရည္မရွိတဲ့အခါ မန္စီးတီးတိုက္စစ္ Frame တစ္ခုလုံး အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္သြားေတာ့တာပါပဲ။ ယူႏိုက္တက္အတြက္ ကံေကာင္းခဲ့တာတစ္ခုကလည္း ပြဲစလို႔ စကၠန႔္ပိုင္းအၾကာမွာ ပယ္နယ္တီကေန ဂိုးရခဲ့တာျဖစ္ၿပီး အဲဒီဦးေဆာင္ဂိုးေၾကာင့္ ယူႏိုက္တက္အသင္း ခံစစ္ကို အေသအခ်ာျပင္ဆင္ခြင့္ရခဲ့သလို မန္စီးတီးအသင္းအတြက္လည္း ေခ်ပဂိုးရမယ္ျဖစ္မယ္ဆိုတဲ့ ဖိအားပါ ဝင္သြားခဲ့တယ္။ ယူႏိုက္တက္အသင္းရဲ႕ တစ္ပြဲလုံးေျခစြမ္းကို ၾကည့္ရင္ ခံစစ္မွာ နည္းဗ်ဴဟာေျမာက္ကစားႏိုင္ခဲ့သလို သူတို႔အားသန္တဲ့ Counter Attacking ကို ေကာင္းေကာင္းအသုံးခ်ႏိုင္ခဲ့လို႔ အခုလိုႏိုင္ပြဲရခဲ့တာပဲျဖစ္ပါတယ္။

ဒီပြဲမွာ ဂြါဒီယိုလာရဲ႕ လူထုတ္ပုံက ပုံမွန္အတိုင္းဆိုေပမယ့္ ေဝဖန္ခ်င္စရာေတာ့ရွိခဲ့တယ္။ ဥပမာ ယူႏိုက္တက္အသင္းရဲ႕ အားအေကာင္းဆုံး ဘယ္ျခမ္းတိုက္စစ္ပိုင္းကို ထိန္းခ်ဳပ္ဖို႔အတြက္ ေဝၚလ္ကာလို Physically Strong ျဖစ္ၿပီး ေျပးအားေကာင္း၊ တိုက္စစ္ကိုလည္း ပံ့ပိုးေပးႏိုင္တဲ့သူကို ေစာေစာစီးစီး ထည့္မသုံးခဲ့တာပါပဲ။ ထုံးစံအတိုင္း ကန္ဆယ္လိုကို ဦးစားေပးအသုံးျပဳခဲ့တာက အျပစ္ေျပာစရာမရွိေပမယ့္ ကန္ဆယ္လိုဟာ ဒီပြဲမွာေျခစြမ္းေပ်ာက္ေနတာေၾကာင့္ ယူႏိုက္တက္အသင္းဟာ ဘယ္ျခမ္းကေနပဲ အဓိကတိုက္စစ္ဆင္ၿပီး ဂိုးေတြသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္ေလွ်ာ့ရမယ့္အေနအထားမ်ိဳးေရာက္ေနေပမယ့္ ႏိုင္ပြဲဆက္စံခ်ိန္ရေနတဲ့ မန္စီးတီးကို ရပ္တန႔္ခ်င္တဲ့ဆႏၵျပင္းျပေနတာရယ္၊ ခ်န္ပီယံဆုကို မန္စီးတီးအသင္း လြယ္လြယ္ကူကူ မရေစရဘူးဆိုတာ သက္ေသျပခ်င္တဲ့စိတ္ဓာတ္ေတြေၾကာင့္ အာ႐ုံစူးစိုက္မႈအျပည့္နဲ႔ ကစားသြားခဲ့တာပါပဲ။

ယူႏိုက္တက္အသင္းဟာ ၿပိဳင္ဘက္အသင္းရဲ႕ စံခ်ိန္ေတြကို ရပ္တန႔္ႏိုင္ေလ့ရွိတာက အခုမွမဟုတ္ပါဘူး။ ၂၀၀၄-၀၅ ရာသီတုန္းက အာဆင္နယ္အသင္းရဲ႕ လိဂ္ၿပိဳင္ပြဲ(၄၉)ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့သလို ၂၀၀၅-၀၆ ရာသီမွာလည္း ပရီးမီးယားလိဂ္ပြဲ(၄၀)ဆက္တိုက္ ရႈံးပြဲမရွိတဲ့ ခ်ယ္လ္ဆီးအသင္းကို ဖလက္ခ်ာရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးနဲ႔ အႏိုင္ယူၿပီး ရပ္တန႔္ႏိုင္ခဲ့တယ္။ ဒီရာသီမွာ ယူႏိုက္တက္အသင္းရဲ႕ ျပႆနာက ပြဲႀကီးေတြဆိုရင္ စြမ္းေဆာင္ရည္ေကာင္းေပမယ့္ ခံစစ္ကို ပိတ္ကစားတဲ့အသင္းငယ္ေတြနဲ႔ဆို ႐ုန္းကန္ရေလ့ရွိၿပီး အဲဒီအခ်က္ေၾကာင့္ပဲ သူတို႔ရဲ႕ တစ္ေက်ာ့ျပန္ပရီးမီးယားလိဂ္အိပ္မက္က မေသခ်ာျဖစ္သြားခဲ့တာပါ။ ဒါေပမဲ့လည္း ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္အသင္းစြမ္းေဆာင္ရည္က တျဖည္းျဖည္းနဲ႔အေပါင္းလကၡဏာေဆာင္လာတာေတာ့ အမွန္ပဲျဖစ္သလို အရင္လို ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ မေဝးေတာ့ဘူးလို႔ ေျပာရေတာ့မွာျဖစ္ပါတယ္ . . .