
Photo Credit

လေ့လာသင်ယူရဦးမယ့် ဝမ်ဘစ်ဆာကာ
ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ်ရဲ့လက်မောင်းနဲ့ထိတယ်ဆိုပြီး ပင်နယ်တီပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဓိကပြောစရာဖြစ်ခဲ့တာက Final Third Zone မှာ အခွင့်အရေးတွေ ရအောင်မယူနိုင်ခဲ့တာပါပဲ။ ဒါက ဒီရာသီယူနိုက်တက်အသင်း အဓိကရင်ဆိုင်နေရတဲ့ပြဿနာတစ်ရပ်ဖြစ်ပြီး ဘရိုက်တန်နဲ့ပွဲမှာလည်း ညာတောင်ပံက ဝမ်ဘစ်ဆာကာရဲ့ပူးပေါင်းပါဝင်မှုက ထိရောက်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းကတော့ လိုအပ်ချက်တွေရှိနေပါတယ်။

ဝမ်ဘစ်ဆာကာဟာ ငယ်ရွယ်သေးသလို အခုထိလေ့လာသင်ယူနေရဆဲဖြစ်ပေမယ့် အခုချိန်အထိ ယူနိုက်တက်အတွက် ဂိုးမသွင်းနိုင်သေးသလို ဂိုးဖန်တီးမှုလည်းမပြုလုပ်နိုင်သေးပါဘူး။ အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာနိုးလ်က ဒီရာသီမှာ ၁ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု ၄ကြိမ်အထိပြုလုပ်ပေးထားပါတယ်။ ဝမ်ဘစ်ဆာကာမှာ တခြားသောအရည်အချင်းကောင်းတွေ အများအပြားရှိပေမယ့် ကလပ်နဲ့နိုင်ငံအသင်းတု့ိမှာ အရေးပါတဲ့ညာနောက်ခံလူအဖြစ် ပုံမှန်ပါဝင်ခွင့်ရချင်ရင်တော့ Final Third Zone မှာ ဒီထက်ပိုတိုးတက်လာဖို့ လိုအပ်နေပါတယ်။

ဒန်ဘန်း လောင်ကျွမ်းခြင်း
ဘရိုက်တန်နည်းပြ ပေါ့တာဟာ ဒီရာသီမှာ နည်းစနစ်အပြောင်းအလဲတွေနဲ့အတူ အသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်ပေမယ့် ဒီပွဲမှာ ဒန်ဘန်းကို ဘယ်နောက်ခံလူအဖြစ် ထားကစားခဲ့ရတာကတော့ အမှားဖြစ်သွားပါတယ်။ အရပ် ၆ ပေ၊ ၆လက်မရှိ ဘန်းဟာ ပြိုင်ဘက်ညာတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို တစ်ချိန်လုံးမထိန်းနိုင်ခဲ့ဘဲ မကြာခဏပေါက်ထွက်နေခဲ့ပါတယ်။

အချိန်ယူနေရဆဲ VAR
ဒီပွဲမှာလည်း VAR က လူပြောများစရာဖြစ်ခဲ့ပြီး ဖြစ်ရပ်အများအပြားကို VAR နဲ့ ပြန်ကြည့်ခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တက်ရဲ့ဒုတိယမြောက်ဂိုးကို အတည်ပြုဖို့အတွက် VAR က အချိန်ယူတာ ၂ မိနစ်ကျော်တောင် ကြာခဲ့ပါတယ်။

အထူးသဖြင့် VAR ကြည့်နေချိန်ကို စောင့်ဆိုင်းရတာက ကစားသမားတွေရော ပရိသတ်တွေကိုပါ ပိုမိုစိတ်ပျက်စေပြီး ၁မိနစ်အတွင်း ဘာဖြစ်လို့ရအောင်မကြည့်နိုင်ရတာလဲဆိုတဲ့မေးခွန်းလည်း ကျယ်ပြန့်စွာထွက်ပေါ်လာပါတယ်။

မာရှယ်ယူဆောင်တဲ့ခြိမ်းခြောက်မှု
သူကတော့ အဲဒီပွဲမှာဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မာရှယ်ဟာ ဒဏ်ရာကြောင့် သူ အနားယူနေရချိန်မှာ ယူနိုက်တက်အသင်း ဘာတွေလွမ်းခဲ့ရတာလဲဆိုတာ အတိအကျသက်သေပြခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်၊ ရက်ရှ်ဖို့်ဒ်တို့နဲ့အတူ လျင်မြန်တဲ့ပြေးနှုန်းတွေကို ပြိုင်ဘက်အသင်းက မထိန်းချုပ်နိုင်ခဲ့ပါဘူး။

အထူးသဖြင့် ဘရိုက်တန်အသင်း ၂-၁ ဂိုးဖြစ်စေမယ့် ချေပဂိုးသွင်းယူပြီးနောက် ဒုတိယမြောက်ချေပဂိုးရဖို့ ကြိုးစားချင်စိတ်တွေ ပျောက်သွားစေတဲ့ တတိယမြောက်ဂိုးရရှိခဲ့ရာမှာ မာရှယ်ရဲ့အခန်းဂဏ္ဍက အဓိကနေရာကနေပါဝင်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်အတွက် အိုးလ်ထရက်ဖို့ဒ်မှာ သူပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ပွဲမှာ ၆ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဘရိုက်တန်အတွက် တောက်ပတဲ့နေ့ရက်များ
ဒီပွဲက ဘရိုက်တန်ရဲ့နေ့မဟုတ်ခဲ့တာမှန်ပေမယ့် တောင့်တင်းတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရာမှာ ခြိမ်းခြောက်နိုင်တယ်ဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။ နည်းပြဟောင်း ခရစ္စဟောက်တန်လက်ထက်တုန်းကလိုပဲ အဝေးကွင်းမှာ ဆက်လက်ရုန်းကန်နေရပေမယ့် ခံစစ်ပိုင်းကိုသာပြင်ဆင်နိုင်ခဲ့ရင် အချိန်မရွေးအကောင်းဘက်ကို လှည့်လာနိုင်ပါတယ်။

Zawgyi
ယူႏိုက္တက္ ၃-၁ ဘ႐ိုက္တန္ပြဲမွ ေျပာစရာျဖစ္ခဲ့တဲ့အေၾကာင္းေလးေတြ
ေလ့လာသင္ယူရဦးမယ့္ ၀မ္ဘစ္ဆာကာ
ယူႏိုက္တက္ဟာ ပထမပိုင္းမွာ ဘ႐ိုက္တန္ေနာက္ခံလူ လူး၀စ္ဒန္႔ခ္ရဲ႕လက္ေမာင္းနဲ႔ထိတယ္ဆုိၿပီး ပင္နယ္တီေပးဖို႔ ေတာင္းဆုိခဲ့ေပမယ့္ အဓိကေျပာစရာျဖစ္ခဲ့တာက Final Third Zone မွာ အခြင့္အေရးေတြ ရေအာင္မယူႏုိင္ခဲ့တာပါပဲ။ ဒါက ဒီရာသီယူႏိုက္တက္အသင္း အဓိကရင္ဆုိင္ေနရတဲ့ျပႆနာတစ္ရပ္ျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာလည္း ညာေတာင္ပံက ၀မ္ဘစ္ဆာကာရဲ႕ပူးေပါင္းပါ၀င္မႈက ထိေရာက္ခဲ့ေပမယ့္ အဆုံးသတ္ပိုင္းကေတာ့ လိုအပ္ခ်က္ေတြရွိေနပါတယ္။ ၀မ္ဘစ္ဆာကာဟာ ငယ္ရြယ္ေသးသလုိ အခုထိေလ့လာသင္ယူေနရဆဲျဖစ္ေပမယ့္ အခုခ်ိန္အထိ ယူႏိုက္တက္အတြက္ ဂိုးမသြင္းႏုိင္ေသးသလုိ ဂိုးဖန္တီးမႈလည္းမျပဳလုပ္ႏုိင္ေသးပါဘူး။ အဂၤလန္အသင္းမွာ ပြဲထြက္ခြင့္ရဖို႔ အဓိကၿပိဳင္ဘက္ ျဖစ္တဲ့ အာႏိုးလ္က ဒီရာသီမွာ ၁ဂိုးသြင္းယူထားသလုိ ဂိုးဖန္တီးမႈ ၄ႀကိမ္အထိျပဳလုပ္ေပးထားပါတယ္။ ၀မ္ဘစ္ဆာကာ မွာ တျခားေသာအရည္အခ်င္းေကာင္းေတြ အမ်ားအျပားရွိေပမယ့္ ကလပ္နဲ႔ႏိုင္ငံအသင္းတု႔ိမွာ အေရးပါတဲ့ ညာ ေနာက္ခံလူ အျဖစ္ ပုံမွန္ပါ၀င္ခြင့္ရခ်င္ရင္ေတာ့ Final Third Zone မွာ ဒီထက္ပိုတုိးတက္လာဖို႔ လိုအပ္ေနပါတယ္။
ဒန္ဘန္း ေလာင္ကၽြမ္းျခင္း
ဘ႐ိုက္တန္နည္းျပ ေပါ့တာဟာ ဒီရာသီမွာ နည္းစနစ္အေျပာင္းအလဲေတြနဲ႔အတူ အသင္းကို ရလဒ္ေကာင္းေတြ ရယူေပးႏုိင္ေပမယ့္ ဒီပြဲမွာ ဒန္ဘန္းကို ဘယ္ေနာက္ခံလူအျဖစ္ ထားကစားခဲ့ရတာကေတာ့ အမွားျဖစ္သြားပါတယ္။ အရပ္ ၆ ေပ၊ ၆လက္မရွိ ဘန္းဟာ ၿပိဳင္ဘက္ညာေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကို တစ္ခ်ိန္လုံးမထိန္းႏိုင္ခဲ့ဘဲ မၾကာခဏေပါက္ထြက္ေနခဲ့ပါတယ္။
အခ်ိန္ယူေနရဆဲ VAR
ဒီပြဲမွာလည္း VAR က လူေျပာမ်ားစရာျဖစ္ခဲ့ၿပီး ျဖစ္ရပ္အမ်ားအျပားကို VAR နဲ႔ ျပန္ၾကည့္ခဲ့ပါတယ္။ အထူးသျဖင့္ ယူႏုိက္တက္ရဲ႕ဒုတိယေျမာက္ဂိုးကို အတည္ျပဳဖုိ႔အတြက္ VAR က အခ်ိန္ယူတာ ၂ မိနစ္ေက်ာ္ေတာင္ ၾကာခဲ့ပါတယ္။
အထူးသျဖင့္ VAR ၾကည့္ေနခ်ိန္ကို ေစာင့္ဆုိင္းရတာက ကစားသမားေတြေရာ ပရိသတ္ေတြကိုပါ ပိုမိုစိတ္ပ်က္ေစၿပီး ၁မိနစ္အတြင္း ဘာျဖစ္လုိ႔ရေအာင္မၾကည့္ႏိုင္ရတာလဲဆုိတ့ဲေမးခြန္းလည္း က်ယ္ျပန္႔စြာထြက္ေပၚလာပါတယ္။
မာရွယ္ယူေဆာင္တဲ့ၿခိမ္းေျခာက္မႈ
သူကေတာ့ အဲဒီပြဲမွာဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ မာရွယ္ဟာ ဒဏ္ရာေၾကာင့္ သူ အနားယူေနရခ်ိန္မွာ ယူႏုိက္တက္အသင္း ဘာေတြလြမ္းခဲ့ရတာလဲဆုိတာ အတိအက်သက္ေသျပခဲ့ၿပီး ဒန္နီရယ္ဂ်ိမ္းစ္၊ ရက္ရွ္ဖို္႔ဒ္တုိ႔နဲ႔အတူ လ်င္ျမန္တဲ့ေျပးႏႈန္းေတြကို ၿပိဳင္ဘက္အသင္းက မထိန္းခ်ဳပ္ႏုိင္ခဲ့ပါဘူး။ အထူးသျဖင့္ ဘ႐ိုက္တန္အသင္း ၂-၁ ဂိုးျဖစ္ေစမယ့္ ေခ်ပဂိုးသြင္းယူၿပီးေနာက္ ဒုတိယေျမာက္ေခ်ပဂိုးရဖို႔ ႀကိဳးစားခ်င္စိတ္ေတြ ေပ်ာက္သြားေစတဲ့ တတိယေျမာက္ ဂုိးရရွိခဲ့ရာမွာ မာရွယ္ရဲ႕အခန္းဂ႑က အဓိကေနရာကေနပါ၀င္ခဲ့ပါတယ္။ သူဟာ ယူႏုိက္တက္အတြက္ အုိးလ္ထရက္ဖုိ႔ဒ္မွာ သူပါ၀င္ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၁၃ပြဲမွာ ၆ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၆ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ဘ႐ိုက္တန္အတြက္ ေတာက္ပတဲ့ေန႔ရက္မ်ား
ဒီပဲြက ဘ႐ိုက္တန္ရဲ႕ေန႔မဟုတ္ခဲ့တာမွန္ေပမယ့္ ေတာင့္တင္းတဲ့ၿပိဳင္ဘက္နဲ႔ရင္ဆုိင္ရာမွာ ၿခိမ္းေျခာက္ႏိုင္တယ္ ဆုိတာ ကိုေတာ့ သက္ေသျပႏုိင္ခဲ့ပါတယ္။ နည္းျပေဟာင္း ခရစၥေဟာက္တန္လက္ထက္တုန္းကလုိပဲ အေ၀းကြင္းမွာ ဆက္လက္ ႐ုန္းကန္ေနရေပမယ့္ ခံစစ္ပိုင္းကိုသာျပင္ဆင္ႏိုင္ခ့ဲရင္ အခ်ိန္မေရြးအေကာင္းဘက္ကို လွည့္လာႏုိင္ပါတယ္။