မာရှယ်ရဲ့ဖန်တီးပေးမှုတွေနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့မန်ယူ

ဘုန်းမောက်ကိုရှုံးခဲ့လို့ ဖိအားများနေတဲ့မန်ယူဟာ ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူပြီး အဆင့်၇အထိ တက်လာပါတယ်။ ဆိုးလ်ရှားဟာ မာရှယ်ကို အထောင်ထားပြီး ဒန်နီရယ်ဂျိမ်းစ်နဲ့ ရက်ရှ်ဖို့ဒ်ကို တောင်ပံကနေတိုက်စစ်ဆင်စေတဲ့ ၄-၂-၃-၁ကစားကွက်ကိုပဲ ဆက်သုံးခဲ့ပါတယ်။

ဘုန်းမောက်ပွဲမှာအလုပ်မဖြစ်ခဲ့တဲ့ သူတို့၃ဦးဟာ ဒီပွဲမှာတော့ နားလည်မှုအားကောင်းကောင်းနဲ့ကစားနိုင်ခဲ့ပြီး ဘရိုက်တန်ခံစစ်ကိုဖိအားပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မာရှယ်အထူးခြေစွမ်းပြခဲ့ပြီး ဘရိုက်တန်ခံစစ်ကို တစ်ပွဲလုံးနီးပါး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့အမြန်နှုန်းကို ဘရိုက်တန်နောက်ခံလူတွေ မထိန်းနိုင်ခဲ့ဘဲရက်ရှ်ဖို့ဒ်အတွက်လည်း နေရာလွတ်တွေအများကြီးဖန်တီးပေးနိုင်ခဲ့တယ်။ ပွဲချိန် ၁၇မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး မာရှယ်ရဲ့အနီးကပ်ပေးပို့မှုကို ပါရဲရားက ပိတ်သွင်းယူခဲ့တာပါ။

သူ့ရဲ့ကန်ချက်ဟာ ဘရိုက်တန်ကွင်းလယ်လူ စတီဖန်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။ နောက် ၄မိနစ်အကြာမှာပဲ မန်ယူ ဒုတိယဂိုးရခဲ့ပြီး ဘရိုက်တန်ကွင်းလယ်လူ ပရော့ပါးကဂိုးရှေ့မှာ ရှုပ်ယှက်ခက်နေတဲ့ကြားထဲကနေ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ခဲ့ပေမယ့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

မန်ယူဟာ နောက်ပိုင်းမှာလည်း ဂိုးသွင်းခွုင့်တွေအများကြီးရခဲ့ပေမယ့် အဆုံးသတ်မသေချာမှုကြောင့် နောက်ထပ်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း ၆၄မိနစ်မှာတော့ဘရိုက်တန်နောက်ခံလူ လူးဝစ်ဒန့်ခ်က ပါစကယ်ဂရော့စ်ရဲ့ဖြတ်တင်ဘောကိုခေါင်းတိုက်ပြီး ချေပဂိုးသွင်းယူပေးခဲ့တယ်။

ဒါပေမဲ့ ၂မိနစ်အကြာမှာပဲ မာရှယ်ရဲ့ပေးပို့မှုကနေပဲရက်ရှ်ဖို့ဒ်က အနီးကပ်အပြင်းကန်သွင်းပြီး မန်ယူအတွက်အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့တယ်။ မာရှယ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၁၃ပွဲမှာ၆ဂိုးသွင်း၊ ၆ဂိုးဖန်တီးနိုင်ခဲ့ပြီး သူ ဒဏ်ရာရနေစဉ်က အသင်းမှာပျောက်ဆုံးနေခဲ့တဲ့ ဂိုးရဖို့ဖန်တီးနိုင်စွမ်းအားနည်းမှုကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မန်ယူဟာ ဂိုးသွင်းခွင့် ၂၁ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက် ၁၁ကြိမ်ရခဲ့တာမို့ အဆုံးသတ်သေချာမယ်ဆိုရင် ဒီထက် ဂိုးပိုပြတ်သင့်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးလ်ရှားအတွက် ဖိအားလျော့စေခဲ့တဲ့နိုင်ပွဲဖြစ်ခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ တစ်မှတ်ပဲကွာပါတော့တယ်။ မန်ယူရဲ့နိုင်ပွဲကို အဓိကပုံဖော်ဖန်တီးပေးခဲ့တဲ့ မာရှယ်ဟာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


ဒီပွဲမှာမှ ပရီးမီးယားလိဂ် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဆယ်ကျော်သက် ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယန်ကလည်း မန်ယူဝက်ဘ်ဆိုက်က ရွေးချယ်ပေးတဲ့ အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

zawgyi

မာရွယ္ရဲ႕ဖန္တီးေပးမႈေတြနဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တဲ့မန္ယူ

ဘုန္းေမာက္ကိုရႈံးခဲ့လို႔ ဖိအားမ်ားေနတဲ့မန္ယူဟာ ဘရိုက္တန္ကို ဂိုးျပတ္အႏိုင္ယူၿပီး အဆင့္၇အထိ တက္လာပါတယ္။
ဆိုးလ္ရွားဟာ မာရွယ္ကို အေထာင္ထားၿပီး ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ရက္ရွ္ဖို႔ဒ္ကို ေတာင္ပံကေနတုိက္စစ္ဆင္ေစတဲ့ ၄-၂-၃-၁ကစားကြက္ကိုပဲ ဆက္သံုးခဲ့ပါတယ္။ ဘုန္းေမာက္ပြဲမွာအလုပ္မျဖစ္ခဲ့တဲ့ သူတို႔၃ဦးဟာ ဒီပြဲမွာေတာ့ နားလည္မႈအားေကာင္းေကာင္းနဲ႔ကစားႏိုင္ခဲ့ၿပီး ဘရိုက္တန္ခံစစ္ကိုဖိအားေပးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ မာရွယ္အထူးေျခစြမ္းျပခဲ့ၿပီး ဘရိုက္တန္ခံစစ္ကို တစ္ပြဲလံုးနီးပါး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါတယ္။ သူ႕ရဲ႕အျမန္ႏႈန္းကို ဘရိုက္တန္ေနာက္ခံလူေတြ မထိန္းႏိုင္ခဲ့ဘဲရက္ရွ္ဖို႔ဒ္အတြက္လည္း ေနရာလြတ္ေတြအမ်ားႀကီးဖန္တီးေပးႏိုင္ခဲ့တယ္။ ပြဲခ်ိန္ ၁၇မိနစ္မွာပဲ အဖြင့္ဂိုးရခဲ့ၿပီး မာရွယ္ရဲ႕အနီးကပ္ေပးပို႔မႈကို ပါရဲရားက ပိတ္သြင္းယူခဲ့တာပါ။ သူ႕ရဲ႕ကန္ခ်က္ဟာ ဘရိုက္တန္ကြင္းလယ္လူ စတီဖန္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာပါ။

ေနာက္ ၄မိနစ္အၾကာမွာပဲ မန္ယူ ဒုတိယဂိုးရခဲ့ၿပီး ဘရိုက္တန္ကြင္းလယ္လူ ပေရာ့ပါးကဂိုးေရွ႕မွာ ရႈပ္ယွက္ခက္ေနတဲ့ၾကားထဲကေန ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။ ကြင္းလယ္ဒုိင္က VAR ျပန္ၾကည့္ခဲ့ေပမယ့္ ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ မန္ယူဟာ ေနာက္ပိုင္းမွာလည္း ဂိုးသြင္းခြုင့္ေတြအမ်ားႀကီးရခဲ့ေပမယ့္ အဆံုးသတ္မေသခ်ာမႈေၾကာင့္ ေနာက္ထပ္ဂိုးရဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ဒုတိယပိုင္း ၆၄မိနစ္မွာေတာ့ဘရိုက္တန္ေနာက္ခံလူ လူး၀စ္ဒန္႔္ခ္က ပါစကယ္ဂေရာ့စ္ရဲ႕ျဖတ္တင္ေဘာကိုေခါင္းတိုက္ၿပီး ေခ်ပဂိုးသြင္းယူေပးခဲ့တယ္။ ဒါေပမဲ့ ၂မိနစ္အၾကာမွာပဲ မာရွယ္ရဲ႕ေပးပို႔မႈကေနပဲရက္ရွ္ဖို႔ဒ္က အနီးကပ္အျပင္းကန္သြင္းၿပီး မန္ယူအတြက္အႏိုင္ေသခ်ာေစမယ့္ဂိုးကို သြင္းယူေပးခဲ့တယ္။ မာရွယ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ ၿပိဳင္ပြဲစံုေနာက္ဆံုး ၁၃ပြဲမွာ၆ဂိုးသြင္း၊ ၆ဂိုးဖန္တီးႏိုင္ခဲ့ၿပီး သူ ဒဏ္ရာရေနစဥ္က အသင္းမွာေပ်ာက္ဆံုးေနခဲ့တဲ့ ဂိုးရဖို႔ဖန္တီးႏိုင္စြမ္းအားနည္းမႈကို ျပန္လည္ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ မန္ယူဟာ ဂိုးသြင္းခြင့္ ၂၁ႀကိမ္၊ ဂိုးေပါက္တည့္ကန္ခ်က္ ၁၁ႀကိမ္ရခဲ့တာမို႔ အဆံုးသတ္ေသခ်ာမယ္ဆုိရင္ ဒီထက္ ဂိုးပိုျပတ္သင့္ခဲ့တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဆိုးလ္ရွားအတြက္ ဖိအားေလ်ာ့ေစခဲ့တဲ့ႏိုင္ပြဲျဖစ္ခဲ့ၿပီး ရွက္ဖီးလ္ယူႏိုက္တက္၊ အာဆင္နယ္တို႔နဲ႔ တစ္မွတ္ပဲကြာပါေတာ့တယ္။

မန္ယူရဲ႕ႏိုင္ပြဲကို အဓိကပုံေဖာ္ဖန္တီးေပးခဲ့တဲ့ မာရွယ္ဟာ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။ဒီပြဲမွာမွ ပရီးမီးယားလိဂ္ ပထမဆုံးပြဲထြက္ကစားခြင့္ရခဲ့တဲ့ ဆယ္ေက်ာ္သက္ ဘယ္ေနာက္ခံကစားသမားေလး ဘရန္ဒန္၀ီလီယန္ကလည္း မန္ယူဝက္ဘ္ဆိုက္က ေ႐ြးခ်ယ္ေပးတဲ့ အေကာင္းဆုံးကစားသမားဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။