
“မန်ယူကိုပြန်လာတဲ့အခါ ပိုကောင်းတဲ့ ကစားသမားဖြစ်နေစေမယ်” လို့ပြောခဲ့သူကတော့ ရိုးမားနောက်ခံလူ ခရစ္စမောလင်းဖြစ်ပါတယ်။ မန်ယူမှာ မလိုအပ်တော့လို့ ရိုးမားကိုအငှားသွားကစားခဲ့ရပေမယ့် မိခင်အသင်းဆီပြန်လာပြီး ခြေစွမ်းကိုသက်သေပြချင်သေးတဲ့ စမောလင်းရဲ့ ရင်တွင်းဖြစ်စကားတွေလည်းဖြစ်ပါတယ်။ မန်ယူကို မက်ဂွိုင်းယား ရောက်ရှိလာပြီးနောက် ရိုးမားကိုအငှားထွက်ကစားခဲ့ရပေမယ့် မန်ယူဆိုတဲ့အသင်း ဟာစမောလင်းရဲ့ရင်ထဲမှာအမြဲရှိနေမှာဖြစ်ပါတယ်။
၂၀၁၀ ကတည်းကမန်ယူကိုရောက်နေသူဖြစ်ပေမယ့် သူ့နောက်မှ ရောက်လာခဲ့တဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့က နေရာရနေတာဟာ စမောလင်းအတွက် လက်ခံလို့မရတဲ့အခြေအနေဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အားနည်းချက်တွေရှိခဲ့တဲ့အတွက် အခုလိုကြုံတွေ့ခဲ့ရတာကို စမောလင်းကသိပ်တော့ စိတ်ထိခိုက်ခြင်းမရှိပါဘူး။ ဒါပေမယ့် မန်ယူအတွက်ပြန်ပြီးသက်သေပြချင်နေတဲ့စိတ်က သူ့ရင်ထဲမှာအမြဲဘဲ ကိန်းအောင်းနေပါတယ်။
အရင်နည်းပြ ဖာဂူဆန်က ၂၀၁၀ မှာဖူလ်ဟမ်ကနေခေါ်ယူခဲ့ပြီးနောက်ပိုင်း မန်ယူမှာအဓိက ကျသူဖြစ်လာခဲ့ပြီး ၂၅ ပွဲအောက် ကစားခဲ့ရတာဆိုလို့ တစ်ရာသီဘဲရှိခဲ့ပါတယ်။ ဒါကြောင့် အခုလိုအငှားထွက်ရတဲ့ အတွက်သူ့ရဲ့ခံစားချက်ဘယ်လောက်ပြင်းထန်မလဲဆိုတာ သိပ်ကိုသိသာပါတယ်။ ဒါကြောင့်လည်း မန်ယူကိုပြန်လာရင် ပိုကောင်းတဲ့သူဖြစ်စေရမယ်လို့ ကြုံးဝါးသွားခဲ့တာပေါ့။
စမောလင်းဟာ ဒါကိုအလကားသက်သက် လေကျယ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ခြေစွမ်းနဲ့သက်သေပြပြီးမှ ပြောခဲ့တာဖြစ်ပါတယ်။ ရိုးမားမှာ သူ့ရဲ့ဒီရာသီစွမ်းဆောင်ရည်ဟာ မက်ဂွိုင်းယားနဲ့ယှဉ်မလား၊ လင်ဒီလော့ဖ်နဲ့ယှဉ်မလား ဘယ်ဘက်ကဖြစ်ဖြစ် သူဘဲအသာစီးရထားတာပါ။ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ဟာ ဒီရာသီမှာတစ်ဂိုးမှ မသွင်းနိုင်သေးပေမယ့် စမောလင်းကတော့ တစ်ဂိုးရထားပြီးပါပြီ။
ကမ္ဘာ့တန်ကြေးအမြင့်ဆုံးနောက်ခံလူ မက်ဂွိုင်းယားနဲ့ ယှဉ်မယ်ဆိုရင် စမောလင်းဟာ အဘက်ဘက်ကသာနေတာပါ။ မက်ဂွိုင်းယားဟာ ဒီရာသီမှာတစ်ပွဲပျမ်းမျှဘောလုံးဖျက်ထုတ်မှုနှုန်း ဝ.၅ ကြိမ်သာရှိပြီး အောင်မြင်မှုက ၅၇%သာရှိခဲ့ပါတယ်။ စမောလင်းကတော့ ၁.၇ ကြိမ်ရှိပြီး အောင်မြင်မှုက ၁၀၀% ဖြစ်ပါတယ်။ ဒါဟာအခုရာသီမှာသူဖျက်ထုတ်မှုတွေ တစ်ကြိမ်မှမလွတ်သေးဘူးဆိုတဲ့သဘောပါဘဲ။
ကြားဖြတ်ဟန့်တားမှုနှုန်းမှာ စမောလင်းကတစ်ပွဲပျမ်းမျှ ၁.၇ ကြိမ်ရှိပြီး မက်ဂွိုင်းယားက ၁.၂ ကြိမ်သာရှိခဲ့ပါတယ်။ လေထဲကဘောလုံးတွေကို ဖျက်ထုတ်ရာမှာလည်း စမောလင်းက တစ်ပွဲပျမ်းမျှ ၅.၃ ကြိမ်ရှိခဲ့ပြီး အောင်မြင်မှုက ၇၂% အထိရှိပေမယ့် မက်ဂွိုင်းယားကတော့ ၃.၄ ကြိမ်နဲ့ ၇၁% ဘဲရှိပါတယ်။ ဘောလုံးရလို့ ပေးပို့မှုနှုန်းမှာလည်း စမောလင်းက ၉၀% အထိပေးပို့နိုင်ခဲ့ပြီး မက်ဂွိုင်းယား က ၈၇% ဘဲရှိခဲ့တာပါ။
နောက်ပြီး ပြိုင်ဘက်တွေရဲ့ဘောလုံးနဲ့ဖြတ်ကျော်ခံရမှုမှာ စမောလင်းဟာ တစ်ကြိမ်မှမရှိသေးပေမယ့် မက်ဂွိုင်းယားကတော့ ၆ ကြိမ်အထိရှိနေပါပြီ။ မတူညီတဲ့လိဂ် ၂ ခုမှာကစားနေတဲ့သူနှစ်ဦးကိုအခုလိုနှိုင်းယှဉ်တာဟာ မျှတခြင်းမရှိတာမှန်ပေမယ့် စမောလင်းရဲ့မှတ်တမ်းက အဘက်ဘက်ကသာနေတာကိုတော့ ငြင်းလို့မရပါဘူး။ မက်ဂွိုင်းယား သာတဲ့တစ်ခုတည်းသောအချက်က အဓိကကျတဲ့ပေးပို့မှုနှုန်းမှာ စမောလင်းက ဝ.၁%သာရှိပြီး မက်ဂွိုင်းယားက ဝ.၆% ရှိနေတာပါဘဲ။
ဒါကြောင့်လည်း မန်ယူပရိသတ်တွေက အငှားချသင့်ခဲ့တာက လင်ဒီလော့ဖ်ဖြစ်ပြီး စမောလင်းမဟုတ်ဘူးလို့ အွန်လိုင်းပေါ်မှာရေးသားနေကြတာဖြစ်ပါတယ်။ အခုဆိုရင် ရိုးမားဟာ စမောလင်းကို အမြဲတမ်းစာချုပ်နဲ့ခေါ်ယူဖို့ အတွက် ယူရို ၁၅ သန်း(ပေါင် ၁၂.၉ သန်း) နဲ့ခေါ်ယူဖို့ စတင်စီစဉ်နေတာဖြစ်ပါတယ်။ မန်ယူဘက်ကတော့ အနည်းဆုံပေါင် ၁၇ သန်းမှမရရင် မရောင်းဘူးလို့ ဆိုနေပါတယ်။ လူဆိုတာ အနှိမ်ခံဘဝရောက်မှ စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့ ဆိုလေ့ရှိတဲ့နည်းတူ စမောလင်းဟာလည်း မခံချင်စိတ်၊ မာန တွေနဲ့ကြိုးစားနေတာ စီးရီးအေမှာအကောင်းဆုံးနောက်ခံလူစာရင်းဝင်တောင်ဖြစ်နေပါပြီ။ သူကမန်ယူကိုပြန်သွားချင်ပေမယ့် မန်ယူဘက်ကရောင်းမယ်ဆိုရင် ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး။ ရောက်ရှိတဲ့အရပ်နဲ့ ရောက်ရှိတဲ့နေရာမှာ ပျော်အောင်နေဖို့ဘဲ သူကြိုးစားရတော့မှာဖြစ်ပါတယ်။
Zawgyi
စေမာလင္းဟာ မန္ယူအတြက္ လြတ္တဲ့ငါးႀကီးသြား ေလသလား……
“မန္ယူကိုျပန္လာတဲ့အခါ ပိုေကာင္းတဲ့ ကစားသမားျဖစ္ေနေစမယ္” လို႔ေျပာခဲ့သူကေတာ့ ႐ိုးမားေနာက္ခံလူ ခရစၥေမာလင္းျဖစ္ပါတယ္။ မန္ယူမွာ မလိုအပ္ေတာ့လို႔ ႐ိုးမားကိုအငွားသြားကစားခဲ့ရေပမယ့္ မိခင္အသင္းဆီျပန္လာၿပီး ေျခစြမ္းကိုသက္ေသျပခ်င္ေသးတဲ့ စေမာလင္းရဲ႕ ရင္တြင္းျဖစ္စကားေတြလည္းျဖစ္ပါတယ္။ မန္ယူကို မက္ဂြိဳင္းယား ေရာက္ရွိလာၿပီးေနာက္ ႐ိုးမားကိုအငွားထြက္ကစားခဲ့ရေပမယ့္ မန္ယူဆိုတဲ့အသင္း ဟာစေမာလင္းရဲ႕ရင္ထဲမွာအၿမဲရွိေနမွာျဖစ္ပါတယ္။ ၂၀၁၀ ကတည္းကမန္ယူကိုေရာက္ေနသူျဖစ္ေပမယ့္ သူ႔ေနာက္မွ ေရာက္လာခဲ့တဲ့ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔က ေနရာရေနတာဟာ စေမာလင္းအတြက္ လက္ခံလို႔မရတဲ့အေျခအေနျဖစ္ပါတယ္။ သူကိုယ္တိုင္ကလည္း အားနည္းခ်က္ေတြရွိခဲ့တဲ့အတြက္ အခုလိုႀကဳံေတြ႕ခဲ့ရတာကို စေမာလင္းကသိပ္ေတာ့ စိတ္ထိခိုက္ျခင္းမရွိပါဘူး။ ဒါေပမယ့္ မန္ယူအတြက္ျပန္ၿပီးသက္ေသျပခ်င္ေနတဲ့စိတ္က သူ႔ရင္ထဲမွာအၿမဲဘဲ ကိန္းေအာင္းေနပါတယ္။ အရင္နည္းျပ ဖာဂူဆန္က ၂၀၁၀ မွာဖူလ္ဟမ္ကေနေခၚယူခဲ့ၿပီးေနာက္ပိုင္း မန္ယူမွာအဓိက က်သူျဖစ္လာခဲ့ၿပီး ၂၅ ပြဲေအာက္ ကစားခဲ့ရတာဆိုလို႔ တစ္ရာသီဘဲရွိခဲ့ပါတယ္။ ဒါေၾကာင့္ အခုလိုအငွားထြက္ရတဲ့ အတြက္သူ႔ရဲ႕ခံစားခ်က္ဘယ္ေလာက္ျပင္းထန္မလဲဆိုတာ သိပ္ကိုသိသာပါတယ္။ ဒါေၾကာင့္လည္း မန္ယူကိုျပန္လာရင္ ပိုေကာင္းတဲ့သူျဖစ္ေစရမယ္လို႔ ႀကဳံးဝါးသြားခဲ့တာေပါ့။ စေမာလင္းဟာ ဒါကိုအလကားသက္သက္ ေလက်ယ္ခဲ့တာမဟုတ္ဘဲ သူ႔ရဲ႕ေျခစြမ္းနဲ႔သက္ေသျပၿပီးမွ ေျပာခဲ့တာျဖစ္ပါတယ္။ ႐ိုးမားမွာ သူ႔ရဲ႕ဒီရာသီစြမ္းေဆာင္ရည္ဟာ မက္ဂြိဳင္းယားနဲ႔ယွဥ္မလား၊ လင္ဒီေလာ့ဖ္နဲ႔ယွဥ္မလား ဘယ္ဘက္ကျဖစ္ျဖစ္ သူဘဲအသာစီးရထားတာပါ။ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္ဟာ ဒီရာသီမွာတစ္ဂိုးမွ မသြင္းႏိုင္ေသးေပမယ့္ စေမာလင္းကေတာ့ တစ္ဂိုးရထားၿပီးပါၿပီ။
ကမာၻ႔တန္ေၾကးအျမင့္ဆုံးေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ ယွဥ္မယ္ဆိုရင္ စေမာလင္းဟာ အဘက္ဘက္ကသာေနတာပါ။ မက္ဂြိဳင္းယားဟာ ဒီရာသီမွာတစ္ပြဲပ်မ္းမွ်ေဘာလုံးဖ်က္ထုတ္မႈႏႈန္း ဝ.၅ ႀကိမ္သာရွိၿပီး ေအာင္ျမင္မႈက ၅၇%သာရွိခဲ့ပါတယ္။ စေမာလင္းကေတာ့ ၁.၇ ႀကိမ္ရွိၿပီး ေအာင္ျမင္မႈက ၁၀၀% ျဖစ္ပါတယ္။ ဒါဟာအခုရာသီမွာသူဖ်က္ထုတ္မႈေတြ တစ္ႀကိမ္မွမလြတ္ေသးဘူးဆိုတဲ့သေဘာပါဘဲ။
ၾကားျဖတ္ဟန႔္တားမႈႏႈန္းမွာ စေမာလင္းကတစ္ပြဲပ်မ္းမွ် ၁.၇ ႀကိမ္ရွိၿပီး မက္ဂြိဳင္းယားက ၁.၂ ႀကိမ္သာရွိခဲ့ပါတယ္။ ေလထဲကေဘာလုံးေတြကို ဖ်က္ထုတ္ရာမွာလည္း စေမာလင္းက တစ္ပြဲပ်မ္းမွ် ၅.၃ ႀကိမ္ရွိခဲ့ၿပီး ေအာင္ျမင္မႈက ၇၂% အထိရွိေပမယ့္ မက္ဂြိဳင္းယားကေတာ့ ၃.၄ ႀကိမ္နဲ႔ ၇၁% ဘဲရွိပါတယ္။ ေဘာလုံးရလို႔ ေပးပို႔မႈႏႈန္းမွာလည္း စေမာလင္းက ၉၀% အထိေပးပို႔ႏိုင္ခဲ့ၿပီး မက္ဂြိဳင္းယား က ၈၇% ဘဲရွိခဲ့တာပါ။
ေနာက္ၿပီး ၿပိဳင္ဘက္ေတြရဲ႕ေဘာလုံးနဲ႔ျဖတ္ေက်ာ္ခံရမႈမွာ စေမာလင္းဟာ တစ္ႀကိမ္မွမရွိေသးေပမယ့္ မက္ဂြိဳင္းယားကေတာ့ ၆ ႀကိမ္အထိရွိေနပါၿပီ။ မတူညီတဲ့လိဂ္ ၂ ခုမွာကစားေနတဲ့သူႏွစ္ဦးကိုအခုလိုႏႈိင္းယွဥ္တာဟာ မွ်တျခင္းမရွိတာမွန္ေပမယ့္ စေမာလင္းရဲ႕မွတ္တမ္းက အဘက္ဘက္ကသာေနတာကိုေတာ့ ျငင္းလို႔မရပါဘူး။ မက္ဂြိဳင္းယား သာတဲ့တစ္ခုတည္းေသာအခ်က္က အဓိကက်တဲ့ေပးပို႔မႈႏႈန္းမွာ စေမာလင္းက ဝ.၁%သာရွိၿပီး မက္ဂြိဳင္းယားက ဝ.၆% ရွိေနတာပါဘဲ။ ဒါေၾကာင့္လည္း မန္ယူပရိသတ္ေတြက အငွားခ်သင့္ခဲ့တာက လင္ဒီေလာ့ဖ္ျဖစ္ၿပီး စေမာလင္းမဟုတ္ဘူးလို႔ အြန္လိုင္းေပၚမွာေရးသားေနၾကတာျဖစ္ပါတယ္။ အခုဆိုရင္ ႐ိုးမားဟာ စေမာလင္းကို အၿမဲတမ္းစာခ်ဳပ္နဲ႔ေခၚယူဖို႔ အတြက္ ယူ႐ို ၁၅ သန္း(ေပါင္ ၁၂.၉ သန္း) နဲ႔ေခၚယူဖို႔ စတင္စီစဥ္ေနတာျဖစ္ပါတယ္။ မန္ယူဘက္ကေတာ့ အနည္းဆုံေပါင္ ၁၇ သန္းမွမရရင္ မေရာင္းဘူးလို႔ ဆိုေနပါတယ္။ လူဆိုတာ အႏွိမ္ခံဘဝေရာက္မွ စြမ္းေဆာင္ရည္ပိုေကာင္းလာတယ္လို႔ ဆိုေလ့ရွိတဲ့နည္းတူ စေမာလင္းဟာလည္း မခံခ်င္စိတ္၊ မာန ေတြနဲ႔ႀကိဳးစားေနတာ စီးရီးေအမွာအေကာင္းဆုံးေနာက္ခံလူစာရင္းဝင္ေတာင္ျဖစ္ေနပါၿပီ။ သူကမန္ယူကိုျပန္သြားခ်င္ေပမယ့္ မန္ယူဘက္ကေရာင္းမယ္ဆိုရင္ ဘာမွတတ္ႏိုင္မွာမဟုတ္ပါဘူး။ ေရာက္ရွိတဲ့အရပ္နဲ႔ ေရာက္ရွိတဲ့ေနရာမွာ ေပ်ာ္ေအာင္ေနဖို႔ဘဲ သူႀကိဳးစားရေတာ့မွာျဖစ္ပါတယ္။