Man of the Match ဖြစ်ခဲ့ပြီး ချီးကျူးမှုတွေရနေတဲ့ ချဲလ်ဆီးကွင်းလယ်မှော်ဆရာလေးဂီလ်မော်

photo-daily mail

photo-gettyimages

လီဗာပူးနဲ့ မနေ့ညအက်ဖ်အေဖလားပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်မှုနဲ့အတူ Man of the Match ရသွားခဲ့တာကတော့ ၁၈ နှစ်အရွယ် ချဲလ်ဆီးကွင်းလယ်လူလေး ဂီလ်မော်ဖြစ်ပါတယ်။ အဲဒီပွဲက သူ့ရဲ့ခြေစွမ်းကြောင့်လည်း ဂီလ်မော်ဟာ နာမည်ကြီးကစားသမားဟောင်းတွေရဲ့ချီးကျူးမှုတင်မဟုတ်ဘဲ ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေရဲ့ချီးကျူးမှုကိုလည်း ရရှိနေပါတယ်။

photo-gettyimages

ချဲလ်ဆီးက ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အဲဒီပွဲရဲ့ပွဲထွက်စာရင်းမှာ သူ့နာမည်ပါလာတော့ သူ့အကြောင်း သေချာမသိသေးသူတွေဟာ အံ့အားသင့်ကုန်ကြပါတယ်။ ဒါပေမဲ့လည်း ဂီလ်မော်ဟာ အဲဒီပွဲမှာ လီဗာပူးကွင်းလယ်က ဖာဘင်ဟို၊ လယ်လာနာနဲ့ ကာတစ်ဂျုံးစ်တို့ကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဂီလ်မော်ရဲ့ပေးပို့မှုစွမ်းရည်၊ လိုက်ကစားနိုင်မှုနဲ့ ခံစစ်အရည်အသွေးတွေကို အနီးကပ်တွေ့လိုက်ကြရတာပါ။ ဒါ့အပြင် အဲဒီညမှာ ဂီလ်မော်ဟာ သူ့ရဲ့ဘယ်အသင်းဖော်တွေထက်မဆို ဘောလုံးပိုကိုင်နိုင်ခဲ့ပါတယ်။ လူကောင်နဲ့မလိုက်အောင် ခံစစ်ကိုလည်း ကူညီပေးနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် ကိုဗာဆစ်ထွက်သွားရချိန်မှာ ဂီလ်မော်ဟာ ချဲလ်ဆီးကွင်းလယ်ရဲ့အရေးပါဆုံးသူဖြစ်ခဲ့ပါတယ်။

photo-PA

ဒါကြောင့်လည်း ဂီလ်မော်ဟာ ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်ကြတဲ့ အလန်ရှီယားနဲ့ အီယန်ရိုက်တို့ရဲ့ချီးကျူးမှုကို ရရှိခဲ့တာပါ။ ဒါ့အပြင် ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေကလည်း ဂီလ်မော်ကို ဘာစီလိုနာဂန္ထဝင်ဇာဗီနဲ့ နှိုင်းယှဉ်ချီးကျူးနေကြပါတယ်။ ဂီလ်မော်ဟာ ၁၅ နှစ်အရွယ်ကတည်းက စကော့တလန်ရဲ့အကောင်းဆုံးလူငယ်ကြယ်ပွင့်ဖြစ်ခဲ့တာပါ။

[Zawgyi]

Man of the Match ျဖစ္ခဲ့ၿပီး ခ်ီးက်ဴးမႈေတြရေနတဲ့ ခ်ဲလ္ဆီးကြင္းလယ္ေမွာ္ဆရာေလးဂီလ္ေမာ္

လီဗာပူးနဲ႔ မေန႔ညအက္ဖ္ေအဖလားပြဲစဥ္မွာ အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္မႈနဲ႔အတူ Man of the Match ရသြားခဲ့တာကေတာ့ ၁၈ ႏွစ္အရြယ္ ခ်ဲလ္ဆီးကြင္းလယ္လူေလး ဂီလ္ေမာ္ျဖစ္ပါတယ္။ အဲဒီပြဲက သူ႔ရဲ႕ေျခစြမ္းေၾကာင့္လည္း ဂီလ္ေမာ္ဟာ နာမည္ႀကီးကစားသမားေဟာင္းေတြရဲ႕ခ်ီးက်ဴးမႈတင္မဟုတ္ဘဲ ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈကိုလည္း ရရွိေနပါတယ္။

ခ်ဲလ္ဆီးက ၂-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ အဲဒီပြဲရဲ႕ပြဲထြက္စာရင္းမွာ သူ႔နာမည္ပါလာေတာ့ သူ႔အေၾကာင္း ေသခ်ာမသိေသးသူေတြဟာ အံ့အားသင့္ကုန္ၾကပါတယ္။ ဒါေပမဲ့လည္း ဂီလ္ေမာ္ဟာ အဲဒီပြဲမွာ လီဗာပူးကြင္းလယ္က ဖာဘင္ဟို၊ လယ္လာနာနဲ႔ ကာတစ္ဂ်ဳံးစ္တို႔ကို တိုက္ခိုက္အႏိုင္ယူႏိုင္ခဲ့ပါတယ္။ သူတို႔ဟာ ဂီလ္ေမာ္ရဲ႕ေပးပို႔မႈစြမ္းရည္၊ လိုက္ကစားႏိုင္မႈနဲ႔ ခံစစ္အရည္အေသြးေတြကို အနီးကပ္ေတြ႕လုိက္္ၾကရတာပါ။ ဒါ့အျပင္ အဲဒီညမွာ ဂီလ္ေမာ္ဟာ သူ႔ရဲ႕ဘယ္အသင္းေဖာ္ေတြထက္မဆို ေဘာလုံးပိုကိုင္ႏိုင္ခဲ့ပါတယ္။ လူေကာင္နဲ႔မလိုက္ေအာင္ ခံစစ္ကိုလည္း ကူညီေပးႏိုင္ခဲ့ၿပီး ဒဏ္ရာေၾကာင့္ ကိုဗာဆစ္ထြက္သြားရခ်ိန္မွာ ဂီလ္ေမာ္ဟာ ခ်ဲလ္ဆီးကြင္းလယ္ရဲ႕အေရးပါဆုံးသူျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဂီလ္ေမာ္ဟာ ပရီးမီးယားလိဂ္ဂႏၳ၀င္ေတြျဖစ္ၾကတဲ့ အလန္ရွီယားနဲ႔ အီယန္ရိုက္တို႔ရဲ႕ခ်ီးက်ဴးမႈကို ရရွိခဲ့တာပါ။ ဒါ့အျပင္ ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြကလည္း ဂီလ္ေမာ္ကို ဘာစီလိုနာဂႏၳ၀င္ဇာဗီနဲ႔ ႏိႈင္းယွဥ္ခ်ီးက်ဴးေနၾကပါတယ္။ ဂီလ္ေမာ္ဟာ ၁၅ ႏွစ္အရြယ္ကတည္းက စေကာ့တလန္ရဲ႕အေကာင္းဆုံးလူငယ္ၾကယ္ပြင့္ျဖစ္ခဲ့တာပါ။