Man of the Match ပိုင်ရှင်သရဲနီသစ် ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ချဲလ်ဆီးကို နှစ်ဂိုး၊ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ပွဲမှာဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘဝပထမဆုံးအကြိမ် နိုင်ပွဲရဲ့ အရသာကို မြည်းစမ်းခွင့်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာ Man of the Match ရခဲ့တဲ့ ဖာနန်ဒက်စ် တစ်ယောက် အဲဒီပွဲမှာလည်း Man of the Matchကို ဒုတိယအကြိမ်ရတဲ့အထိခြေစွမ်းပြကစားသွားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ကိုအနိုင်ရခဲ့တာကြောင့် ယူနိုက်တက်တို့ဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်တစ်ဖန်ပြီးတော့ အခြေအနေကောင်း လာပြန်ပြီလည်းဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပိုင်းက တော်တော်လေးကောင်းခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်မှာ အလျင်အမြန်အထိုင်ကျနေခဲ့တာကိုတွေ့ရပါတယ်။ အဲဒီပွဲမှာ ဖာနန်ဒက်စ်အတွက်တော့ အသင်းနိုင်ပွဲရခဲ့သလို ပထမဆုံးဂိုးဖန်တီးမှုလည်းလုပ်နိုင်ခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာလည်း ဖာနန်ဒက်စ်ကအင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းမှာ ကစားခွင့်ရတဲ့ အတွက် အိပ်မက်တွေအမှန်တကယ်ဖြစ် လာခဲ့ပြီလို့လည်းပြောကြားသွားခဲ့ပါတယ်။

photo internet

အဲဒီပွဲမှာ ယူနိုက်တက်အသင်းက ၃-၅-၂ ဆန်တဲ့ကစားကွက်မှာ ဘရူနို ပါဝင်လာပေမယ့် လင်ဒီလောဖ့်မပါဝင်နိုင်တာကြောင့် အဲရစ်ဘိုင်ယီကအစားဝင်တာကလွဲရင် အသင်းကြီးတွေနဲ့ရင်ဆိုင်ရတိုင်းအသုံးပြုနေကြ ခံစစ်နှစ်ထပ်လူစာရင်းကိုပဲအသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးကတော့ အီဗရာဟင်မ် မပါဝင်တဲ့တိုက်စစ်မှာ ဘတ်ရှူဝါရီ လူစားဝင်ခဲ့ပြီး၊ ကီပါကလည်းအရံခုံပေါ်မှာပဲဆက်ရှိနေခဲ့ပါတယ်။ အဲဒီပွဲမှာ တိကျတဲ့ပေးပိူ့မှု့တွေတောင် မလုပ်နိုင်တဲ့ဲအနေအထားလည်းတွေ့ရပါတယ်။ အထူးသဖြင့်ပွဲထွက်ခွင့်ရတဲ့ဘိုင်ယီ ရဲ့ အမှားတွေကကြောက်စရာ ကောင်းခဲ့ပြီး နေရာယူမှု့လွဲချော်ခြင်းနဲ့ ပေးမှားခြင်းတို့ကနည်းပြဆိုးလ်ရှားကိုစိတ်ပျက်စေခဲ့မှာ သေချာပါတယ်။အဲဒီပွဲမှာနည်းပြဆိုးလ်ရှားတစ်ယောက် အကြောက်လွန်နေဟန်တူပြီး ခံစစ်ကိုပဲ အသေအချာပြင်ဆင်လာတာကြောင့်လည်း တိုက်စစ်ကထိရောက်မှု့မရှိသလို ဘရူနို ရဲ့ပံ့ပိုးမှု့‌တွေကလည်း အရာမရောက်ခဲ့ပါဘူး။ဖရဒ်နဲ့မာရှယ်တို့အတွက် တိကျတဲ့ပေးပို့မှု့တွေပြုလုပ်ပေးခဲ့ပေမယ့် လွဲချော်ခဲ့သလို တိုက်စစ်ကိုချိတ်ဆက်ဖို့ကြိုးစားပေမယ့်လည်း မာရှယ် ရဲ့ ခြေအစုံက ဘောလုံးထိန်းဖို့တောင်အနိုင်နိုင်ဖြစ်နေခဲ့ပါတယ်။ ချဲလ်ဆီးဖက်ကလည်းအစောပိုင်းမှာ ဘယ်နောက်ခံလူဂျိမ်စ်းကန်ချက်လွဲချော်တာကလွဲရင် ရင်ခုန်စရာမရှိဘဲဖြစ်ခဲ့ပါတယ်။

photo internet

ဒုတိယပိုင်းမှာလည်းချဲလ်ဆီးအသင်းကဘောလုံးပိုင်ဆိုင်မှု့အသာစီးယူပြီးကစားခဲ့ပေမယ့် တကယ်တမ်းဂိုး ပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့တာကတော့ယူနိက်တက်ပဲဖြစ်ပါတယ်။ ချဲလ်ဆီး ရဲ့ထောင့်ကန်ဘောကနေ ဇူးမား ကန်သွင်းချက်က ဂိုးဝင်ခဲ့ပေမယ့် ဝီလျံကို အဇ်ပီလီကွီတာ တွန်းထုတ်ခဲ့တာကြောင့်ပြစ်ဒဏ်ဘောသတ်မှတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ဖရဒ် ကို ဧရိယာအစပ်မှာ ပက်ဒရို က ပြစ်ဒဏ်ကျူးလွန်လို့ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပြီး ဘရူနိူဖာနန်ဒက်စ် ရဲ့ ကန်ချက်ကတိုင်ထိ ထွက်လို့နစ်နာခဲ့ရပါတယ်။ဆက်တိုက်ရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ဘရူနို ကိုပဲကန်တင်ပေးရာမှာတော့ မက်ဂွိုင်းယား က သူ့ရဲ့ ယူနိက်တက်ကစားသမားဘဝပထမဆုံးပရီးမီးယား လိဂ်ဂိုးကိုခေါင်းတိုက်ပြီးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ချဲလ်ဆီး ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကတိုင်ထိခဲ့သလို အီဟာလို ရဲ့ကန်ချက်ကိုလည်း ကာဘယ်ယိုလာ ပုပ်ထုတ်ခဲ့လို့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ယူနိုက်တက်တို့ 2 ဂိုး ၊ဂိုးမရှိရလဒ်နဲ့နိုင်ခဲ့ပါတယ်။ အမှတ်ပေးဖလားပြိုင်ပွဲအတွင်း ချဲလ်ဆီးအသင်းကယူနိက်တက် ကိုနှစ်ကျော့လုံးရှုံးနိမ့်ဖူးတဲ့မှတ်တမ်းဆိုးကို လမ်းပတ်လက်ထက်မှာပိုင်ဆိုင်သွားရပြီလည်းဖြစ်ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

Man of the Match ပိုင္ရွင္သရဲနီသစ္ ဖာနန္ဒက္စ္

ခ်ဲလ္ဆီးကို ႏွစ္ဂိုး၊ဂိုးမရွိနဲ႔ႏိုင္ခဲ့တဲ့ပြဲမွာဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကစားသမားဘဝပထမဆုံးအႀကိမ္ ႏိုင္ပြဲရဲ႕ အရသာကို ျမည္းစမ္းခြင့္ရသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဝုဗ္နဲ႔ ပြဲစဥ္မွာ Man of the Match ရခဲ့တဲ့ ဖာနန္ဒက္စ္တစ္ေယာက္အဲဒီပြဲမွာလည္း Man of the Matchကို ဒုတိယအႀကိမ္ရတဲ့အထိေျခစြမ္းျပကစားသြားႏိုင္ခဲ့ပါတယ္။ ဒီပြဲစဥ္ကိုအႏိုင္ရခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ဟာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္တစ္ဖန္ၿပီးေတာ့ အေျခအေနေကာင္းလာျပန္ၿပီလည္းျဖစ္ပါတယ္။ ဒီပြဲစဥ္မွာဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းပိုင္းက ေတာ္ေတာ္ေလးေကာင္းခဲ့တာျဖစ္ၿပီးေတာ့ ယူႏိုက္တက္မွာ အလ်င္အျမန္အထိုင္က်ေနခဲ့တာကိုေတြ႕ရပါတယ္။ အဲဒီပြဲမွာ ဖာနန္ဒက္စ္အတြက္ေတာ့ အသင္းႏိုင္ပြဲရခဲ့သလို ပထမဆုံးဂိုးဖန္တီးမႈလည္းလုပ္ႏိုင္ခဲ့ပါတယ္။ ပြဲအၿပီး အင္တာဗ်ဴးမွာလည္း ဖာနန္ဒက္စ္ကအဂၤလန္ရဲ႕ အေကာင္းဆုံးအသင္းမွာ ကစားခြင့္ရတဲ့ အတြက္ အိပ္မက္ေတြအမွန္တကယ္ျဖစ္လာခဲ့ၿပီလို႔လည္းေျပာၾကားသြားခဲ့ပါတယ္။

အဲဒီပြဲမွာ ယူႏိုက္တက္အသင္းက ၃-၅-၂ ဆန္တဲ့ကစားကြက္မွာ ဘ႐ူႏို ပါဝင္လာေပမယ့္ လင္ဒီေလာဖ့္မပါဝင္ႏိုင္တာေၾကာင့္ အဲရစ္ဘိုင္ယီကအစားဝင္တာကလြဲရင္ အသင္းႀကီးေတြနဲ႔ရင္ဆိုင္ရတိုင္းအသုံးျပဳေနၾကခံစစ္ႏွစ္ထပ္လူစာရင္းကိုပဲအသုံးျပဳခဲ့ပါတယ္။ ခ်ဲလ္ဆီးကေတာ့ အီဗရာဟင္မ္ မပါဝင္တဲ့တိုက္စစ္မွာ ဘတ္ရႉဝါရီ လူစားဝင္ခဲ့ၿပီး၊ ကီပါကလည္းအရံခုံေပၚမွာပဲဆက္ရွိေနခဲ့ပါတယ္။ အဲဒီပြဲမွာ တိက်တဲ့ေပးပိူ႔မႈ႕ေတြေတာင္မလုပ္ႏိုင္တဲ့ဲအေနအထားလည္းေတြ႕ရပါတယ္။ အထူးသျဖင့္ပြဲထြက္ခြင့္ရတဲ့ဘိုင္ယီ ရဲ႕ အမွားေတြကေၾကာက္စရာေကာင္းခဲ့ၿပီး ေနရာယူမႈ႕လြဲေခ်ာ္ျခင္းနဲ႔ ေပးမွားျခင္းတို႔ကနည္းျပဆိုးလ္ရွားကိုစိတ္ပ်က္ေစခဲ့မွာေသခ်ာပါတယ္။အဲဒီပြဲမွာနည္းျပဆိုးလ္ရွားတစ္ေယာက္ အေၾကာက္လြန္ေနဟန္တူၿပီး ခံစစ္ကိုပဲ အေသအခ်ာျပင္ဆင္လာတာေၾကာင့္လည္း တိုက္စစ္ကထိေရာက္မႈ႕မရွိသလို ဘ႐ူႏို ရဲ႕ပံ့ပိုးမႈ႕‌ေတြကလည္းအရာမေရာက္ခဲ့ပါဘူး။ဖရဒ္နဲ႔မာရွယ္တို႔အတြက္ တိက်တဲ့ေပးပို႔မႈ႕ေတြျပဳလုပ္ေပးခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့သလို တိုက္စစ္ကိုခ်ိတ္ဆက္ဖို႔ႀကိဳးစားေပမယ့္လည္း မာရွယ္ ရဲ႕ ေျခအစုံက ေဘာလုံးထိန္းဖို႔ေတာင္အႏိုင္ႏိုင္ျဖစ္ေနခဲ့ပါတယ္။ ခ်ဲလ္ဆီးဖက္ကလည္းအေစာပိုင္းမွာ ဘယ္ေနာက္ခံလူဂ်ိမ္စ္းကန္ခ်က္လြဲေခ်ာ္တာကလြဲရင္ ရင္ခုန္စရာမရွိဘဲျဖစ္ခဲ့ပါတယ္။
ဒုတိယပိုင္းမွာလည္းခ်ဲလ္ဆီးအသင္းကေဘာလုံးပိုင္ဆိုင္မႈ႕အသာစီးယူၿပီးကစားခဲ့ေပမယ့္ တကယ္တမ္းဂိုးေပါက္ကိုၿခိမ္းေျခာက္ႏိုင္ခဲ့တာကေတာ့ယူနိက္တက္ပဲျဖစ္ပါတယ္။ ခ်ဲလ္ဆီး ရဲ႕ေထာင့္ကန္ေဘာကေန ဇူးမား ကန္သြင္းခ်က္က ဂိုးဝင္ခဲ့ေပမယ့္ ဝီလ်ံကို အဇ္ပီလီကြီတာ တြန္းထုတ္ခဲ့တာေၾကာင့္ျပစ္ဒဏ္ေဘာသတ္မွတ္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာ ဖရဒ္ ကို ဧရိယာအစပ္မွာ ပက္ဒ႐ို က ျပစ္ဒဏ္က်ဴးလြန္လို႔ ျပစ္ဒဏ္ေဘာကန္ခြင့္ရခဲ့ၿပီး ဘ႐ူႏိူဖာနန္ဒက္စ္ ရဲ႕ ကန္ခ်က္ကတိုင္ထိ ထြက္လို႔နစ္နာခဲ့ရပါတယ္။ဆက္တိုက္ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကို ဘ႐ူႏို ကိုပဲကန္တင္ေပးရာမွာေတာ့ မက္ဂြိဳင္းယား က သူ႔ရဲ႕ ယူနိက္တက္ကစားသမားဘဝပထမဆုံးပရီးမီးယားလိဂ္ဂိုးကိုေခါင္းတိုက္ၿပီးသြင္းယူႏိုင္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ ခ်ဲလ္ဆီး ရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ကတိုင္ထိခဲ့သလို အီဟာလို ရဲ႕ကန္ခ်က္ကိုလည္း ကာဘယ္ယိုလာ ပုပ္ထုတ္ခဲ့လို႔ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ ယူႏိုက္တက္တို႔ 2 ဂိုး ၊ဂိုးမရွိရလဒ္နဲ႔ႏိုင္ခဲ့ပါတယ္။ အမွတ္ေပးဖလားၿပိဳင္ပြဲအတြင္း ခ်ဲလ္ဆီးအသင္းကယူနိက္တက္ကိုႏွစ္ေက်ာ့လုံးရႈံးနိမ့္ဖူးတဲ့မွတ္တမ္းဆိုးကို လမ္းပတ္လက္ထက္မွာပိုင္ဆိုင္သြားရၿပီ လည္းျဖစ္ပါတယ္။