lockdown နဲ့ပတ်သက်ရင် အထူးအခွင့်အရေးမရှိဘူးလို့ သတိပေးခံလိုက်ရတဲ့စီရော်နယ်ဒို

photo-metro

photo-Global Images

lockdown ချထားတဲ့ကြားကနေ သူ့ဇာတိမာဒိုင်ရာကျွန်းက ဘောလုံးကွင်းတစ်ကွင်းမှာ လေ့ကျင့်မှုပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ သူ့အပြုအမှုနဲ့ပတ်သက်လို့ သတိပေးခြင်းခံလိုက်ရပါတယ်။ အသက် ၃၅ နှစ်အရွယ် အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့ ဘောလုံးပွဲတွေ ရပ်ဆိုင်မသွားခင်အချိန်ကတည်း သူ့ရဲ့ဇာတိမြေကို ပြန်ရောက်နေခဲ့တာပါ။

photo-Global Images

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဂျူဗင်တပ်အသင်းဖော်ရူဂါနီကြောင့် စီရော်နယ်ဒိုဟာ ၁၄ ရက်စောင့်ကြည့်ခံခဲ့ရပေမယ့်လည်း သူ့အိမ်မှာ လေ့ကျင့်မှုတွေ မပျက်ခဲ့ပါဘူး။ မကြာသေးခင်ရက်ပိုင်းကတော့ လူတချို့နဲ့အတူ မာဒိုင်ရာကျွန်းက ကလပ်တစ်ခုရဲ့အိမ်ကွင်းမှာ သူလေ့ကျင့်မှုပြုလုပ်နေတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း မာဒိုင်ရာကျွန်းရဲ့ကျန်းမာရေးအကြီးအကဲပတ်ဒရိုရာမို့စ်က စီရော်နယ်ဒိုမှာ အထူးအခွင့်အရေးမရှိကြောင်းနဲ့ ချမှတ်ထားတဲ့ lockdown စည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာရမှာဖြစ်ကြောင်း သတိပေးလိုက်ပါတ်ယ။

photo-Global Images

”အဲဒီလိုလေ့ကျင့်ဖို့ စီရော်နယ်ဒိုမှာ အထူးခွင့်ပြုချက်မရှိပါဘူး။ သူဟာ နိုင်ငံသားအားလုံးလို စည်းမျဉ်းစည်းကမ်းတွေကို လေစားလိုက်နာသရွေ့ လေ့ကျင့်နိုင်မယ့်အခွင့်အရေး ရှိပါတယ်။ အဲဒီမှာ အခွင့်ထူးခံဆိုတာ မရှိပါဘူး။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဟာ နမူနာကောင်းဖြစ်အောင် သူပုံရိပ်ကို အသုံးပြုရမှာပါ။ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ မိနစ်အနည်းငယ်ပဲ လေ့ကျင့်မှုလုပ်ခဲ့ပုံရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးမှာ အန္တရယ်ဖြစ်စရာတော့ မရှိပါဘူး”လို့ ပတ်ဒရိုရာမို့စ်က ပြောခဲ့တာပါ။

[Zawgyi]

lockdown နဲ႔ပတ္သက္ရင္ အထူးအခြင့္အေရးမရွိဘူးလုိ႔ သတိေပးခံလိုက္ရတဲ့စီေရာ္နယ္ဒို

lockdown ခ်ထားတဲ့ၾကားကေန သူ႔ဇာတိမာဒိုင္ရာကၽြန္းက ေဘာလုံးကြငး္တစ္ကြင္းမွာ ေလ့က်င့္မႈျပဳလုပ္ခဲ့တဲ့ ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ စီေရာ္နယ္ဒိုဟာ သူ႔အျပဳအမႈနဲ႔ပတ္သက္လုိ႔ သတိေပးျခင္းခံလိုက္ရပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ အဲဒီဂ်ဴဗင္တပ္တိုက္စစ္မႈးဟာ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ကမာၻအႏွံ႔ ေဘာလုံးပြဲေတြ ရပ္ဆိုင္မသြားခင္အခ်ိန္ကတည္း သူ႔ရဲ႕ဇာတိေျမကို ျပန္ေရာက္ေနခဲ့တာပါ။

ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရတဲ့ ဂ်ဴဗင္တပ္အသင္းေဖာ္ရူဂါနီေၾကာင့္ စီေရာ္နယ္ဒိုဟာ ၁၄ ရက္ေစာင့္ၾကည့္ခံခဲ့ရေပမယ့္လည္း သူ႔အိမ္မွာ ေလ့က်င့္မႈေတြ မပ်က္ခဲ့ပါဘူး။ မၾကာေသးခင္ရက္ပိုင္းကေတာ့ လူတခ်ိဳ႕နဲ႔အတူ မာဒိုင္ရာကၽြန္းက ကလပ္တစ္ခုရဲ႕အိမ္ကြင္းမွာ သူေလ့က်င့္မႈျပဳလုပ္ေနတဲ့ ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း မာဒိုင္ရာကၽြန္းရဲ႕က်န္းမာေရးအႀကီးအကဲပတ္ဒရိုရာမို႔စ္က စီေရာ္နယ္ဒိုမွာ အထူးအခြင့္အေရးမရွိေၾကာင္းနဲ႔ ခ်မွတ္ထားတဲ့ lockdown စည္းမ်ဥ္းစည္းကမ္းေတြကို မျဖစ္မေန လုိက္နာရမွာျဖစ္ေၾကာင္း သတိေပးလိုက္ပါတ္ယ။

”အဲဒီလုိေလ့က်င့္ဖုိ႔ စီေရာ္နယ္ဒိုမွာ အထူးခြင့္ျပဳခ်က္မရွိပါဘူး။ သူဟာ ႏိုင္ငံသားအားလုံးလုိ စည္းမ်ဥ္းစည္းကမ္းေတြကို ေလစားလိုက္နာသေရြ႕ ေလ့က်င့္ႏိုင္မယ့္အခြင့္အေရး ရွိပါတယ္။ အဲဒီမွာ အခြင့္ထူးခံဆုိတာ မရွိပါဘူး။ ကမာၻေပၚက အေကာင္းဆုံးကစားသမားဟာ နမူနာေကာင္းျဖစ္ေအာင္ သူပုံရိပ္ကို အသုံးျပဳရမွာပါ။ ဒါေပမဲ့ စီေရာ္နယ္ဒိုကေတာ့ မိနစ္အနည္းငယ္ပဲ ေလ့က်င့္မႈလုပ္ခဲ့ပုံရပါတယ္။ ဒါေၾကာင့္ ကမာၻႀကီးမွာ အႏၱရယ္ျဖစ္စရာေတာ့ မရွိပါဘူး”လုိ႔ ပတ္ဒရိုရာမို႔စ္က ေျပာခဲ့တာပါ။