lockdown စည်းကမ်းကို ချိုးဖောက်ခဲ့ပေမယ့် ဗီလာကြယ်ပွင့်ဂရီယာလစ်ရှ်ကို ဆိုးလ်ရှားစိတ်ဝင်စားနေဆဲ

photo-gettyimages

photo-the sun

မန်ယူနည်းပြဆိုးလ်ရှားဟာ အက်စ်တွန်ဗီလာကွင်းလယ်ဖန်တီးရှင်ဂရီယာလစ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလု့ိ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ယူဟာ မကြာသေးခင်လတွေအတွင်းမှာ အသက် ၂၄ နှစ်အရွယ် အဲဒီအင်္ဂလန်သားနဲ့ သတင်းတွေအဆက်မပြတ်ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက အစိုးရရဲ့lockdown စည်းမျဉ်းစည်းကမ်းတွေကို ဂရီယာလစ်ရှ်က ဂရုမစိုက်ဘဲ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ကို သွားရောက်လည်ပတ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ဖြစ်နိုင်ဖွယ်မန်ယူအပြောင်းအရွှေ့နဲ့ပတ်သက်လို့ မသေချာဖြစ်သွားပါတယ်။

photo-gettyimages

သူ့ရဲ့အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ အသက် ၂၄ နှစ်အရွယ် အဲဒီအက်စ်တွန်ဗီလာအသင်းခေါင်းဆောင်ဟာ ကလပ်ရဲ့များပြားတဲ့ဒဏ်ငွေချမှတ်ခြင်းခံခဲ့ရသလို တောင်းပန်မှုလည်း ပြုလုပ်ခဲ့ရပါတယ်။ ဒီလိုကွင်းပြင်ပစည်းကမ်းချိုးဖောက်မှုရှိခဲ့ပေမယ့်လည်း ဆိုးလ်ရှားဟာ အခွင့်အရေးရရင် ဂရီယာလစ်ရှ်ကို ခေါ်ယူချင်နေတယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

photo-PA

အဲဒီအင်္ဂလိပ်ကွင်းလယ်ဖန်တီးရှင်ဟာ အက်စ်တွန်ဗီလာအသင်း ပရီးမီးယားလိဂ်ကိုပြန်လည်ရောက်ရှိလာမှုမှာ အဓိကကျခဲ့သူဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၂၆ ပွဲမှာလည်း ၇ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးပေးထားပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဖာနန်ဒက်စ်ကိုခေါ်ယူခဲ့ပေမယ့် ဆိုးလ်ရှားဟာ နောက်ထပ်တိုက်စစ်အသားပေးကွင်းလယ်လူတစ်ယောက်ကို အင်အားထပ်ဖြည့်ချင်နေတာပါ။ သူတို့ရဲ့အသင်းခေါင်းဆောင်အတွက် ပေါင်သန်း ၆၀ ဝန်းကျင်လောက်ရမယ်ဆိုရင် ဗီလာကလည်း လက်လွှတ်မယ်လို့ ယုံကြည်ရပါတယ်။

[Zawgyi]

lockdown စည္းကမ္းကို ခ်ဳိးေဖာက္ခဲ့ေပမယ့္ ဗီလာၾကယ္ပြင့္ဂရီယာလစ္ရွ္ကို ဆိုးလ္ရွားစိတ္၀င္စားေနဆဲ

မန္ယူနည္းျပဆုိးလ္ရွားဟာ အက္စ္တြန္ဗီလာကြင္းလယ္ဖန္တီးရွင္ဂရီယာလစ္ရွ္ကို ေခၚယူဖုိ႔ စိတ္၀င္စားေနဆဲပဲလု႔ိ သတင္းေတြ ထြက္ေပၚေနပါတယ္။ မန္ယူဟာ မၾကာေသးခင္လေတြအတြင္းမွာ အသက္ ၂၄ ႏွစ္အရြယ္ အဲဒီအဂၤလန္သားနဲ႔ သတင္းေတြအဆက္မျပတ္ထြက္ေပၚခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့လက အစိုးရရဲ႕lockdown စည္းမ်ဥ္းစည္းကမ္းေတြကို ဂရီယာလစ္ရွ္က ဂရုမစိုက္ဘဲ သူငယ္ခ်င္းတစ္ေယာက္ရဲ႕အိမ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕ျဖစ္ႏိုင္ဖြယ္မန္ယူအေျပာင္းအေရႊ႕နဲ႔ပတ္သက္လုိ႔ မေသခ်ာျဖစ္သြားပါတယ္။

သူ႔ရဲ႕အဲဒီလုပ္ရပ္နဲ႔ပတ္သက္လို႔ အသက္ ၂၄ ႏွစ္အရြယ္ အဲဒီအက္စ္တြန္ဗီလာအသင္းေခါင္းေဆာင္ဟာ ကလပ္ရဲ႕မ်ားျပားတဲ့ဒဏ္ေငြခ်မွတ္ျခင္းခံခဲ့ရသလို ေတာင္းပန္မႈလည္း ျပဳလုပ္ခဲ့ရပါတယ္။ ဒီလိုကြင္းျပင္ပစည္းကမ္းခ်ိဳးေဖာက္မႈရွိခဲ့ေပမယ့္လည္း္ ဆိုးလ္ရွားဟာ အခြင့္အေရးရရင္ ဂရီယာလစ္ရွ္ကို ေခၚယူခ်င္ေနတယ္လုိ႔ ESPN သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အဲဒီအဂၤလိပ္ကြင္းလယ္ဖန္တီးရွင္ဟာ အက္စ္တြန္ဗီလာအသင္း ပရီးမီးယားလိဂ္ကိုျပန္လည္ေရာက္ရွိလာမႈမွာ အဓိကက်ခဲ့သူျဖစ္ၿပီး ဒီရာသီပရီးမီးယားလိဂ္ ၂၆ ပြဲမွာလည္း ၇ ဂိုးသြငး္၊ ၆ ဂိုးဖန္တီးေပးထားပါတယ္။ မန္ယူဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီမွာ ဖာနန္ဒက္စ္ကိုေခၚယူခဲ့ေပမယ့္ ဆုိးလ္ရွားဟာ ေနာက္ထပ္တိုက္စစ္အသားေပးကြငး္လယ္လူတစ္ေယာက္ကို အင္အားထပ္ျဖည့္ခ်င္ေနတာပါ။ သူတုိ႔ရဲ႕အသင္းေခါင္းေဆာင္အတြက္ ေပါင္သန္း ၆၀ ၀န္းက်င္ေလာက္ရမယ္ဆိုရင္ ဗီလာကလည္း လက္လႊတ္မယ္လုိ႔ ယုံၾကည္ရပါတယ္။