lockdown ကာလ Instagram မှာ ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် စီရော်နယ်ဒိုထိပ်ဆုံးမှရပ်တည်

photo-daily mail

photo-instagram

ကိုရိုနာဗိုင်းရပ်စ်ရဲ့lockdown ကာလအတွင်းမှာ အားကစားကြယ်ပွင့်တွေဟာ သူတို့ရဲ့သန်းပေါင်းများစွာသောပရိသတ်တွေကိုဆက်ထိန်းဖို့ ဆိုရှယ်မီဒီယာပေါ်မှာ တစ်နည်းနည်းနဲ့ စိတ်ဝင်စားအောင် လုပ်ခဲ့ကြရမှာပါ။ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ် lockdown ကာလဖြစ်တဲ့ မတ် ၁၂ ကနေ မေ ၁၄ အတွင်း ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ဝင်ငွေအကောင်းဆုံးအားကစားသမားတွေကို စစ်တမ်းပြုလုပ်ခဲ့ရာ စီရော်နယ်ဒိုက ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။

photo-instagram

အဲဒီကာလအတွင်း စပွန်ဆာပို့စ်တိုင်းမှာ ပျဉ်းမျှရတဲ့ဝင်ငွေကို ကြည့်ပြီး အားကစားသမားတွေ ပိုက်ဆံဘေယ်လောက်များများရခဲ့တယ်ဆိုတာကို ခန့်မှန်းတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် follower အနည်းအများအလိုက် ချိန်ညှိပြီး ဒီစာရင်းကို လုပ်ခဲ့တာပါ။ စီရော်နယ်ဒိုကတော့ အဲဒီနှစ်လကျော်ကာလအတွင်းမှာ Instagram ကနေ ဝင်ငွေအများဆုံးအဖြစ် ပေါင် ၁.၉ သန်းရရှိခဲ့ပါတယ်။

photo-daily mail

မက်ဆီကလည်း ဒုတိယနေရာက ကပ်လိုက်ခဲ့ပြီး သူ့ရဲ့စပွန်ဆာပို့စ် ၄ ခုကနေ အကြမ်းဖျင်းအနေနဲ့ ပေါင် ၁.၃ သန်းရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှုးနေမာကတော့ ပေါင် ၁.၂ သန်းနဲ့ တတိယနေရာရပ်တည်ခဲ့တာပါ။ ဘောလုံးသမားတွေထဲက ကစားသမားဟောင်းထဲကရော လက်ရှိကစားနေသူထဲက အခြား ၃ ေယောက်ဟာလည်း ထိပ်ဆုံး ၁၀ ဦးစာရင်းဝင်ခဲ့ပါတယ်။ သူတို့ကတော့ မန်ယူကြယ်ပွင့်ဟောင်းဒေးဗစ်ဘက်ခမ်း၊ အေစီမီလန်တိုက်စစ်မှုးအီဘရာဟီမိုဗစ်နဲ့ ဘာစီလိုနာနောက်ခံလူဟောင်း ဒန်နီအဲလ်ဗက်စ်တို့ပါ။

[Zawgyi]

lockdown ကာလ Instagram မွာ ၀င္ေငြအေကာငး္ဆုံးအားကစားသမားအျဖစ္ စီေရာ္နယ္ဒိုထိပ္ဆုံးမွရပ္တည္

ကိုရိိုနာဗုိင္းရပ္စ္ရဲ႕lockdown ကာလအတြင္းမွာ အားကစားၾကယ္ပြင့္ေတြဟာ သူတို႔ရဲ႕သန္းေပါင္းမ်ားစြာေသာပရိသတ္ေတြကိုဆက္ထိန္းဖို႔ ဆုိရွယ္မီဒီယာေပၚမွာ တစ္နည္းနည္းနဲ႔ စိတ္၀င္စားေအာင္ လုပ္ခဲ့ၾကရမွာပါ။ မၾကာေသးခင္က ကိုရိုနာဗုိင္းရပ္စ္ lockdown ကာလျဖစ္တဲ့ မတ္ ၁၂ ကေန ေမ ၁၄ အတြင္း ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ ၀င္ေငြအေကာင္းဆုံးအားကစားသမားေတြကို စစ္တမ္းျပဳလုပ္ခဲ့ရာ စီေရာ္နယ္ဒိုက ထိပ္ဆုံးက ဦးေဆာင္ခဲ့ပါတယ္။

အဲဒီကာလအတြင္း စပြန္ဆာပို႔စ္တိုင္းမွာ ပ်ဥ္းမွ်ရတဲ့၀င္ေငြကို ၾကည့္ၿပီး အားကစားသမားေတြ ပိုက္ဆံေဘယ္ေလာက္မ်ားမ်ားရခဲ့တယ္ဆိုတာကို ခန္႔မွန္းတြက္ခ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ follower အနည္းအမ်ားအလိုက္ ခ်ိန္ညွိၿပီး ဒီစာရင္းကို လုပ္ခဲ့တာပါ။ စီေရာ္နယ္ဒိုကေတာ့ အဲဒီႏွစ္လေက်ာ္ကာလအတြင္းမွာ Instagram ကေန ၀င္ေငြအမ်ားဆုံးအျဖစ္ ေပါင္ ၁.၉ သန္းရရွိခဲ့ပါတယ္။

မက္ဆီကလည္း ဒုတိယေနရာက ကပ္လိုက္ခဲ့ၿပီး သူ႔ရဲ႕စပြန္ဆာပို႔စ္ ၄ ခုကေန အၾကမ္းဖ်င္းအေနနဲ႔ ေပါင္ ၁.၃ သန္းရရွိခဲ့ပါတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မႈးေနမာကေတာ့ ေပါင္ ၁.၂ သန္းနဲ႔ တတိယေနရာရပ္တည္ခဲ့တာပါ။ ေဘာလုံးသမားေတြထဲက ကစားသမားေဟာင္းထဲကေရာ လက္ရွိကစားေနသူထဲက အျခား ၃ ေေယာက္ဟာလည္း ထိပ္ဆုံး ၁၀ ဦးစာရင္း၀င္ခဲ့ပါတယ္။ သူတို႔ကေတာ့ မန္ယူၾကယ္ပြင့္ေဟာင္းေဒးဗစ္ဘက္ခမ္း၊ ေအစီမီလန္တိုက္စစ္မႈးအီဘရာဟီမိုဗစ္နဲ႔ ဘာစီလိုနာေနာက္ခံလူေဟာင္း ဒန္နီအဲလ္ဗက္စ္တို႔ပါ။