ချန်ပီယံဆုအတွက် ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ စူပါဆန်းဒေးပွဲစဉ်မှာတော့ လီဗာပူးက မန်စီးတီးကိုအနိုင်ရပြီး
ချန်ပီယံအိပ်မက်ပြည့်ဝဖို့ ပိုမိုနီးစပ်လာခဲ့ပါတယ်။ လီဗာပူးဟာ ပထမဆုံးကန်ချက်၂ကြိမ်မှာပဲ ၂ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီးကိုအငိုက်မိသွားစေခဲ့တယ်။

ဒီပွဲမှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာရဲ့ ဆုံးဖြတ်ချက်အချို့ကလည်း အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီးလီဗာပူး ပင်နယ်တီဧရိယာထဲမှာ အာနိုး လက်နဲ့ထိမိတာကို ပင်နယ်တီမပေးခဲ့ပါဘူး။

ဖာဘင်ဟိုဂိုးသွင်းပြီးမှ မန်စီးတီးကစားသမားတွေ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပေမယ့် အရာမထင်ခဲ့ဘူး။ ၂၅ကိုက်အကွာကနေ အနိမ့်ဘောအပြင်းကန်သွင်းတဲ့ ဖာဘင်ဟိုရဲ့ဂိုးကတော့ သပ်ရပ်ကောင်းမွန်ခဲ့ပြီး
ဒဏ်ရာရနေတဲ့ အီဒါဆန်အစားဝင်ဖမ်းတဲ့ ဘရာဗို ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပါဘူး။ နောက် ၇မိနစ်အကြာမှာ ဆာလက်က ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းကဖြတ်တင်ဘောကို လှလှပပ ခေါင်းတိုက်ပြီး လီဗာပူးအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တယ်။ ဆာလက်အတွက် အန်ဖီးလ်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄၄ပွဲမှာ ၅၂ဂိုး(၃၈ဂိုးသွင်း၊ ၁၄ဂိုးဖန်တီး)ပါဝင်ပတ်သက်ခဲ့တာပါ။

၁၃မိနစ်အကြာမှာပဲ ၂ဂိုးဆက်ပေးခဲ့ရတာမို့ မန်စီးတီး ကစားရခက်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု သာခဲ့ပေမယ့် ဗန်ဒိုက်ဦးဆောင်တဲ့ လီဗာပူးခံစစ်ကို ထိရောက်တဲ့ခြိမ်းခြောက်မှုမလုပ်နိုင်ခဲ့ပါဘူး။ လီဗာပူးကတော့ ရတဲ့အခွင့်အရေးကို အပိုင်အသုံးချနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး မကြာမီမှာပဲ လီဗာပူး တတိယဂိုးထပ်ရခဲ့ပြီး ဟန်ဒါဆန်ရဲ့ဖြတ်တင်ဘောကို မာနေးက
ုဒိုင်ဗင်ထိုးခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဘရာဗိုရဲ့လက်နဲ့ထိပြီးဂိုးဝင်သွားခဲ့ပါတယ်။ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ အခုလို ၃ဂိုးပြတ်ဦးဆောင်ခံရတာဆိုရင် ၂၀၁၈ ဇန်နဝါရီနောက်ပိုင်း ပထမဆုံးအကြိမ်ပါပဲ။ မန်စီးတီးအတွက် အရှက်ပြေချေပဂိုးကို ဘာနာဒိုဆေးလ်ဗားက ၇၈မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။ ဒုတိယပိုင်းမှာလည်း စတာလင်းရဲ့ဖြတ်တင်ဘောကို အာနိုးလက်နဲ့ထပ်ပြီးထိမိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR တောင်မကြည့်ခဲ့လို့ မန်စီးတီး ကံဆိုးခဲ့ပါတယ်။

နောက်ပိုင်းမှာ လီဗာပူးက အနိုင်ဂိုးထိန်းကစားပြီး အဖိုးတန် ၃မှတ်ရယူသွားနိုင်ခဲ့တယ်။ လီဗာပူးအတွက် ပရီးမီးယားလိဂ် ၂၉ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့သလို ဒုတိယနေရာတက်လာတဲ့လက်စတာကို ၈မှတ်ဖြတ် ဦးဆောင်နေပါတယ်။ မန်စီးတီးကတော့ လီဗာပူးနဲ့ ၉မှတ်ပြတ်သွားသလို လက်စတာ၊ ချဲလ်ဆီးတို့နဲ့လည်း ၂မှတ်ကွာသွားပြီး အဆင့်၄ ဆင်းသွားခဲ့တယ်။

ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ လီဗာပူးအတွက် တတိယဂိုးသွင်းပေးခဲ့တဲ့ မာနေးက ဆွတ်ခူးသွားပါတယ်။

zawgyi

ခ်န္ပီယံဆုအတြက္ ေျခတစ္လွမ္း ထပ္လွမ္းႏိုင္ခဲ့တဲ့ လီဗာပူး

ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ စူပါဆန္းေဒးပြဲစဥ္မွာေတာ့ လီဗာပူးက မန္စီးတီးကိုအႏိုင္ရၿပီး
ခ်န္ပီယံအိပ္မက္ျပည့္ဝဖို႔ ပိုမိုနီးစပ္လာခဲ့ပါတယ္။ လီဗာပူးဟာ ပထမဆုံးကန္ခ်က္၂ႀကိမ္မွာပဲ ၂ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး မန္စီးတီးကိုအငိုက္မိသြားေစခဲ့တယ္။ ဒီပြဲမွာ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာရဲ႕ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကလည္း အျငင္းပြားဖြယ္ျဖစ္ခဲ့ၿပီးလီဗာပူး ပင္နယ္တီဧရိယာထဲမွာ အာႏိုး လက္နဲ႔ထိမိတာကို ပင္နယ္တီမေပးခဲ့ပါဘူး။ ဖာဘင္ဟိုဂိုးသြင္းၿပီးမွ မန္စီးတီးကစားသမားေတြ ဝိုင္းဝန္းကန႔္ကြက္ခဲ့ၾကေပမယ့္ အရာမထင္ခဲ့ဘူး။ ၂၅ကိုက္အကြာကေန အနိမ့္ေဘာအျပင္းကန္သြင္းတဲ့ ဖာဘင္ဟိုရဲ႕ဂိုးကေတာ့ သပ္ရပ္ေကာင္းမြန္ခဲ့ၿပီး
ဒဏ္ရာရေနတဲ့ အီဒါဆန္အစားဝင္ဖမ္းတဲ့ ဘရာဗို ဘယ္လိုမွမကာကြယ္ႏိုင္ခဲ့ပါဘူး။ ေနာက္ ၇မိနစ္အၾကာမွာ ဆာလက္က ေရာ္ဘတ္ဆန္ရဲ႕ ဘယ္ျခမ္းကျဖတ္တင္ေဘာကို လွလွပပ ေခါင္းတိုက္ၿပီး လီဗာပူးအတြက္ ဒုတိယဂိုးသြင္းယူေပးခဲ့တယ္။ ဆာလက္အတြက္ အန္ဖီးလ္မွာကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၄၄ပြဲမွာ ၅၂ဂိုး(၃၈ဂိုးသြင္း၊ ၁၄ဂိုးဖန္တီး)ပါဝင္ပတ္သက္ခဲ့တာပါ။

၁၃မိနစ္အၾကာမွာပဲ ၂ဂိုးဆက္ေပးခဲ့ရတာမို႔ မန္စီးတီး ကစားရခက္သြားခဲ့ပါတယ္။ မန္စီးတီးဟာ ေဘာလုံးပိုင္ဆိုင္မႈ သာခဲ့ေပမယ့္ ဗန္ဒိုက္ဦးေဆာင္တဲ့ လီဗာပူးခံစစ္ကို ထိေရာက္တဲ့ၿခိမ္းေျခာက္မႈမလုပ္ႏိုင္ခဲ့ပါဘူး။ လီဗာပူးကေတာ့ ရတဲ့အခြင့္အေရးကို အပိုင္အသုံးခ်ႏိုင္ခဲ့ၿပီး တန္ျပန္တိုက္စစ္ကို ထိထိေရာက္ေရာက္ ကစားႏိုင္ခဲ့ပါတယ္။ဒုတိယပိုင္းစၿပီး မၾကာမီမွာပဲ လီဗာပူး တတိယဂိုးထပ္ရခဲ့ၿပီး ဟန္ဒါဆန္ရဲ႕ျဖတ္တင္ေဘာကို မာေနးက
ုဒိုင္ဗင္ထိုးေခါင္းတိုက္သြင္းယူခဲ့ရာမွာ ဘရာဗိုရဲ႕လက္နဲ႔ထိၿပီးဂိုးဝင္သြားခဲ့ပါတယ္။ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ပြဲတစ္ပြဲမွာ အခုလို ၃ဂိုးျပတ္ဦးေဆာင္ခံရတာဆိုရင္ ၂၀၁၈ ဇန္နဝါရီေနာက္ပိုင္း ပထမဆုံးအႀကိမ္ပါပဲ။ မန္စီးတီးအတြက္ အရွက္ေျပေခ်ပဂိုးကို ဘာနာဒိုေဆးလ္ဗားက ၇၈မိနစ္မွာ သြင္းယူေပးခဲ့ေပမယ့္ အခ်ိန္ေႏွာင္းသြားခဲ့ပါၿပီ။ ဒုတိယပိုင္းမွာလည္း စတာလင္းရဲ႕ျဖတ္တင္ေဘာကို အာႏိုးလက္နဲ႔ထပ္ၿပီးထိမိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က VAR ေတာင္မၾကည့္ခဲ့လို႔ မန္စီးတီး ကံဆိုးခဲ့ပါတယ္။

ေနာက္ပိုင္းမွာ လီဗာပူးက အႏိုင္ဂိုးထိန္းကစားၿပီး အဖိုးတန္ ၃မွတ္ရယူသြားႏိုင္ခဲ့တယ္။ လီဗာပူးအတြက္ ပရီးမီးယားလိဂ္ ၂၉ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့သလို ဒုတိယေနရာတက္လာတဲ့လက္စတာကို ၈မွတ္ျဖတ္ ဦးေဆာင္ေနပါတယ္။ မန္စီးတီးကေတာ့ လီဗာပူးနဲ႔ ၉မွတ္ျပတ္သြားသလို လက္စတာ၊ ခ်ဲလ္ဆီးတို႔နဲ႔လည္း ၂မွတ္ကြာသြားၿပီး အဆင့္၄ ဆင္းသြားခဲ့တယ္။ ဒီပြဲရဲ႕ အေကာင္းဆုံးကစားသမားဆုကိုေတာ့ လီဗာပူးအတြက္ တတိယဂိုးသြင္းေပးခဲ့တဲ့ မာေနးက ဆြတ္ခူးသြားပါတယ္။