လီဗာပူး-မန်စီးတီးပွဲအပါအဝင် လော်ရိုရဲ့ ပရီးမီးယားလိဂ်ခန့်မှန်းချက်များ

ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်-၁၂ ဟာ လီဗာပူးနဲ့မန်စီးတီး ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ စိတ်ဝင်စားစရာကောင်းနေပါတယ်။အမှတ်ပေးဇယားထိပ်မှာဦးဆောင်နေတဲ့ ဂျာဂင်ကလော့ပ်ရဲ့အသင်း အောင်ပွဲခံသွားမလား၊ လက်ရှိချန်ပီယံမန်စီးတီးကပဲ အနိုင်ရသွားမလားဆိုတာ တနင်္ဂနွေညဘောလုံးရပ်ဝန်းရဲ့ ဆုံမှတ်ဖြစ်နေပါတယ်။

PC ; Internet

“ လွန်ခဲ့တဲ့ တစ်ရာသီလောက်က မန်စီးတီးရဲ့ရှုံးပွဲမရှိမှတ်တမ်းကို အန်ဖီးလ်မှာ ၄-၃ ဂိုးနဲ့ လီဗာပူးရပ်တန့်ခဲ့တာကို ကျွန်တော်အမှတ်ရမိပါတယ်။ဒီတစ်ကြိမ်မှာလည်း အဲဒီလိုလုပ်ပြဖို့ လီဗာပူးကြိုးစားလိမ့်မယ်ထင်ပါတယ်။အထူးသဖြင့် အန်ဖီးလ်မှာကစားရမယ့်ပွဲ ဖြစ်နေလို့ပါ ” လို့ BBC ဝါရင့်ဘောလုံးကျွမ်းကျင်သူ လော်ရိုကဆိုပါတယ်။သူ့ရဲ့ဒီတစ်ပတ်ခန့်မှန်းချက်တွေကို လေ့လာကြည့်ရအောင်လား…..

PC ; Internet

ချဲလ်ဆီး – ပဲလေ့စ်
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက အိမ်ကွင်းပွဲစဉ်မှာ လက်စတာရဲ့ကောင်းမွန်တဲ့ခြေစွမ်းကို ပဲလေ့စ်မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လင်းယုန်တွေဟာ ရှုံးနိမ့်ပေမယ့် ကစားပုံကောင်းခဲ့တယ်လို့ ကျွန်တော် အမှန်တကယ်တွေးမိပါတယ်။ ဒီပွဲမှာလည်း လိဂ် ၆ပွဲဆက်အနိုင်ရဖို့မျှော်လင့်နေတဲ့ချဲလ်ဆီးကို သူတို့ သိက္ခာရှိစွာစမ်းသပ်လိမ့်ဦးမယ်။ အပြာရောင်တွေကတော့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အေဂျက်ဇ်နဲ့ ၄-၄ ဂိုးဆိုတဲ့ အနေကျပ်တဲ့ရလဒ်မျိုးပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ၄-၁ ဂိုးနဲ့ရှုံးနေရာကနေပြန်လာနိုင်တာဟာ သူတို့အတွက် အပေါင်းလက္ခဏာတွေ အများကြီးရှိစေတယ်။ ရာသီမစခင်တုန်းက လမ်းပတ်ရဲ့အသင်းဟာ တိုက်စစ်မှာရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော်တွေးခဲ့ပေမယ့် လုံးဝကိုခြားနားနေတယ်။သူတို့ဟာ နေရာတိုင်းက ဂိုးတွေရနေတယ်။လမ်းပတ်က ၂၀၁၈ နွေကမှ နည်းပြစဖြစ်တာ၊ ရွိုင်းဟော့ဆန်က ၄၃နှစ်ရှိနေပြီ။ဒါပေမဲ့ ဟော့ဆန်ရဲ့အတွေ့အကြုံဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နိုင်ပွဲရဖို့ ကူညီနိုင်လိမ့်မယ်လို့တော့ ကျွန်တော်မထင်ဘူး။


လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂- ၀ )

PC ; Internet

စပါး – ရှက်ဖီး
ရှက်ဖီးဟာ ကျွန်တော့်ကို ဆက်ပြီးအံ့အားသင့်စေနိုင်တုန်းပါပဲ။ဒါပေမဲ့ ဒီနေရာမှာတော့ စပါးရဲ့နိုင်ပွဲအတွက် ကျွန်တော်သွားမှာပါ။အဲဒီအတွက် အနည်းငယ်မနှစ်မြို့မိရုံလောက်ပါပဲ။ဘာကြောင့်လဲဆိုတော့ ရှက်ဖီးဟာ ကစားပုံကောင်းနေသလို အိမ်ကွင်း အဝေးကွင်းမရွေးဘဲ ၄ပွဲဆက်မရှုံးခဲ့လို့ပါပဲ။ဒါပေမဲ့ အဲဒီမှတ်တမ်းဟာ တစ်နေရာရာမှာ ရပ်တန့်ရပါလိမ့်မယ်။အဲဒါက ပုံမှန်ခြေစွမ်းပြန်ရနေတဲ့ စပါးကွင်းမှာဖြစ်ဖို့များပါတယ်။

PC ; Internet

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂-၀ )

PC ; Internet

လက်စတာ – အာဆင်နယ်
အာဆင်နယ်ဟာ သရေအမှတ်အသားကိုလေလံအောင်ထားသလို ပြိုင်ပွဲစုံနောက်ဆုံး ၄ပွဲဆက် သရေကျခဲ့တယ်။ ဒါကို ကာကွယ်နိုင်စွမ်းလည်း သူတို့မှာ မတွေ့ရသေးဘူး။ အဲဒီအနေအထားကို အခွင့်အရေးယူဖို့ လက်စတာမှာ လုံလောက်တဲ့ကောင်းမွန်မှုမျိုးရှိနေတယ်။မြေခွေးတွေဟာ အသင်းကောင်းတစ်သင်းအဖြစ် စတင်နေကြပါပြီ။

PC ; Internet

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂-၁ )

PC ; Internet

မန်ယူ – ဘရိုက်တန်
လက်ရှိမန်ယူကိုကြည့်ရတာ သူတို့ရဲ့ပြသနာအချို့ကို မောင်းထုတ်နိုင်ခဲ့ပုံပါပဲ။ဘုန်းမောက်နဲ့ပွဲတုန်းကလို နိမ့်ကျတဲ့ခြေစွမ်းမျိုးကို ပြောင်းလဲနိုင်ခဲ့တယ်။ဒီနေရာမှာ နောက်ထပ် တောင်ပိုင်းပင်လယ်က မ်းခြေကလပ် တစ်သင်းကို သူတို့ဧည့်ခံရဦးမယ်။ဘရိုက်တန်ဟာ နှစ်လိုစရာကစားဟန်အချို့ပိုင်ဆိုင်ထားသလို ရလဒ်တွေ လည်းကောင်းဦးမှာပါ။ ဒါပေမဲ့ အခုကစားရမှာက မန်ယူရဲ့အိုးလ်ထရက်ဖို့ဒ်ဖြစ်နေပါတယ်။ဒီအချိန်မှာ ခြေချော်တာမျိုး သရဲနီတွေလက်ခံမှာမဟုတ်ပါဘူး။

PC ; Internet

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂-၀ )

PC ; Internet

လီဗာပူး – မန်စီးတီး
လီဗာပူးဟာ ဒီရာသီမှာ ဗိုလ်စွဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ဒါကိုလည်း ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်မှာ သူတို့သက်သေပြခဲ့ပြီးပြီ။တကယ်လို့ တစ်စုံတစ်ယောက်က သူတို့ကို ပြသနာပေးလာခဲ့ရင်လည်း ဘယ်လိုဖြေရှင်း ရမယ်ဆိုတာ သိနေကြတယ်။ပြီးတော့ စီးတီးဟာ မနှစ်ကလို တူညီတဲ့မြင့်မားမှုမျိုးရှိနေတယ်လို့ ကျွန်တော် မထင်ဘူး။ ဒဏ်ရာပြသနာက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပေမယ့် သူတို့နဲ့ပတ်သက်ပြီး အရင်လိုခံစားလို့မရဘူး ဖြစ်နေတယ်။လီဗာပူးက ပိုပြီးတောင့်တင်းလာတဲ့အနေအထားဖြစ်နေပေမယ့် မန်စီးတီးကတော့ သိပ်ကိုသေးငယ်တဲ့ အက်ကြောင်းလေးတွေ စတင်နေတယ်။နောက်ဆံုံးအကြိမ် အန်ဖီးလ်ကိုသူတို့ အလည်လာတုန်းက လီဗာပူးကို ဂိုးမရှိသရေကစားပြီး ကောင်းမွန်တဲ့စွမ်းဆောင်မှုမျိုးလုပ်နိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မလွယ်ဘူးလို့ ကျွန်တော်ထင်တယ်။ဒီပွဲနိုင်ရင် လီဗာပူးဟာ အမှတ်ပေးဇယားကို ၉မှတ်အသာနဲ့ လွတ်လွတ်ကျွတ် ကျွတ်ဦးဆောင်နိုင်တော့မယ်။ ဒါဟာ ဘာဖြစ်လာနိုင်လဲဆိုတဲ့ ကျွန်တော့်ရဲ့အတွေးအတွက်အဖြေပါပဲ။

PC ; Internet

လော်ရိုရဲ့ခန့်မှန်းရလဒ် ( ၂-၀ )

PC ; Internet

အခြားပွဲခန့်မှန်းရလဒ်များ
ဘန်လေ – ဝက်စ်ဟမ်း ( ၂-၀ )
နယူးကာဆယ် – ဘုန်းမောက် ( ဝ-၂ )
ဆောက်သမ်တန် – အဲဗာတန် ( ၁-၁ )
ဝုဗ် – ဗီလာ ( ၂-၀ )

(zawgyi)

ဒီတစ္ပတ္ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္-၁၂ ဟာ လီဗာပူးနဲ႔မန္စီးတီး ထိပ္တိုက္ေတြ႔ဆံုမႈနဲ႔အတူ စိတ္၀င္စားစရာေကာင္းေနပါတယ္။အမွတ္ေပးဇယားထိပ္မွာဦးေဆာင္ေနတဲ့ ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္း ေအာင္ပြဲခံသြားမလား၊ လက္ရွိခ်န္ပီယံမန္စီးတီးကပဲ အႏိုင္ရသြားမလားဆိုတာ တနဂၤေႏြညေဘာလံုးရပ္၀န္းရဲ႕ဆံုမွတ္ျဖစ္ေနပါတယ္။“ လြန္ခဲ့တဲ့ တစ္ရာသီေလာက္က မန္စီးတီးရဲ႕ရံႈးပြဲမရွိမွတ္တမ္းကို အန္ဖီးလ္မွာ ၄-၃ ဂိုးနဲ႔ လီဗာပူးရပ္တန္႔ခဲ့တာကို ကၽြန္ေတာ္အမွတ္ရမိပါတယ္။ဒီတစ္ႀကိမ္မွာလည္း အဲဒီလိုလုပ္ျပဖို႔ လီဗာပူးႀကိဳးစားလိမ့္မယ္ထင္ပါတယ္။အထူးသျဖင့္ အန္ဖီးလ္မွာကစားရမယ့္ပြဲ ျဖစ္ေနလို႔ပါ ” လို႔ BBC ၀ါရင့္ေဘာလံုးကၽြမ္းက်င္သူ ေလာ္ရိုကဆိုပါတယ္။သူ႔ရဲ႕ဒီတစ္ပတ္ခန္႔မွန္းခ်က္ေတြကို ေလ့လာၾကည့္ရေအာင္လား…..
ခ်ဲလ္ဆီး – ပဲေလ့စ္
ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက အိမ္ကြင္းပြဲစဥ္မွာ လက္စတာရဲ႕ေကာင္းမြန္တဲ့ေျခစြမ္းကို ပဲေလ့စ္မယွဥ္ႏိုင္ခဲ့ပါဘူး။ဒါေပမဲ့ လင္းယုန္ေတြဟာ ရံႈးနိမ့္ေပမယ့္ ကစားပံုေကာင္းခဲ့တယ္လို႔ ကၽြန္ေတာ္ အမွန္တကယ္ေတြးမိပါတယ္။ဒီပြဲမွာလည္း လိဂ္ ၆ပြဲဆက္အႏိုင္ရဖို႔ေမွ်ာ္လင့္ေနတဲ့ခ်ဲလ္ဆီးကို သူတို႔ သိကၡာရွိစြာစမ္းသပ္လိမ့္ဦးမယ္။အျပာေရာင္ေတြကေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေအဂ်က္ဇ္နဲ႔ ၄-၄ ဂိုးဆိုတဲ့ အေနက်ပ္တဲ့ရလဒ္မ်ိဳးပိုင္ဆိုင္ခဲ့တယ္။ဒါေပမဲ့ ၄-၁ ဂိုးနဲ႔ရံႈးေနရာကေနျပန္လာႏိုင္တာဟာ သူတို႔အတြက္ အေပါင္းလကၡဏာေတြအမ်ားႀကီးရွိေစတယ္။ရာသီမစခင္တုန္းက လမ္းပတ္ရဲ႕အသင္းဟာ တိုက္စစ္မွာရုန္းကန္ရလိမ့္မယ္လို႔ ကၽြန္ေတာ္ေတြးခဲ့ေပမယ့္ လံုး၀ကိုျခားနားေနတယ္။သူတို႔ဟာ ေနရာတိုင္းက ဂိုးေတြရေနတယ္။လမ္းပတ္က ၂၀၁၈ ေႏြကမွ နည္းျပစျဖစ္တာ၊ရြိဳင္းေဟာ့ဆန္က ၄၃ႏွစ္ရွိေနၿပီ။ဒါေပမဲ့ ေဟာ့ဆန္ရဲ႕အေတြ႔အႀကံဳဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ႏိုင္ပြဲရဖို႔ ကူညီႏိုင္လိမ့္မယ္လို႔ေတာ့ ကၽြန္ေတာ္မထင္ဘူး။
ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂- ၀ )
စပါး – ရွက္ဖီး
ရွက္ဖီးဟာ ကၽြန္ေတာ့္ကို ဆက္ၿပီးအံ့အားသင့္ေစႏိုင္တုန္းပါပဲ။ဒါေပမဲ့ ဒီေနရာမွာေတာ့ စပါးရဲ႕ႏိုင္ပြဲအတြက္ ကၽြန္ေတာ္သြားမွာပါ။အဲဒီအတြက္ အနည္းငယ္မႏွစ္ၿမိဳ႔မိရံုေလာက္ပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ ရွက္ဖီးဟာ ကစားပံုေကာင္းေနသလို အိမ္ကြင္း အေ၀းကြင္းမေရြးဘဲ ၄ပြဲဆက္မရံႈးခဲ့လို႔ပါပဲ။ဒါေပမဲ့ အဲဒီမွတ္တမ္းဟာ တစ္ေနရာရာမွာ ရပ္တန္႔ရပါလိမ့္မယ္။အဲဒါက ပံုမွန္ေျခစြမ္းျပန္ရေနတဲ့ စပါးကြင္းမွာျဖစ္ဖို႔မ်ားပါတယ္။
ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂-၀ )
လက္စတာ – အာဆင္နယ္
အာဆင္နယ္ဟာ သေရအမွတ္အသားကိုေလလံေအာင္ထားသလို ၿပိဳင္ပြဲစံုေနာက္ဆံုး ၄ပြဲဆက္ သေရက်ခဲ့တယ္။ဒါကို ကာကြယ္ႏိုင္စြမ္းလည္း သူတို႔မွာ မေတြ႔ရေသးဘူး။အဲဒီအေနအထားကို အခြင့္အေရးယူဖို႔ လက္စတာမွာ လံုေလာက္တဲ့ေကာင္းမြန္မႈမ်ိဳးရွိေနတယ္။ေျမေခြးေတြဟာ အသင္းေကာင္းတစ္သင္းအျဖစ္ စတင္ေနၾကပါၿပီ။
ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂-၁ )
မန္ယူ – ဘရိုက္တန္
လက္ရွိမန္ယူကိုၾကည့္ရတာ သူတို႔ရဲ႕ျပသနာအခ်ို႔ကို ေမာင္းထုတ္ႏိုင္ခဲ့ပံုပါပဲ။ဘုန္းေမာက္နဲ႔ပြဲတုန္းကလို နိမ့္က်တဲ့ေျခစြမ္းမ်ိဳးကို ေျပာင္းလဲႏိုင္ခဲ့တယ္။ဒီေနရာမွာ ေနာက္ထပ္ ေတာင္ပိုင္းပင္လယ္ကမ္းေျခကလပ္တစ္သင္းကို သူတို႔ဧည့္ခံရဦးမယ္။ဘရိုက္တန္ဟာ ႏွစ္လိုစရာကစားဟန္အခ်ို႔ပိုင္ဆိုင္ထားသလို ရလဒ္ေတြလည္းေကာင္းဦးမွာပါ။ဒါေပမဲ့ အခုကစားရမွာက မန္ယူရဲ႕အိုးလ္ထရက္ဖို႔ဒ္ျဖစ္ေနပါတယ္။ဒီအခ်ိန္မွာ ေျခေခ်ာ္တာမ်ိဳး သရဲနီေတြလက္ခံမွာမဟုတ္ပါဘူး။
ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂-၀ )
လီဗာပူး – မန္စီးတီး
လီဗာပူးဟာ ဒီရာသီမွာ ဗိုလ္စြဲလိမ့္မယ္လို႔ ကၽြန္ေတာ္ထင္တယ္။ဒါကိုလည္း ၿပီးခဲ့တဲ့သီတင္းပတ္အနည္းငယ္မွာ သူတို႔သက္ေသျပခဲ့ၿပီးၿပီ။တကယ္လို႔ တစ္စံုတစ္ေယာက္က သူတို႔ကို ျပသနာေပးလာခဲ့ရင္လည္း ဘယ္လိုေျဖရွင္းရမယ္ဆိုတာ သိေနၾကတယ္။ၿပီးေတာ့ စီးတီးဟာ မႏွစ္ကလို တူညီတဲ့ျမင့္မားမႈမ်ိဳးရွိေနတယ္လို႔ ကၽြန္ေတာ္မထင္ဘူး။ဒဏ္ရာျပသနာက အစိတ္အပိုင္းတစ္ရပ္ျဖစ္ေပမယ့္ သူတို႔နဲ႔ပတ္သက္ၿပီး အရင္လိုခံစားလို႔မရဘူးျဖစ္ေနတယ္။လီဗာပူးက ပိုၿပီးေတာင့္တင္းလာတဲ့အေနအထားျဖစ္ေနေပမယ့္ မန္စီးတီးကေတာ့ သိပ္ကိုေသးငယ္တဲ့အက္ေၾကာင္းေလးေတြ စတင္ေနတယ္။ေနာက္ဆံံုးအႀကိမ္ အန္ဖီးလ္ကိုသူတို႔ အလည္လာတုန္းက လီဗာပူးကို ဂိုးမရွ္ိသေရကစားၿပီး ေကာင္းမြန္တဲ့စြမ္းေဆာင္မႈမ်ိဳးလုပ္ႏိုင္ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ မလြယ္ဘူးလို႔ ကၽြန္ေတာ္ထင္တယ္။ဒီပြဲႏိုင္ရင္ လီဗာပူးဟာ အမွတ္ေပးဇယားကို ၉မွတ္အသာနဲ႔လြတ္လြတ္ကၽြတ္ကၽြတ္ဦးေဆာင္ႏိုင္ေတာ့မယ္။ဒါဟာ ဘာျဖစ္လာႏိုင္လဲဆိုတဲ့ ကၽြန္ေတာ့္ရဲ႕အေတြးအတြက္အေျဖပါပဲ။
ေလာ္ရိုရဲ႕ခန္႔မွန္းရလဒ္ ( ၂-၀ )
အျခားပြဲခန္႔မွန္းရလဒ္မ်ား, ဘန္ေလ – ၀က္စ္ဟမ္း ( ၂-၀ ), နယူးကာဆယ္ – ဘုန္းေမာက္ ( ၀-၂ ), ေဆာက္သမ္တန္ – အဲဗာတန္ ( ၁-၁ ), ၀ုဗ္ – ဗီလာ ( ၂-၀ )