
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
၂၀၂၁ ခုနှစ်အတွက် Kopa Trophy ဆု ဆန်ခါတင်(၁၀)ဦးစာရင်းမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဘယ်လင်ဂမ်နဲ့ ဂရင်းဝုဒ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။
Kopa Trophy ဆိုတာက ပြင်သစ်ဂန္ထဝင်ကစားသမားရေမွန်ကိုပါကို ဂုဏ်ပြုတဲ့အနေနဲ့ နာမည်ကျော်ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီးတော့ အသက်(၂၁)နှစ်နဲ့အောက်လူငယ်ကစားသမားတွေထဲက ခြေစွမ်းပြနိုင်တဲ့သူကို Ballon d’Or ဆုရရှိခဲ့တဲ့ကစားသမားဟောင်းတွေက မဲပေးရွေးချယ်တာဖြစ်ပြီး
လူသိများတဲ့ တခြားလူငယ်အကောင်းဆုံးဆုတစ်ခုဖြစ်တဲ့ Golden Boy ဆုနဲ့မတူတာက Kopa Trophy ဆုအတွက် ဥရောပပြင်ပမှာကစားနေတဲ့လူငယ်တွေကိုပါ ထည့်သွင်းရွေးချယ်တာဖြစ်ပါတယ်။
ဒီနှစ်အတွက် ဆန်ခါတင်စာရင်းမှာတော့ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နဲ့အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကစားခဲ့တဲ့ ဆာကာ၊ ဒေ့ါမွန်အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်လူဘင်လင်ဂမ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှာခြေစွမ်းပြနိုင်ခဲ့တဲ့
ဂရင်းဝုဒ်အပြင် စပိန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာစီလိုနာလူငယ်ကွင်းလယ်လူပတ်ဒရီတို့လည်းပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လင်ဂမ်ရဲ့ဒေါ့မွန်အသင်းဖော် ဂျီယိုဗန်နီရေနာ၊ ရန်းစ်အသင်းက ဘယ်လ်ဂျီယံလူငယ်တိုက်စစ်မှူးဒိုကူ၊ အေဂျက်စ်ကွင်းလယ်လူ ဂရာဘန်ဘာ့ချ်၊ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားမူစီယာလာ၊
လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမားဖလော်ရီယန်ဝ့ါဇ်၊ နွေရာသီကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ PSG အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီလူငယ်နောက်ခံလူနူနိုမန်ဒက်စ်တို့လည်း အခုအကောင်းဆုံးဆုအတွက်ဆန်ခါတင်(၁၀)ဦးထဲမှာ ပါဝင်ခဲ့ကြပါတယ်။
Kopa Trophy ဆုရရှိတဲ့သူကို လာမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ တစ်ပါတည်းကြေညာသွားမှာဖြစ်သလို ဒီဆုကို ၂၀၁၈ ခုနှစ်မှာ PSG အသငး်ရဲ့ပြင်သစ်နာမည်ကျော်လူငယ်တိုက်စစ်ကစားသမားဘာပေ၊
၂၀၁၉ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းက နယ်သာလန်လူငယ်နောက်ခံလူဒီလိဂ်တို့က ဆွတ်ခူးခဲ့ပြီး မနှစ်တုန်းက ကိုဗစ်ရောဂါကြောင့် ဆုပေးပွဲမကျင်းပခဲ့ပါဘူး။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
Kopa Trophy ဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်းမှာ ဆာကာ၊ ဘယ်လင်ဂမ်နဲ့ ဂရင်းဝုဒ်တို့ရွေးချယ်ခံရ
ဒီနှစ်အတွက် ဆန်ခါတင်စာရင်းမှာတော့ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နဲ့အင်္ဂလန်အသင်းအတွက်ခြေစွမ်းပြကစားခဲ့တဲ့ ဆာကာ၊ ဒေါ့မွန်အသင်းရဲ့အင်္ဂလန်လူငယ်ကွင်းလယ်လူဘင်လင်ဂမ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှာခြေစွမ်းပြနိုင်ခဲ့တဲ့ ဂရင်းဝုဒ်အပြင် စပိန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာစီလိုနာလူငယ်ကွင်းလယ်လူပတ်ဒရီတို့လည်းပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လင်ဂမ်ရဲ့ဒေါ့မွန်အသင်းဖော် ဂျီယိုဗန်နီရေနာ၊ ရန်းစ်အသင်းက ဘယ်လ်ဂျီယံလူငယ်တိုက်စစ်မှူးဒိုကူ၊ အေဂျက်စ်ကွင်းလယ်လူ ဂရာဘန်ဘာ့ခ်ျ၊ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားမူစီယာလာ၊ လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမားဖလော်ရီယန်ဝ့ါဇ်၊ နွေရာသီကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ PSG အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီလူငယ်နောက်ခံလူနူနိုမန်ဒက်စ်တို့လည်း အခုအကောင်းဆုံးဆုအတွက်ဆန်ခါတင်(၁၀)ဦးထဲမှာ ပါဝင်ခဲ့ကြပါတယ်။
Kopa Trophy ဆုရရှိတဲ့သူကို လာမယ့် Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ တစ်ပါတည်းကြေညာသွားမှာဖြစ်သလို ဒီဆုကို ၂၀၁၈ ခုနှစ်မှာ PSG အသင်းရဲ့ပြင်သစ်နာမည်ကျော်လူငယ်တိုက်စစ်ကစားသမားဘာပေ၊ ၂၀၁၉ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းက နယ်သာလန်လူငယ်နောက်ခံလူဒီလိဂ်တို့က ဆွတ်ခူးခဲ့ပြီး မနှစ်တုန်းက ကိုဗစ်ရောဂါကြောင့် ဆုပေးပွဲမကျင်းပခဲ့ပါဘူး။