
Photo Credit
Photo Credit
ဒီဘ႐ိုင္းဆိုတာ စီးတီးကြင္းလယ္ရဲ႕အင္ဂ်င္တစ္လုံးျဖစ္ၿပီး တိုက္စစ္လမ္းေၾကာင္းစတင္ရာ အသက္ေသြးေၾကာလည္းျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္ ဒီဘ႐ိုင္းဟာ ဒီရာသီမွာ အထူးေျခစြမ္းျပေနၿပီး ယမန္ႏွစ္ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ အေရးပါတဲ့ကစားသမားအျဖစ္ကေန ေလ်ာ့က်ခဲ့ရတာကို ဒီႏွစ္မွာ ျပန္လည္ရယူေနတာျဖစ္ပါတယ္။
Photo Credit
သူဟာ အဲဗာတန္ကို ၁-၃ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာလည္း အေရးပါတဲ့ဦးေဆာင္ဂိုးသြင္းႏုိင္ေအာင္ တိက်တဲ့ျဖတ္တင္ေဘာေပးပို႔ႏိုင္ခဲ့ၿပီး ယခုရာသီပရီးမီးယားလိဂ္ပြဲစဥ္ ၇အၿပီးမွာ ဂိုးဖန္တီးမႈ ၈ႀကိမ္အထိ ျပဳလုပ္ေပးထားပါတယ္။
Photo Credit
ဒီဘ႐ိုင္းဟာ ယမန္ႏွစ္ရာသီက ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ခဲ့သူ ေတာင္ပံကစားသမား ဟာဇက္ ဖန္တီးခဲ့တ့ဲ စုစုေပါင္းအေရအတြက္ (၁၅ႀကိမ္)ရဲ႕ ၅၀ ရာခုိင္ႏႈန္းေက်ာ္ကို ပြဲစဥ္ ၇အၿပီးမွာပဲ ရယူႏုိင္ခဲ့တာျဖစ္ၿပီး လက္ရွိဂိုးဖန္တီးမႈအမ်ားဆုံးစာရင္းမွာ သူ႕ေနာက္ ဒုတိယေနရာရပ္တည္ေနတဲ့ ေနာ၀စ္ခ်္ကြင္းလယ္လူ ဘူယန္ဒီယာနဲ႔ စီးတီးအသင္းေဖာ္ ေဒးဗစ္ေဆးလ္ဗားတုိ႔ထက္ ၂ ဆ ပိုမ်ားေနပါတယ္။
Photo Credit
ဒ့ါအျပင္ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ စီးတီးအတြက္ ဒီဘ႐ိုင္း ပထမဆုံးပဲြထြက္ကစားခဲ့တဲ့ ၂၀၁၅ စက္တင္ဘာလ ၁၂ ရက္ေန႔ေနာက္ပိုင္း ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ ဒီဘ႐ိုင္းကပဲ မက္ဆီကို ၂ႀကိမ္အသာနဲ႔ ေက်ာ္ျဖတ္ကာ ၅၃ ႀကိမ္နဲ႔ ရပ္တည္ေနၿပီး ဒါေတာင္ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံးနီးပါး အနားယူခဲ့ရလုိ႔ပါ။
Photo Credit
ပြဲခ်ိန္ ၂၄ မိနစ္မွာ မာရက္ဇ္ အသာခင္းေပးတာကို ဂုိးေရွ႕မွာ ဂ်ီးဆပ္စ္ရွိေနမွန္း နဂိုကတည္းက သိထားၿပီးျဖစ္တဲ့ ဒီဘ႐ိုင္းက တိက်တဲ့ျဖတ္တင္ေဘာ ဖန္တီးရင္း ဂ်ီးဆပ္စ္အတြက္ လြယ္ကူတဲ့ဂိုးအျဖစ္ ေပးပုိ႔လုိက္ပါတယ္။
Photo Credit ; Reuters
ဒီဘ႐ိုင္းရဲ႕ျဖတ္တင္ေဘာက ဘယ္ေလာက္တိက်လဲဆုိရင္ အရပ္ရွည္တဲ့အဲဗာတန္ေနာက္ခံလူ မုိက္ကယ္ကိန္းလည္း ေခါင္းတုိက္ဖ်က္ထုတ္လုိ႔မရ၊ ဂ်ီးဆပ္စ္အတြက္လည္း အသာေခါင္းတိုက္သြင္းလုိ႔ရတဲ့အေနအထားျဖစ္ခဲ့ပါတယ္။
Photo Credit ; Reuters
စီးတီးဟာ စေနညအေစာဆုံးပြဲမွာ လီဗာပူးအသင္း အႏိုင္ရထားလုိ႔ အဲဗာတန္ကို အႏိုင္ရဖို႔ ပုိမိုလိုအပ္ခဲ့ၿပီး အိမ္ရွင္အသင္းရဲ႕ႀကိဳးစားအားထုတ္မႈကို ေက်ာ္ျဖတ္ကာ ဂိုးျပတ္အႏုိင္ရရွိခဲ့လုိ႔ ပဲြတုိင္းအႏုိင္ရရွိထားတဲ့ လီဗာပူးနဲ႔ ၅မွတ္အကြာ ဒုတိယေနရာမွာ ဆက္လက္ရပ္တည္ႏိုင္ခဲ့ပါတယ္။
Photo Credit ; Getty Images
Unicode
King of Assist အဖြစ် ဒီဘရိုင်းကို ဂုဏ်ပြုလိုက်ပါ…၇ပွဲမှာ ဂိုးဖန်တီးမှု ၈ကြိမ်ပြုလုပ်ပေးထားတဲ့ ဒီဘရိုင်း
ဒီဘရိုင်းဆိုတာ စီးတီးကွင်းလယ်ရဲ့အင်ဂျင်တစ်လုံးဖြစ်ပြီး တိုက်စစ်လမ်းကြောင်းစတင်ရာ အသက်သွေးကြောလည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပြီး ယမန်နှစ်ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အရေးပါတဲ့ကစားသမားအဖြစ်ကနေ လျော့ကျခဲ့ရတာကို ဒီနှစ်မှာ ပြန်လည်ရယူနေတာဖြစ်ပါတယ်။
သူဟာ အဲဗာတန်ကို ၁-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း အရေးပါတဲ့ဦးဆောင်ဂိုးသွင်းနိုင်အောင် တိကျတဲ့ဖြတ်တင်ဘောပေးပို့နိုင်ခဲ့ပြီး ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် ၇အပြီးမှာ ဂိုးဖန်တီးမှု ၈ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
ဒီဘရိုင်းဟာ ယမန်နှစ်ရာသီက ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့သူ တောင်ပံကစားသမား ဟာဇက် ဖန်တီးခဲ့တဲ့ စုစုပေါင်းအရေအတွက် (၁၅ကြိမ်)ရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပွဲစဉ် ၇အပြီးမှာပဲ ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ သူ့နောက် ဒုတိယနေရာရပ်တည်နေတဲ့ နောဝစ်ချ်ကွင်းလယ်လူ ဘူယန်ဒီယာနဲ့ စီးတီးအသင်းဖော် ဒေးဗစ်ဆေးလ်ဗားတို့ထက် ၂ ဆ ပိုများနေပါတယ်။
ဒ့ါအပြင် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ စီးတီးအတွက် ဒီဘရိုင်း ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ၂၀၁၅ စက်တင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဒီဘရိုင်းကပဲ မက်ဆီကို ၂ကြိမ်အသာနဲ့ ကျော်ဖြတ်ကာ ၅၃ ကြိမ်နဲ့ ရပ်တည်နေပြီး ဒါတောင် ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံးနီးပါး အနားယူခဲ့ရလို့ပါ။
ပွဲချိန် ၂၄ မိနစ်မှာ မာရက်ဇ် အသာခင်းပေးတာကို ဂိုးရှေ့မှာ ဂျီးဆပ်စ်ရှိနေမှန်း နဂိုကတည်းက သိထားပြီးဖြစ်တဲ့ ဒီဘရိုင်းက တိကျတဲ့ဖြတ်တင်ဘော ဖန်တီးရင်း ဂျီးဆပ်စ်အတွက် လွယ်ကူတဲ့ဂိုးအဖြစ် ပေးပို့လိုက်ပါတယ်။
ဒီဘရိုင်းရဲ့ဖြတ်တင်ဘောက ဘယ်လောက်တိကျလဲဆိုရင် အရပ်ရှည်တဲ့အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းလည်း ခေါင်းတိုက်ဖျက်ထုတ်လို့မရ၊ ဂျီးဆပ်စ်အတွက်လည်း အသာခေါင်းတိုက်သွင်းလို့ရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။
စီးတီးဟာ စနေညအစောဆုံးပွဲမှာ လီဗာပူးအသင်း အနိုင်ရထားလို့ အဲဗာတန်ကို အနိုင်ရဖို့ ပိုမိုလိုအပ်ခဲ့ပြီး အိမ်ရှင်အသင်းရဲ့ကြိုးစားအားထုတ်မှုကို ကျော်ဖြတ်ကာ ဂိုးပြတ်အနိုင်ရရှိခဲ့လို့ ပွဲတိုင်းအနိုင်ရရှိထားတဲ့ လီဗာပူးနဲ့ ၅မှတ်အကွာ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။